Singapore

စင်ကာပူနှင့် ပြင်သစ် နှစ်နိုင်ငံအကြား ဒီဂျစ်တယ်နှင့် အစိမ်းရောင်စီးပွားရေး မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်အား လက်မှတ်ရေးထိုးခဲ့ခြင်း

Last Updated:

ပြင်သစ်- စင်ကာပူ ဒီဂျစ်တယ်နှင့် အစိမ်းရောင်စီးပွားရေးမိတ်ဖက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာသဘောတူညီချက် (France- Singapore Digital and Green Partnership- DGP) ကို စင်ကာပူနိုင်ငံဘက်မှ ကုန်သွယ်မှုဆက်ဆံရေး၀န်ကြီး S Iswaran နှင့် ပြင်သစ်နိုင်ငံဘက်မှ  နိုင်ငံခြားကုန်သွယ်မှုနှင့် စီးပွားရေးဆွဲဆောင်မှုဝန်ကြီး Franck Riester တို့က virtual နည်းလမ်းဖြင့် ၁၄-- ၂၀၂၂ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း စင်ကာပူနိုင်ငံ၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရှိရပါသည်။

ဤသဘောတူညီချက်သည် နှစ်နိုင်ငံအကြား ဒီဂျစ်တယ်နှင့် အစိမ်းရောင်စီးပွားရေး (သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်မှုနည်းပါး သော စီးပွားရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်း) ဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်သွားနိုင်မည့် ပလက်ဖောင်းတစ်ခုဖြစ် ပါကြောင်း၊ DGP ဖြင့် ခေတ်မီသော သယ်ယူပို့ဆောင်ရေး၊ ခေတ်မီသောမြို့များ၊ ဆိုက်ဘာလုံခြုံရေး၊ ငွေရေးကြေးရေးဆိုင်ရာ ဆန်း သစ်တီထွင်မှု၊ စိုက်ပျိုးရေးထွက်ကုန်ထုတ်လုပ်မှုနည်းပညာများ၊ ဆေးဘက်ဆိုင်ရာ နည်းပညာများနှင့် ပညာရေးဆိုင်ရာ နည်းပညာ များကဲ့သို့သော ကဏ္ဍအသီးသီးတွင် ပူးပေါင်းဆောင်ရွက်သွားနိုင်မည့် စီမံကိန်းများပါဝင်သည့် လုပ်ငန်းစီမံချက်တစ်ခုကို ဖော်ထုတ် သွားကြမည်ဖြစ်ပါကြောင်း၊ DGP ရည်ရွယ်ချက်မှာ နိုင်ငံ၏ စီးပွားရေးယှဉ်ပြိုင်နိုင်မှုစွမ်းအားကို မြှင့်တင်နိုင်ရန်နှင့် ပြည်သူများ အတွက် ရေရှည်တည်တံ့သော အလုပ်အကိုင်အခွင့်အလမ်းကောင်းများ ဖန်တီးပေးနိုင်ရန်အတွက် ဒီဂျစ်တယ်နှင့် အစိမ်းရောင်နည်း ပညာများကို အသုံးချဆောင်ရွက်သည့် အစိုးရ- ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှုများနှင့် ပုဂ္ဂလိကကဏ္ဍ၏ ဦးဆောင်ဦးရွက်ပြုမှုများကို ပံ့ပိုးပေးနိုင်ရန်ဖြစ်ပါကြောင်း၊ DGP အား အကောင်အထည်ဖော်ဆောင်ရွက်မှုများကို စောင့်ကြည့်ကြီးကြပ်နိုင်စေရန်အတွက် ပြင်သစ် နှင့် စင်ကာပူနိုင်ငံတို့၏ အစိုးရအရာရှိများပါဝင်သော ပူးတွဲလုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းတည်ထောင်သွားမည်ဖြစ်ကြောင်း သတင်းထုတ် ပြန်ချက်တွင် ဖော်ပြထားပါသည်။

ပြင်သစ်- စင်ကာပူ ဒီဂျစ်တယ်နှင့် အစိမ်းရောင်စီးပွားရေး မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်သည် အလျင် အမြန်ဖွံ့ဖြိုးတိုးတက်လာနေသော ဒီဂျစ်တယ်နှင့် အစိမ်းရောင်စီးပွားရေးပိုင်းတို့တွင် စင်ကာပူနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများ အထူး သဖြင့် SMEs များမှ အခွင့်အလမ်းကောင်းများကို ရယူဆုပ်ကိုင်နိုင်စေရေး အထောက်အကူပြုမည့် စင်ကာပူ၏ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုကွန်ရက်တည်ထောင်ရန် မဟာဗျူဟာ၏ အစိတ်အပိုင်းတစ်ခုလည်းဖြစ်ပါကြောင်း Mr Iswaran က ပြောကြားခဲ့ သည်။

စင်ကာပူနှင့် ပြင်သစ်တို့သည် ခိုင်မာသော နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ဆက်ဆံရေးရှိပါကြောင်း၊ ကုန်စည်ကုန်သွယ်မှု အပိုင်း၌ အီးယူနိုင်ငံများအနက် ပြင်သစ်သည် စင်ကာပူ၏ ဒုတိယမြောက်အများဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်သကဲ့သို့ ဝန်ဆောင်မှု ကုန်သွယ်ရေးအပိုင်းတွင် စင်ကာပူ၏ စတုတ္ထမြောက်အများဆုံး မိတ်ဖက်နိုင်ငံလည်းဖြစ်ပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုအပိုင်းတွင် အီးယူ နိုင်ငံများအနက် ပြင်သစ်သည် စင်ကာပူတွင် ပဉ္စမမြောက်အများဆုံး ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံဖြစ်ကြောင်း၊ အလားတူစွာပင် စင်ကာပူသည် အာဆီယံနိုင်ငံများအနက် ပြင်သစ်၏ ထိပ်တန်းကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမိတ်ဖက်နိုင်ငံ ဖြစ်ပါကြောင်း၊ စင်ကာပူ နိုင်ငံတွင် ပြင်သစ်စီးပွားရေးလုပ်ငန်းပေါင်း ၂၅၀၀ ကျော်နှင့် ပြင်သစ်ဖွံ့ဖြိုးစလုပ်ငန်း (startup) ၃၀၀ ကျော်ရှိပြီး၊ စင်ကာပူပညာရေး နှင့် သုတေသနစင်တာများတွင် ပြင်သစ်သုတေသီ ၂၀၀ ကျော် လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ စင်ကာပူမြို့)

သတင်းရင်းမြစ်         Ministry of Trade & Industry, Singapore

Category: Singapore