Singapore

စင်ကာပူ၏ ကုန်စည်ကုန်သွယ်မှုသည် (-) ၁၂ ရာခိုင်နှုန်းမှ (-) ၉ ရာခိုင်နှုန်းဘောင်အတွင်း ကျဆင်းနိုင်

Last Updated:

၂၀၂၀ ခုနှစ်တွင် စင်ကာပူ၏ ကုန်စည်ကုန်သွယ်မှုသည် (-) ၁၂ ရာခိုင်နှုန်းမှ (-) ရာခိုင်နှုန်း ဘောင်အတွင်း ကျဆင်းနိုင်ကြောင်း၊ ယခင် ဖေဖော်ဝါရီလ ၁၇ ရက်က ထုတ်ပြန်ခဲ့သော ရှေ့ပြေး ခန့်မှန်းချက် (-) . ရာခိုင်နှုန်းမှ . ရာခိုင်နှုန်းဘောင်အတွင်း ထက် များစွာလျှော့ချလိုက်ကြောင်း စင်ကာပူနိုင်ငံ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနလက်အောက်ရှိ Enterprise Singapore   ၂၆--၂၀၂၀ ရက်နေ့ သတင်းထုတ်ပြန်ချက်အရ သိရှိရပါသည်။

IMF သည် ၂၀၂၀ ခုနှစ်တွင် ကမ္ဘာ့စီးပွားရေးမှာ . ရာခိုင်နှုန်း တိုးတက်နိုင်ကြောင်း ၎င်း၏ ယခင်ခန့်မှန်းချက်နှင့်ဆန့်ကျင်လျက် လက်ရှိအနေအထားအရ ကမ္ဘာ့စီးပွားရေးမှာ (−) ရာခိုင်နှုန်း ခန့် ကျဆင်းနိုင်သည်ဟု ပြောင်းလဲခန့်မှန်းထားကြောင်း၊ COVID-19 ထိန်းချုပ်မှုအစီအမံများနှင့် ကမ္ဘာ့ဝယ်လိုအားကျဆင်းနေခြင်းတို့က အာဆီယံမှ ()နိုင်ငံ၊ အမေရိကန်နှင့် EU နိုင်ငံများ အပါအဝင် စင်ကာပူ၏ အဓိကကုန်သွယ်ဖက်နိုင်ငံများ၏ ကုန်ထုတ်လုပ်မှုအခြေအနေသည် အရှိန် နှေးကွေးသွားနိုင်ကြောင်း၊ တရုတ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းအား ယခင်က ရာခိုင်နှုန်း ရရှိမည်ဟုခန့်မှန်းခဲ့ရာမှ ယခုအခါ . ရာခိုင်နှုန်းသို့လည်းကောင်း၊ အိန္ဒိယနိုင်ငံ၏ စီးပွားရေး တိုးတက်မှုနှုန်းကိုလည်း ယခင်ခန့်မှန်းချက် . ရာခိုင်နှုန်းမှ . ရာခိုင်နှုန်းသို့လည်းကောင်း လျှော့ချခဲ့ကြောင်း၊ ကုန်သွယ်မှုနှင့်စပ်လျဉ်း၍ ၂၀၂၀ ခုနှစ်တွင် ကမ္ဘာ့ကုန်သွယ်မှုအခြေအနေသည် (-) ၃၂ ရာခိုင်နှုန်းမှ (-) ၁၃ ရာခိုင်နှုန်းအတွင်း ကျဆင်းနိုင်သည်ဟု WTO က ပြင်ဆင်ခန့်မှန်း ခဲ့ကြောင်း၊ ဤအခြေအနေမှာ WTO ယခင်ခန့်မှန်းချက် . ရာခိုင်နှုန်းတိုးတက်မှုနှုန်းမှ ဆန့်ကျင်ဘက်သို့ရောက်ရှိခဲ့ပြီး အထူးသဖြင့် မြောက်အမေရိကနှင့်အာရှဒေသရှိ ပို့ကုန်များအပေါ် များစွာထိခိုက်နိုင်ကြောင်းနှင့် ဒေသအားလုံးနီးပါးတွင် ကုန်သွယ်မှုသည် ရာခိုင်နှုန်းအားဖြင့် ဂဏန်းနှစ်လုံးအထိ ကျဆင်းနိုင် ကြောင်း သုံးသပ်ထားပါသည်။

လက်ရှိ စက်သုံးဆီစျေးနှုန်းကျဆင်းနေသောအခြေအနေကလည်း စင်ကာပူ၏ စက်သုံးဆီ ကုန်သွယ်မှုအပေါ် သက်ရောက်မှုရှိပြီး ကုန်သွယ်မှုကဏ္ဍတစ်ခုလုံးအပေါ် ဖိအားဖြစ်ပေါ်လျက်ရှိ ကြောင်း၊ သို့ရာတွင် စက်သုံးဆီမပါဝင်ဘဲ ပြည်တွင်းပို့ကုန်မှာ ၂၀၂၀ ခုနှစ်တွင် (-) ရာခိုင်နှုန်းမှ (-) ရာခိုင်နှုန်းဘောင်အတွင်းသာ ကျဆင်းနိုင်ကြောင်းနှင့် ၂၀၂၀ ခုနှစ် ပထမ () လပတ်အတွင်း စင်ကာပူ၏ ကုန်စည်ကုန်သွယ်မှုမှာ . ရာခိုင်နှုန်းတိုးတက်ခဲ့သော်လည်း ဝန်ဆောင်မှုကုန်သွယ်ရေးပိုင်းတွင် (−). ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ကြောင်း ဖော်ပြထားပါသည်။

(စီးပွားရေးသံမှူး၊ စင်ကာပူမြို့)

သတင်းရင်းမြစ်     Enterprise Singapore, Ministry of Trade & Industry, Singapore

 

Category: Singapore