Singapore

စင်ကာပူရှိ စွန့်ဦးတီထွင်သူများစုပေါင်းတည်ထောင်သည့်ကုမ္ပဏီ (Start-up) များအတွက် ရင်းနှီးငွေထောက်ပံ့ကြေးကို စင်ကာပူဒေါ်လာ ၅၀,၀၀၀ အထိ အစိုးရက တိုးမြှင့်ထောက်ပံ့မည်

Last Updated:

စင်ကာပူနိုင်ငံ၏ ဘဏ္ဍာရေးဝန်ကြီးနှင့် ဒုတိယဝန်ကြီးချုပ်ဖြစ်သူ Mr Heng Swee Keat က ၁၇- ၈ - ၂၀၂၀ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ သော စင်ကာပူဒေါ်လာ ၁၅၀ သန်း ခွဲဝေချထား မည့် "Startup SG Founder Programme" အစီအစဉ်အရ စင်ကာပူနိုင်ငံရှိ စွန့်ဦးတီထွင်သူများ စုပေါင်း တည်ထောင်ဖွဲ့စည်းထားသည့်ကုမ္ပဏီ (Start-up) များသည် ရင်းနှီးငွေထောက်ပံ့ကြေးအဖြစ် စင်ကာပူဒေါ်လာ ၅၀,၀၀၀ ကို လျှောက်ထားနိုင်ပြီ ဖြစ်ကြောင်း သိရှိရပါသည်။

          Start-up များအား ရင်းနှီးငွေထောက်ပံ့ကြေး စင်ကာပူဒေါ်လာ ၃၀,၀၀၀ ပံ့ပိုးပေးသည့် အစီအစဉ်ကို ၂၀၁၇ ခုနှစ်တွင် စတင်ခဲ့ခြင်းဖြစ်ပြီး၊ ယခုအခါ Start-up များ ပိုမိုဖွံ့ဖြိုးတိုးတက် လာစေရန် ထောက်ပံ့ကြေးကို တိုးမြှင့်ပေးခြင်းဖြစ်ကြောင်း၊ လျှောက်ထားလိုသော Start-up ကုမ္ပဏီ များအနေဖြင့် ကုမ္ပဏီအားစတင်တည်ထောင်သူအနည်းဆုံး ၃ ဦးမှာ စင်ကာပူနိုင်ငံသား (သို့မဟုတ်) အမြဲတမ်းနေထိုင်ခွင့်ရှိသူများ ဖြစ်ရမည်ဖြစ် ပြီး၊ ၎င်းတို့အနက် အနည်းဆုံး ၂ ဦးသည် ပထမဆုံးအကြိမ် တည်ထောင်သူများအဖြစ် ပါဝင်ခြင်းဖြစ်ရမည်ဟု သတ်မှတ်ချက်များရှိကြောင်း၊ ထို့ပြင် "SG United Jobs and Skills Package" အစီအစဉ်အရ ကိုဗစ်ကာလအတွင်း အလုပ်အကိုင်ခန့်ထားမှုများအပေါ် အစိုးရမှ ပံ့ပိုးပေးလျက်ရှိသောကြောင့် Start-ups ကုမ္ပဏီ ၁,၆၀၀ ကျော်သည် အလုပ်အကိုင်ပေါင်း ၄,၆၀၀ကျော်နှင့် အလုပ်သင် ၈၆၀ တို့ကို အလုပ်အကိုင် ကမ်းလှမ်းလျက်ရှိကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ စင်ကာပူနိုင်ငံ)

သတင်းရင်းမြစ် ။    ။ The Straits Times

Category: Singapore