Singapore

စင်ကာပူနိုင်ငံတွင် ဖြစ်ပေါ်နေသော စက်သုံးဆီလက်လီစျေးနှုန်းများမြင့်တက်လာမှုအပေါ် စင်ကာပူယှဉ်ပြိုင်မှုနှင့်စားသုံးသူရေးရာကော်မရှင်မှ အနီးကပ်စောင့်ကြည့်လျှက်ရှိခြင်း

Last Updated:

ယူကရိန်း- ရုရှားပဋိပက္ခကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းမြင့်တက်လာချိန်တွင် စင်ကာပူနိုင်ငံရှိ စက်သုံးဆီရောင်းချသော ကုမ္ပဏီများ အကြား ယှဉ်ပြိုင်မှုကိုဆန့်ကျင်သည့် ဆောင်ရွက်ချက်များ မပြုလုပ်စေရန် စင်ကာပူယှဉ်ပြိုင်မှုနှင့် စားသုံးသူရေးရာကော်မရှင် (Competition and Consumer Commission of Singapore- CCCS) က စက်သုံးဆီလက်လီစျေးနှုန်းများအပေါ် အနီးကပ် စောင့်ကြည့်နေပါကြောင်း ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး () Tan See Leng ပြောကြားချက်အရ သိရှိရပါသည်။

ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် ရုရှားက ယူကရိန်းကို ကျူးကျော်ပြီး နောက်တစ်ရက်အကြာတွင် စက်သုံးဆီကုမ္ပဏီများက စျေးနှုန်း တိုးမြှင့်ရောင်းချခဲ့ကြခြင်းသည် အကျိုးအကြောင်းဆီလျော်မှုရှိ/ မရှိ၊ စက်သုံးဆီကုမ္ပဏီများသည် လက်ရှိဖြစ်ပေါ်နေသော အခြေ အနေမှ အမြတ်ထုတ်နေမှုရှိ/ မရှိ သေချာစေရန် ဝန်ကြီးဌာနအနေဖြင့် မည်သို့ဆောင်ရွက်လျက်ရှိသည်ကို သိရှိလိုကြောင်း စင်ကာပူ ပါလီမန်တွင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက မေးမြန်းခဲ့ပါသည်။ အဆိုပါ မေးခွန်းအပေါ် စက်သုံးဆီရောင်းချမည့်စျေးနှုန်းများကို ကုမ္ပဏီများအကြား ညှိနှိုင်းတိုးမြှင့်သတ်မှတ်ခြင်းကဲ့သို့သော စီးပွားရေးလုပ်ငန်းပြိုင်ဆိုင်မှုကို ဆန့်ကျင်သည့် ဆောင်ရွက်ချက်များ ပြုလုပ်နေသည်ဟု အထောက်အထားများရရှိလျှင် CCCS မှ စုံစမ်းစစ်ဆေး၍ ယှဉ်ပြိုင်မှုအက်ဥပဒေအရ အရေးယူဆောင်ရွက်သွား မည်ဖြစ်ကြောင်း ဝန်ကြီး Tan See Leng က မတ်လ (၁၀) ရက်နေ့ တွင် ပြန်လည်ဖြေကြားခဲ့ပါသည်။

ရုရှား- ယူကရိန်း စစ်ပွဲမဖြစ်ပွားမီကပင် နှစ်ဖက်တင်းမာမှုမြင့်တက်ခဲ့သည့်အတွက် ၂၀၂၂ ခုနှစ် နှစ်ဦးပိုင်းမှစ၍ ကမ္ဘာ့ရေနံဈေးနှုန်းနှင့် ပြည်တွင်းစက်သုံးဆီပန့်ဈေးနှုန်းများမှာ မြင့်တက်လာခဲ့ကြောင်း၊ လက်ရှိ ဓာတ်ဆီနှင့် ဒီဇယ်ဈေးနှုန်းများ မြင့်တက်လာနေခြင်းသည် ပြီးခဲ့တဲ့လများအတွင်း ရေနံစိမ်းဈေးနှုန်းမြင့်တက်လာခဲ့သည်ကို ထင်ဟပ်နေပါကြောင်း၊ စက်သုံးဆီသုံးစွဲသူများအနေဖြင့် လက်လီပန့် ဈေးနှုန်းများကို နှိုင်းယှဉ်နိုင်သည့် စင်ကာပူစားသုံးသူများအသင်းမှ လွှင့်တင်ထားသော လက်လီစက်သုံးဆီစျေးနှုန်းများကို နှိုင်းယှဉ် သောဝက်ဘ်ဆိုက် "Fuel Kaki" အား ကိုးကားအသုံးပြုနိုင်ကြောင်း ဝန်ကြီးက အကြံပြုပြောကြားခဲ့ပါသည်။ စင်ကာပူတွင် ကားအမျိုး အစားအများစု အသုံးပြုနိုင်သည့် 92-octane ဓာတ်ဆီဈေးနှုန်းများမှာ တစ်လီတာလျှင် စင်ကာပူဒေါ်လာ ဒေါ်လာအထက်သို့ မြင့် တက်လာခဲ့ခြင်းဖြစ်ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ စင်ကာပူမြို့)

သတင်းရင်းမြစ်          The Straits Times

Category: Singapore