Singapore

စင်ကာပူနှင့် ဗြိတိန် နှစ်နိုင်ငံအကြား ဒီဂျစ်တယ် စီးပွားရေးသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ခြင်း

Last Updated:

ဗြိတိန်- စင်ကာပူ ဒီဂျစ်တယ်စီးပွားရေးသဘောတူစာချုပ် (UK - Singapore Digital Economy Agreement - UKSDEA) ကို စင်ကာပူနိုင်ငံဘက်မှ ကုန်သွယ်မှုဆက်ဆံရေးဆိုင်ရာ တာဝန်ခံဝန်ကြီး S Iswaran နှင့် ဗြိတိန်နိုင်ငံဘက်မှ နိုင်ငံတကာကုန်သွယ်ရေး ဝန်ကြီး Anne-Marie Trevelyan တို့က ၂၅--၂၀၂၂ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ကြကြောင်း  စင်ကာပူနိုင်ငံ၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရှိရပါသည်။          

အဆိုပါ UKSDEA စာချုပ်ကို ၂၅--၂၀၂၂ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ဗြိတိန်- စင်ကာပူ လွတ်လပ်သောကုန်သွယ်ရေးသဘော တူစာချုပ်ဆိုင်ရာ ပထမအကြိမ် ကုန်သွယ်ရေးကော်မတီအစည်းအဝေးအစီအစဉ်ပြီးနောက် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပါသည်။ UKSDEA သည် စင်ကာပူနိုင်ငံ၏ တတိယမြောက် ဒီဂျစ်တယ်စီးပွားရေးသဘောတူစာချုပ်ဖြစ်ပြီး၊ ယင်းစာချုပ်တွင် Data flows အပါ အဝင် Artificial Intelligence FinTech (Financial Technology) RegTech (Regulatory Technology) Digital Identities Legal Technology စသည့် ဖွံ့ဖြိုးတိုးတက်လာသော တီထွင်ဆန်းသစ်မှုနယ်ပယ်များနှင့်စပ်လျဉ်း၍ စည်းနှောင်မှုရှိသည့် စည်းကမ်း များကို ပြဋ္ဌာန်းထားကြောင်း ဖော်ပြထားပါသည်။

ဗြိတိန်နိုင်ငံသည် စင်ကာပူနိုင်ငံ၏ ဆဌမမြာက်အများဆုံး ဝန်ဆောင်မှုကုန်သွယ်ရေး (Services Trade) ပြုလုပ်သောနိုင်ငံဖြစ် ကြောင်း၊ ၂၀၁၉ ခုနှစ်စာရင်းအရ နှစ်နိုင်ငံအကြား ဝန်ဆောင်မှုကုန်သွယ်ရေးပမာဏသည် စင်ကာပူဒေါ်လာ ၂၂ ဘီလီယံကျော်ရှိပါ ကြောင်း၊ ယင်းပမာဏ၏ ၇၀ ရာခိုင်နှုန်းနီးပါးသည် ဒီဂျစ်တယ်နည်းလမ်းဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဥရောပနိုင်ငံများအနက် ဗြိတိန်သည် စင်ကာပူတွင် ဒုတိယမြောက်အများဆုံး လာရောက်ရင်းနှီးမြှုပ်နှံထားသော နိုင်ငံဖြစ်ပါကြောင်း၊ စင်ကာပူတွင် ဗြိတိန်၏ ရင်းနှီးမြှုပ်နှံမှုပမာဏသည် စင်ကာပူဒေါ်လာ ၁၀၀ ဘီလီယံကျော်ရှိပြီး၊ ဗြိတိန်တွင် စင်ကာပူ၏ ရင်းနှီးမြှုပ်နှံမှုပမာဏသည် စင်ကာပူ ဒေါ်လာ ၆၀ ဘီလီယံနီးပါးရှိကြောင်း ဖော်ပြထားပါသည်။

ယခုနှစ်အတွင်း နှစ်နိုင်ငံအကြား အစိမ်းရောင်စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မူဘောင်တစ်ခုကို ချမှတ်လုပ်ဆောင်နိုင်ရန်နှင့် ရင်းနှီးမြှုပ်နှံမှုအကာအကွယ်ပေးရေး သဘောတူစာချုပ်ဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုများကို စတင်ဆောင်ရွက်သွားကြမည်ဟု သဘော တူညီခဲ့ကြကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ စင်ကာပူမြို့)

သတင်းရင်းမြစ်          Ministry of Trade and Industry, Singapore

Category: Singapore