Germany

ဂျာမနီနိုင်ငံရှိ ပန်းသီးစိုက်ပျိုးထွက်ရှိမှု

Last Updated:

ဂျာမနီနိုင်ငံတွင် ပန်းသီးစိုက်ပျိုးထွက်ရှိမှုမှာ ယခုနှစ်တွင် ယခင်နှစ်များထက် အထွက်နှုန်းကောင်းမွန်နိုင်ပြီး ခန့်မှန်းခြေအားဖြင့် တန်ချိန် (၁၀၅၁၀၀၀) ခန့်ထွက်ရှိနိုင်ရန် မျှော်လင့်ထားကြပါသည်။ Federal Statistical Office က ပန်းသီးအထွက်နှုန်းသည် ယခင်နှစ်ကထက် တန်ချိန် (၄၆၀၀၀) သို့မဟုတ် ၄.၆ ရာခိုင်နှုန်း ပိုမိုထွက်ရှိနိုင်ကြောင်း၊ ထုတ်ပြန်ခဲ့ပါသည်။ ယခုနှစ်တွင် အပင်များတွင်အသီးပိုမိုများပြားပြီး ရာသီဥတုကောင်းမွန်ခြင်းရှိကာ အပင်ပိုးမွှားရောဂါကျရောက်ခြင်းများလည်း နည်းပါးကြောင်း စိုက်ပျိုးသူများက ပြောဆိုကြပါသည်။ အခြား ဆီးသီးနှင့် မက်မန်းသီးများမှာ ယခုနှစ် တွင် တန်ချိန် (၄၂၀၀၀) ထွက်ရှိရန် မျှော်မှန်းထားပြီး ယခင်နှစ်ကထက် ၆.၄ ရာခိုင်နှုန်း ပိုမိုတိုးတက်ရရှိမည်ဖြစ်ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဘာလင်မြို့)

Source: https://www.destatis.de/EN/Home/_node.html

 

Category: Germany