Singapore

စင်ကာပူနိုင်ငံ၏ သစ်းသီးဝလံနှင့် ဟင်းသီးဟင်းရွက်တင်သွင်းမှုပမာဏသည် ၂၀၂၁ ခုနှစ်တွင် စင်ကာပူဒေါ်လာ ၂.၄၃၈ ဘီလီယံရှိခြင်း

Last Updated:

စင်ကာပူနိုင်ငံသည် ၂၀၂၁ ခုနှစ်တွင် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်တင်သွင်းမှု စင်ကာပူဒေါ်လာ ၂.၄၃၈ ဘီလီယံပြုလုပ်ခဲ့သဖြင့် ၂၀၂၀ ပြည့်နှစ်တွင် တင်သွင်းခဲ့သော စင်ကာပူဒေါ်လာ ၂.၄၁၇ ဘီလီယံနှင့် ၂၀၁၉ ခုနှစ်တွင် တင်သွင်းခဲ့သော စင်ကာပူဒေါ်လာ ၂.၁၈၇ ဘီလီယံတို့ထက် တင်သွင်းမှု ပမာဏအနည်းငယ်မြင့်တက်ခဲ့ကြောင်း ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန လက်အောက်ရှိ စာရင်းအင်းဦးစီးဌာနမှ ထုတ်ပြန်သော စာရင်းအရ သိရှိရပါသည်။

စင်ကာပူသည် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များကို မလေးရှား၊ တရုတ်၊ ဖိလစ်ပိုင်၊ ဩစတြေးလျ၊ ထိုင်း၊ အင်ဒိုနီးရှားနှင့် တောင်အာဖရိကနိုင်ငံတို့မှ အဓိကတင်သွင်းခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များကို အခြားနိုင်ငံများသို့ ပြန်လည်တင်ပို့မှု(Re-export) သည် ၂၀၂၁ ခုနှစ်တွင် စင်ကာပူဒေါ်လာ ၀.၃၇၆ ဘီလီယံ၊ ၂၀၂၀ ပြည့်နှစ်တွင် စင်ကာပူဒေါ်လာ ၀.၃၆၄ ဘီလီယံနှင့် ၂၀၁၉ ခုနှစ်တွင် စင်ကာပူဒေါ်လာ ၀.၃၃၃ ဘီလီယံရှိကြောင်း ဖော်ပြထားပါသည်။

 

 

 

 

(မြန်မာစီးပွားရေးသံမှူး၊ စင်ကာပူမြို့)

သတင်းအရင်းမြစ်။  ။ Department of Statistics, Singapore Food Agency

Category: Singapore