Singapore

စင်ကာပူအစိုးရ၏ ဝင်ငွေတိုးတက်ရရှိစေရေးအတွက် အစိုးရမှ စည်းကြပ်ကောက်ခံလျက်ရှိသော အခွန်နှုန်းထားများကို တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ခြင်း

Last Updated:

စင်ကာပူအစိုးရ၏ ဝင်ငွေတိုးတက်ရရှိစေရေးအတွက် အစိုးရမှ စည်းကြပ်ကောက်ခံလျက်ရှိသော ကုန်စည်နှင့် ဝန်ဆောင်မှုအခွန် (Goods & Services Tax - GST) လူပုဂ္ဂိုလ်ဝင်ငွေခွန် (Personal Income Tax) တန်ဖိုးမြှင့်မော်တော်ကားများ ဝယ်ယူအသုံးပြု မှုအပေါ် ပေးဆောင်ရသော အပိုမှတ်ပုံတင်ကြေး (Additional Registration Fee- ARF) ကာဗွန်ခွန် (Carbon Tax) လုပ်ငန်းဝင် ငွေခွန် (Corporate Tax) တို့ကို ပြောင်းလဲကောက်ခံသွားမည်ဟု ဘဏ္ဍာရေးဝန်ကြီး  Mr Lawrence Wong က စင်ကာပူအစိုးရ၏ ၂၀၂၂ ခုနှစ် ဘတ်ဂျက်အား ပါလီမန်သို့ ၁၈ - ၂၀၂၂ ရက်နေ့တွင် တင်ပြဆွေးနွေးခဲ့ချိန်၌ ထည့်သွင်းပြောကြားခဲ့ပါသည်။

ကုန်စည်နှင့် ဝန်ဆောင်မှုအခွန် (Goods & Services Tax - GST) ကို လက်ရှိစည်းကြပ်ကောက်ခံနေသည့် % မှ ၉% အထိ တိုးမြှင့်ကောက်ခံနိုင်ရန် အဆင့် () ဆင့်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ပထမအဆင့်အနေဖြင့် --၂၀၂၃ ရက်နေ့မှစ၍ % ကောက်ခံမည်ဖြစ်ပြီး၊ ဒုတိယအဆင့်အနေဖြင့် --၂၀၂၄ ရက်နေ့မှစ၍  ၉% သို့ တိုးမြှင့်ကောက်ခံမည်ဖြစ်ပါသည်။ ဤသို့ GST တိုးမြှင့်ကောက်ခံခြင်းဖြင့် အစိုးရ၏ဝင်ငွေသည် တစ်နှစ်လျှင် စင်ကာပူဒေါ်လာ . ဘီလီယံနီးပါး (စင်ကာပူ၏ GDP . % ခန့်) တိုးတက်ရရှိလာနိုင်မည်ဖြစ်ပါသည်။

လူပုဂ္ဂိုလ်များ၏ ဝင်ငွေရရှိမှုအပေါ် ကောက်ခံသည့်အခွန် (Personal Income Tax) ကို ၂၀၂၄ ခုနှစ်၊ အခွန်စည်းကြပ်သည့်နှစ်မှစ၍ တိုးမြှင့်ကောက်ခံမည်ဖြစ်ပါသည်။ ၂၀၂၄ ခုနှစ်၊ အခွန်စည်းကြပ်သည့်နှစ်မှာ ၂၀၂၃ ခုနှစ်တွင် ရရှိခဲ့သော လူပုဂ္ဂိုလ်၏ဝင်ငွေအပေါ် သတ်မှတ်နှုန်းထားအလိုက် တွက်ချက်ကောက်ခံခြင်းဖြစ်ပါသည်။ ဝင်ငွေပမာဏ စင်ကာပူဒေါ်လာ သိန်းအထက်မှ တစ်သန်း အထိရရှိသူများအပေါ် ၂၃% နှင့် စင်ကာပူဒေါ်လာတစ်သန်းအထက် ဝင်ငွေရှိသူများအပေါ် ၂၄% စည်းကြပ်ကောက်ခံသွားမည်ဖြစ် ပါသည်။ လက်ရှိတွင် စင်ကာပူဒေါ်လာ ၃၂၀,၀၀၀ အထက်ဝင်ငွေရရှိသူများအား သတ်မှတ်ချက်အလိုက် ၂၂% စည်းကြပ်ကောက်ခံ လျက်ရှိပါသည်။ Personal Income Tax တိုးမြှင့်ကောက်ခံသွားမည့် အစီအစဉ်ကြောင့် ဝင်ငွေခွန်ပေးဆောင်နေရသူများအနက်မှ အများဆုံးပေးဆောင်နေရသည့် ထိပ်ပိုင်း .% ရှိသော ဝင်ငွေခွန်ပေးဆောင်နေရသူများအပေါ် သက်ရောက်မှုရှိမည်ဖြစ်ပြီး၊ အစိုးရ သည် တစ်နှစ်လျှင် ဝင်ငွေခွန် စင်ကာပူဒေါ်လာ ၁၇၀ သန်း ပိုမိုကောက်ခံသွားနိုင်မည်ဟု ခန့်မှန်းထားပါသည်။

အိမ်ရာအဆောက်အအုံပိုင်ဆိုင်မှုအပေါ် စည်းကြပ်ကောက်ခံသောအခွန် (Residential Property Tax) ကိုလည်း ၂၀၂၃ ခုနှစ်မှစ၍ တိုးမြှင့်ကောက်ခံမည်ဖြစ်ပါသည်။ ပိုင်ရှင်နေထိုင်အသုံးပြုမှုမရှိသော အိမ်ရာအဆောက်အအုံများ (Non-owner-occupied residential properties) အား လက်ရှိ ၁၀% မှ ၂၀% အတွင်း စည်းကြပ်ကောက်ခံနေရာမှ ၁၂% မှ ၃၆% အတွင်း ကောက်ခံသွား မည်ဖြစ်ပါသည်။ ထို့ပြင် တစ်နှစ်လျှင် စင်ကာပူဒေါ်လာ ၃၀,၀၀၀ အထက်တန်ဖိုးရှိသည့် ပိုင်ရှင်နေထိုင်အသုံးပြုမှုရှိသော အိမ်ရာ အဆောက်အအုံများ (Owner-occupied residential properties) အား လက်ရှိ % မှ ၁၆% အတွင်း စည်းကြပ်ကောက်ခံနေရာမှ % မှ ၃၂% အတွင်း တိုးမြှင့်ကောက်ခံသွားမည် ဖြစ်ပါသည်။ ထိုသို့ အခွန်တိုးမြှင့်ကောက်ခံခြင်းမှ တစ်နှစ်လျှင် စင်ကာပူဒေါ်လာ ၃၈၀ သန်းခန့် ရရှိမည်ဖြစ်ပါသည်။

တန်ဖိုးမြှင့်မော်တော်ကားများ ဝယ်ယူအသုံးပြုမှုအပေါ် ပေးဆောင်ရသော အပိုမှတ်ပုံတင်ကြေး (Additional Registration Fee - ARF) အသစ်တစ်ခုကိုလည်း သတ်မှတ်ကောက်ခံသွားမည်ဖြစ်ပါသည်။ အခွန်စည်းကြပ်ကောက်ခံမှုမပြုမီ မော်တော်ကား၏ တန်ဖိုး (Open Market Valve - OMV) သည် စင်ကာပူဒေါ်လာ ၈၀,၀၀၀ ကျော်ပါက စင်ကာပူဒေါ်လာ ၈၀,၀၀၀ ကျော်သော တန်ဖိုးအပေါ် ၂၂၀% ကောက်ခံသွားမည်ဖြစ်ပါသည်။ လက်ရှိတွင် OMV တန်ဖိုး စင်ကာပူဒေါ်လာ ၅၀,၀၀၀ ကျော်ပါက စင်ကာပူဒေါ်လာ ၅၀,၀၀၀ ကျော်သောပမာဏအပေါ် ၁၈၀% ကောက်ခံလျက်ရှိပါသည်။ ယင်းကဲ့သို့ အပိုမှတ်ပုံတင်ကြေး ထပ်မံကောက်ခံခြင်းဖြင့် တစ်နှစ် လျှင် စင်ကာပူဒေါ်လာသန်း ၅၀ ပိုမိုရရှိမည်ဖြစ်ပါသည်။

စင်ကာပူအစိုးရသည် လက်ရှိတွင် ကာဗွန်ခွန် (Carbon Tax) ကို ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု တစ်တန်လျှင် စင်ကာပူဒေါ်လာ ဒေါ်လာနှုန်းဖြင့် ကောက်ခံလျက်ရှိပြီး၊ ၂၀၃၀ ပြည့်နှစ်ခန့်တွင် စင်ကာပူဒေါ်လာ ၅၀ မှ ၈၀ အထိ တိုးမြှင့်ကောက်ခံသွားနိုင်ရန် အတွက် အဆင့်လိုက် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ Carbon Tax ကို ၂၀၂၄ ခုနှစ်မှစ၍ တစ်တန်လျှင် စင်ကာပူဒေါ်လာ ၂၅ ကောက်ခံမည်ဖြစ်ကာ ၂၀၂၆ ခုနှစ်မှစ၍ စင်ကာပူဒေါ်လာ ၄၅ သို့ တိုးမြှင့် ကောက်ခံမည်ဖြစ်ပါသည်။

စီးပွားရေးလုပ်ငန်းများ၏ ဝင်ငွေအပေါ်ကောက်ခံသည့် လုပ်ငန်းဝင်ငွေခွန် (Corporate Tax) ကိုမူ ကမ္ဘာလုံးဆိုင်ရာ အခွန် ကောက်ခံမှုစနစ် တိုးတက်ပြောင်းလဲမှုအခြေအနေများအပေါ် မူတည်၍ လေ့လာမှုများဆက်လက်ပြုလုပ်ကာ ပြောင်းလဲကောက်ခံ သွားရန် အဆင်သင့်ဖြစ်မည့်အချိန်တွင် တရားဝင်ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း၊ စင်ကာပူအစိုးရ၏ ၂၀၂၂ ခုနှစ် ဘတ်ဂျက်စာရင်းအရ ဝင်ငွေစုစုပေါင်းမှာ စင်ကာပူဒေါ်လာ ၁၀၅.၇၁ ဘီလီယံရှိပြီး၊ အသုံးစရိတ်စုစုပေါင်း စင်ကာပူဒေါ်လာ ၁၀၈.၇၅ ဘီလီယံရှိသည့်အတွက် ဘတ်ဂျက်လိုငွေ  စင်ကာပူဒေါ်လာ .၀၄ ဘီလီယံပေါ်ပေါက်လျက်ရှိကြောင်း သိရှိရပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ စင်ကာပူမြို့)

သတင်းရင်းမြစ်          Ministry of Finance, Singapore, The Straits Times

Category: Singapore