China(Nanning)

စမ်းသပ်ဇုန်များတွင် နိုင်ငံဖြတ်ကျော် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုများအတွက် တံခါးပိုမိုဖွင့်လှစ်ပေးလိုက်သည့် တရုတ်နိုင်ငံ

Last Updated:

တရုတ်နိုင်ငံသည် ၎င်း၏စမ်းသပ်ဇုန်အချို့တွင် နိုင်ငံဖြတ်ကျော်ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများအတွက် အဆင့်မြင့်သည့် တံခါးဖွင့်ဆောင်ရွက်ပေးမှုများကို ချမှတ် လိုက်ကြောင်း၊ တစ်ချိန်တည်းမှာပင် ဆုံးရှုံးနိုင်ခြေကာကွယ်ရေး၊ ထိန်းချုပ်ရေးနှင့် အမှားအယွင်းဖြစ်တတ်သည့်ကိစ္စများအတွက် ဆောင်ရွက်ထားကြောင်း State Administration of Foreign Exchange (SAFE) မှ တာဝန်ရှိသူက ဇန်နဝါရီလ (၄) ရက်နေ့တွင် ပြောကြားလိုက်ပါသည်။

ရှန်ဟိုင်း၊ ကွမ်တုန်း၊ ဟိုင်နန်နှင့် ကျဲ့ကျန်းပြည်နယ်များရှိ သတ်မှတ်ထားသည့် စမ်းသပ်ဇုန်များအတွင်းရှိ ကုမ္ပဏီများအတွက် နိုင်ငံဖြတ်ကျော် ရင်းနှီးမြှုပ်နှံမှုနှင့် ဘဏ္ဍာ ငွေကြေးလမ်းကြောင်းများကို တရုတ်နိုင်ငံက တိုးချဲ့ပေးသွားမည်ဖြစ်ကြောင်း သိရပါသည်။

အငယ်စား၊ အသေးစားနှင့် အလတ်စား နည်းပညာအဆင့်မြင့်ကုမ္ပဏီများကို ပြည်ပမှ ငွေချေးနိုင်ရန် ကိုတာခွဲဝေပေးမည်ဖြစ်ပြီး၊ နိုင်ငံဖြတ်ကျော် ပိုင်ဆိုင်မှုလွှဲပြောင်း ပေးသည့် စီးပွားရေးလုပ်ငန်းများနှင့် တရုတ်နိုင်ငံက တည်ငြိမ်စွာနှင့် ချင့်ချင့်ချိန်ချိန်ရှိစွာ စမ်းသပ်ပြုလုပ်သွားမည်ဖြစ်ပါသည်။

ဆုံးရှုံးနိုင်ခြေကာကွယ်ခြင်းနှင့် ထိန်းချုပ်ခြင်းအားဖြင့် နိုင်ငံဖြတ်ကျော် မတည်ငွေရင်းစီးဆင်းမှု ဆုံးရှုံးရနိုင်ခြေများကို စောစီးစွာသတိပေးခြင်းနှင့် ထိန်းကျောင်းခြင်းကို အားကောင်းခိုင်မာစေရန် တရုတ်နိုင်ငံက ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ထို့ပြင် နိုင်ငံ၏ နိုင်ငံခြားငွေကြေးဈေးကွက်တွင် တည်ငြိမ်မှုနှင့် ဥပဒေစိုးမိုးမှုရှိစေရန် တရား မဝင်သည့်ဆောင်ရွက်မှုများအပေါ် နှိမ်နင်းခြင်းနှင့် ဖြစ်ပေါ်လာသည့်ကိစ္စများအပေါ် ပြင်ဆင်ချိန်ညှိမှုများပြုလုပ်ခြင်းတို့ဖြင့်  အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဟု သတင်းရရှိပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

ရင်းမြစ်၊  Xinhua (၄-၁-၂၀၂၂)

Category: China(Nanning)