Singapore

စင်ကာပူနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းသည် ၂၀၂၂ ခုနှစ်တွင် ၄.၅ ရာခိုင်နှုန်းမှ ၅.၅ ရာခိုင်နှုန်းအတွင်း ဖြစ်ပေါ်နိုင်သည်ဟု ခန့်မှန်းထားရှိခြင်း

Last Updated:

စင်ကာပူနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းသည် ၂၀၂၂ ခုနှစ်တွင် ၄.၅ ရာခိုင်နှုန်းမှ ၅.၅ ရာခိုင်နှုန်းအတွင်း ဖြစ်ပေါ်နိုင်သည်ဟု စင်ကာပူငွေကြေးအာဏာ ပိုင်နှင့် ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနတို့က ၂၅-၄-၂၀၂၂ ရက်နေ့တွင် ခန့်မှန်းချက်ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါခန့်မှန်းချက်သည် ယခင်အစော ပိုင်းက ထုတ်ပြန်ခဲ့သော ၂.၅ ရာခိုင်နှုန်းမှ ၃.၅ ရာခိုင်နှုန်းအတွင်း ဖြစ်ပေါ်နိုင်သည်ဟူသော ခန့်မှန်းချက်ထက် တိုးမြှင့်လိုက်ခြင်းဖြစ်ပါသည်။

ရုရှား- ယူကရိန်း ပဋိပက္ခနှင့် ကိုဗစ်-၁၉ ကပ်ရောဂါတို့ကြောင့် ဖြစ်ပေါ်လျက်ရှိသော ကုန်ထုတ်လုပ်ဖြန့်ဖြူးမှုကွင်းဆက် ပြတ်တောက်မှုများသည် နိုင်ငံတကာတွင် ကုန်ဈေးနှုန်း အဆမတန်မြင့်တက်စေခဲ့ကြောင်း၊ ဖြစ်ပေါ်ပြောင်းလဲတိုးတက်နေသော ပထဝီနိုင်ငံရေးအခြေအနေနှင့် ရေနံထုတ်လုပ် တင်ပို့မှုအပိုင်းတွင် မတည်ငြိမ်မှုတို့သည် ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းများ ဆက်လက်မြင့်တက်လာစေမည့် အကြောင်းအရာများဖြစ်ပါကြောင်း ဖော်ပြထား ပါသည်။

စင်ကာပူနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းသည် ၂၀၂၂ ခုနှစ်၊ မတ်လတွင် ၅.၄ ရာခိုင်နှုန်းအထိ စံချိန်တင်မြင့်တက်ခဲ့ခြင်းဖြစ်ပြီး ဖေဖော်ဝါရီလတွင် ဖြစ် ပေါ်ခဲ့သော ၄.၃ ရာခိုင်နှုန်းထက် ပိုမိုထောင်တက်လာခဲ့ခြင်းဖြစ်ပါသည်။ ဤသို့ ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်လာခဲ့ခြင်းမှာ အဓိကအားဖြင့် စက်သုံး ဆီဈေးနှုန်းများ ကြီးမြင့်ခဲ့သည့်အတွက် သယ်ယူပို့ဆောင်ခများ၊ လျှပ်စစ်မီတာခနှင့် အိမ်သုံးဓာတ်ငွေ့ဈေးနှုန်းများ မြင့်တက်ခဲ့ခြင်း၊ စားသောက်ကုန် ဈေးနှုန်းများနှင့် စားသောက်ကုန်ဝန်ဆောင်မှုဈေးနှုန်းများ မြင့်တက်ခဲ့ခြင်းတို့ကြောင့် ဖြစ်ပါကြောင်း သိရှိရပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ စင်ကာပူမြို့)

Source: Ministry of Trade and Industry, Singapore

Category: Singapore