Singapore

စင်ကာပူနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းသည် ၂၀၂၂ ခုနှစ်၊ ပထမ (၃) လပတ်တွင် ၃.၄ ရာခိုင်နှုန်း တိုးတက်မှုဖြစ်ပေါ်ခဲ့ခြင်း

Last Updated:

စင်ကာပူနိုင်ငံ၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနသည် ၎င်း၏ ရှေ့ပြေးခန့်မှန်းစာရင်းများအရ ၂၀၂၂ ခုနှစ်၊ ပထမ (၃) လပတ် (ဇန်နဝါရီလမှ မတ်လအထိ) တွင် စင်ကာပူနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်း (GDP) သည် ၃.၄ ရာခိုင်နှုန်းတိုးတက်မှု ဖြစ်ပေါ်ခဲ့ သည်ဟု ၁၄-၄-၂၀၂၂ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ပါသည်။

၂၀၂၂ ခုနှစ်၊ ပထမ (၃) လပတ်အတွင်း စီးပွားရေးကဏ္ဍအျားအလိုက် တိုးတက်ပြောင်းလဲမှုအခြေအနေများမှာ ကုန်ထုတ်လုပ်မှု လုပ်ငန်းကဏ္ဍတွင် ၆ ရာခိုင်နှုန်း၊ ဆောက်လုပ်ရေးလုပ်ငန်းကဏ္ဍတွင် ၁.၈ ရာခိုင်နှုန်း၊ လက်လီ/ လက်ကားရောင်းဝယ်ရေး၊ သယ်ယူ ပို့ဆောင်ရေးနှင့် သိုလှောင်ထိန်းသိမ်းရေးလုပ်ငန်းကဏ္ဍများတွင် ၃.၂ ရာခိုင်နှုန်း၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး၊ ငွေရေး ကြေးရေးနှင့် အာမခံ၊ အသက်မွေးဝမ်းကြောင်းဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းငဏ္ဍများတွင် ၅.၃ ရာခိုင်နှုန်း၊ တည်းခိုနေထိုင်ရေး၊ အစား အသောက်ဝန်ဆောင်မှု၊ အိမ်ခြံမြေ၊ စီမံခန့်ခွဲရေးနှင့် ထောက်ပံ့ရေးဝန်ဆောင်မှု၊ အခြားဝန်ဆောင်မှုလုပ်ငန်းကဏ္ဍများတွင် ၃ ရာခိုင် နှုန်းတိုးတက်ဖြစ်ပေါ်ခဲ့ပါသည်။

၂၀၂၂ ခုနှစ်၊ ပထမ (၃) လပတ်၏ စီးပွားရေးလုပ်ငန်းကဏ္ဍတစ်ခုချင်းအလိုက် တိုးတက်ပြောင်းလဲမှုနှုန်းများ၊ ငွေကြေးဖောင်းပွမှုနှုန်း နှင့် အလုပ်အကိုင်ရရှိမှုနှုန်းများ ပါဝင်သည့် စာရင်းများကိုမူ လာမည့်မေလတွင် ထုတ်ပြန်ပေးသွားမည်ဖြစ်ပါကြောင်း သိရှိရပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ စင်ကာပူမြို့)

Source: Ministry of Trade & Industry, Singapore

Category: Singapore