Singapore

စင်ကာပူနှင့် ဗီယက်နမ် နှစ်နိုင်ငံအကြား စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရန်အတွက် နားလည်မှုစာချွန်လွှာ (MoU) ကို လက်မှတ်ရေးထိုးခဲ့ခြင်း

Last Updated:

စင်ကာပူနှင့် ဗီယက်နမ် နှစ်နိုင်ငံအကြား စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ခိုင်မာအားကောင်းလာစေ ရန်အတွက် စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ (Memorandum of Understanding on Economic and Trade Cooperation) ကို ၂၅--၂၀၂၂ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း စင်ကာပူနိုင်ငံ၊ ကုန်သွယ်ရေး နှင့် စက်မှုဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရှိရပါသည်။

အဆိုပါနားလည်မှုစာချွန်လွှာကို စင်ကာပူနိုင်ငံ၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၏ ဝန်ကြီး () Dr Tan See Leng နှင့် ဗီယက်နမ် နိုင်ငံ၊ စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန၏ ဝန်ကြီး Nguyen Hong Dien တို့က လက်မှတ်ရေးထိုးခဲ့ကြပြီး၊ စင်ကာပူနိုင်ငံသို့ နိုင်ငံတော်အဆင့် ခရီးစဉ်အဖြစ် ရောက်ရှိလာသော ဗီယက်နမ်နိုင်ငံ၏ သမ္မတ Nguyen Xuan Phuc နှင့် စင်ကာပူနိုင်ငံ ဝန်ကြီးချုပ် Lee Hsien Loong တို့မှ အသိသက်သေများအဖြစ် ပါဝင်တက်ရောက်ခဲ့ကြပါသည်။

MoU ဖြင့် စီးပွားရေးလုပ်ငန်းများ၏ ပူးပေါင်းဆောင်ရွက်မှုများကို လွယ်ကူချောမွေ့စေရေး၊ ဒီဂျစ်တယ်စီးပွားရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်သွားနိုင်မည့်ကိစ္စရပ်များအား စူးစမ်းရှာဖွေရေး၊ ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ထုတ်လုပ်ဖြန့်ဖြူရေးကွင်းဆက် ချိတ် ဆက်မှုအပေါ် အထောက်အကူပြုရေး စသည့်လုပ်ငန်းများကို ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း၊ MOU သည် လယ်ယာစိုက်ပျိုး ရေးကဏ္ဍတွင် အကောင်းဆုံးသော အလေ့အကျင့်များ၊ အသိအမှတ်ပြုလက်မှတ်နှင့် စံချိန်စံညွှန်းများဆိုင်ရာ သင်တန်းပေးခြင်း၊ သတင်းအချက်အလက်မျှဝေခြင်းနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများရှာဖွေခြင်းတို့အား ပံ့ပိုးပေးမည်ဖြစ်၍ လယ်ယာ ထွက်ကုန်ပစ္စည်းများ ကုန်သွယ်မှုနှင့်ပတ်သက်၍ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစွာဆောင်ရွက်လာစေနိုင်မည်ဖြစ် ကြောင်း၊ ထို့ပြင် စက်မှုနှင့် စွမ်းအင်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်လုပ်ဆောင်ရန်နှင့် နှစ်နိုင်ငံရှိ SMEs များအကြား ပိုမိုပူးပေါင်းဆောင်ရွက်လာနိုင်စေရန် ရည်ရွယ်ပါကြောင်း၊ နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု စီးဝင်/ စီးထွက်မှုများ ပိုမိုနက်ရှိုင်း လာစေရန် နှစ်ဖက်အကျိုးဖြစ်ထွန်းမည့် စီးပွားရေးနယ်ပယ်များတွင် စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းများကို စူးစမ်းလေ့လာသွား ကြမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ စင်ကာပူမြို့)

သတင်းရင်းမြစ်          Ministry of Trade and Industry, Singapore

Category: Singapore