Germany

ဂျာမနီနှင့် စပိန်နိုင်ငံတို့အကြား စွမ်းအင်ကဏ္ဍဆိုင်ရာ ဆွေးနွေး

Last Updated:

ဂျာမနီနိုင်ငံဝန်ကြီးချုပ် Mr. Olaf Scholz နှင့် စပိန်နိုင်ငံ ဝန်ကြီးချုပ် Mr. Pedro Sanchez တို့သည် ၅-၁၀-၂၀၂၂ ရက်နေ့က စပိန်နိုင်ငံတွင်တွေ့ဆုံ၍ ဓါတ်ငွေ့ပိုက် လိုင်းစီမံကိန်းတစ်ခုကို စတင်နိုင်ရန် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြပါသည်။ အဆိုပါပိုက်လိုင်းကို ပြင်သစ်နိုင်ငံ Pyrenees တောင်တန်းဒေသအနီးဖြတ်သန်း၍ ဆောင်ရွက် ရန်လိုအပ်ပြီး ၂၀၂၅ ခုနှစ်တွင် စတင်လည်ပတ်နိုင်ရန်ဖြစ်ကြောင်း၊ ဒေသတွင်း စွမ်းအင်ဈေးကွက်ခိုင်မာမှုကို ရရှိနိုင်ပြီး အီးယူ၏ အစိမ်းရောင်စွမ်းအင်ကဏ္ဍကူးပြောင်း ရေး မဟာဗျူဟာများကို တိုးမြှင့်ပေးနိုင်မည်ဖြစ်ကြောင်း နှစ်နိုင်ငံပူးတွဲကြေငြာချက် ထုတ်ပြန်ခဲ့ပါသည်။ Mr. Olaf Scholz နှင့်အတူ ဂျာမန်နိုင်ငံခြားရေးဝန်ကြီး Ms. Annalena Baerbock ၊ စီးပွားရေးရာဝန်ကြီး Mr. Robert Habeck နှင့် ဘဏ္ဍာရေးဝန်ကြီး Mr. Christian Lindner တို့လည်း လိုက်ပါခဲ့ကြပါသည်။

အဆိုပါ ဆွေးနွေးသဘောတူညီမှုများအပေါ် ပြင်သစ်နိုင်ငံအစိုးရအနေဖြင့် Pyrenees တောင်တန်းဒေသရှိ MidCat ဓါတ်ငွေ့ပိုက်လိုင်းစီမံကိန်းသည် ယခင် ၂၀၁၃ ခုနှစ် တွင် စတင်ခဲ့ပြီး ၂၀၁၉ ခုနှစ် နှစ်လယ်ပိုင်းတွင် ပတ်ဝန်းကျင်ဆိုင်ရာ အရေးကိစ္စများနှင့် ဘဏ္ဍာရေးပိုင်းဆိုင်ရာ အကျိုးအမြတ်နည်းပါးမှုတို့ကြောင့် ရပ်နားခြင်းရှိခဲ့ခြင်း ကြောင့် ပြန်လည်စတင်ရန် စိတ်အားထက်သန်မှုမရှိကြောင်း ပြောကြားမှုရှိလာပါသည်။

ဂျာမနီနှင့် စပိန်နိုင်ငံအနေဖြင့်မူ အဆိုပါပိုက်လိုင်းစီမံကိန်း ပြန်လည်စတင်နိုင်ခြင်းဖြင့် အီးယူဒေသ စွမ်းအင်အကြပ်အတည်းကို ဖြေရှင်းနိုင်ပြီး သဘာဝဓါတ်ငွေ့အပြင် ပြန်လည်ပြည့်ဖြိုးမြဲဓါတ်ငွေ့များကိုလည်း ထုတ်လုပ်ရန် စီစဉ်ဆောင်ရွက်နိုင်ပြီး အနာဂတ်စွမ်းအင်ကဏ္ဍ ရည်မှန်းချက်များကိုလည်း ရောက်ရှိစေနိုင်မည်ဖြစ်ကြောင်း မျှော်လင့်ချက်ထားရှိကြပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဘာလင်မြို့)

Source:https://www.dw.com/en/germany-spain-summit-pyrenees-pipeline-project-is-of-paramount-importance/a-63345785

 

Category: Germany