China(Nanning)

စားနပ်ရိက္ခာ စိတ်ချလုံခြုံမှုရှိစေရန် တရုတ်နိုင်ငံက ကူညီပေးလျက်ရှိ

Last Updated:

မကြာသေးသည့်နှစ်များအတွင်း တရုတ်နိုင်ငံက လိုအပ်နေသည့်နိုင်ငံများထံသို့ ကူညီပေးခြင်းဖြင့် ကမ္ဘာ့စားနပ်ရိက္ခာစိတ်ချလုံခြုံရေးကို အားဖြည့်ကူညီလျက်ရှိ ကြောင်း တရားဝင်အချက်အလက်များအရ သိရပါသည်။ (၁၃) ကြိမ်မြောက် ငါးနှစ်စီမံကိန်း (၂၀၁၆-၂၀၂၀) ကာလအတွင်း တရုတ်နိုင်ငံက အာဖရိကတိုက်ရှိ နိုင်ငံ (၂၃) နိုင်ငံသို့ လယ်ယာစိုက်ပျိုးရေးဆိုင်ရာကျွမ်းကျင်သူ (၂၂၅) ဉီးကို စေလွှတ်ခဲ့ခြင်း၊ လယ်ယာစိုက်ပျိုးရေးဆိုင်ရာ နည်းပညာပေါင်း (၄၂၈) မျိုးကို လွှဲပြောင်းပေးခဲ့ ခြင်း၊ လယ်ယာစိုက်ပျိုးရေးဆိုင်ရာ တာဝန်ရှိသူများနှင့် ပညာရှင်ပေါင်း (၁၁,၀၀၀) ကျော်အတွက် သင်တန်းများပို့ချပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပါသည်။

တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နေသည့် အာဖရိကနိုင်ငံများတွင် အီသီယိုးပီးယား၊ ဇင်ဘာဘွေနှင့် မိုဇမ်ဘစ်နိုင်ငံများပါဝင်ပြီး၊  တိရစ္ဆာန်မွေးမြူရေး၊ ရေလုပ်ငန်း၊ ရေသိုလှောင်ထိန်းသိမ်းခြင်း၊ ဉယျာဉ်ခြံမြေစိုက်ပျိုးခြင်း၊ ပိုးစာပိုးမွေးမြူရေးနှင့် ပိုးစာပင်စိုက်ပျိုးရေးတို့တွင် တီထွင်ဆန်းသစ်သည့်နည်းပညာများကို လွှဲပြောင်းပေးခဲ့ ကြောင်း သိရပါသည်။ ထို့ပြင် အစားအစာသိုလှောင်ရေး၊ စိုက်ပျိုးရေးစက်ကိရိယာများ၊ လယ်ယာမြေ ရေသွင်းစိုက်ပျိုးခြင်းနှင့် လယ်ယာစိုက်ပျိုးရေးကုန်ပစ္စည်းများ ပြုပြင်ထုတ်လုပ်ရေးနယ်ပယ်များတွင်လည်း စီမံကိန်းများဖြင့် နည်းပညာပံ့ပိုးကူညီခြင်း၊ ရုပ်ဝတ္တုပစ္စည်းများ ထောက်ပံ့ခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပါသည်။

၁၉၉၆ ခုနှစ်မှစ၍ တရုတ်အစိုးရနှင့် ကမ္ဘာ့ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် လယ်ယာစိုက်ပျိုးရေးအဖွဲ့တို့ပူးပေါင်း၍ နိုင်ငံစုံ South-South ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်ပေါင်း (၂၀)ကျော်ကို ဆောင်ရွက်ခဲ့ပြီး၊ အာဖရိကအပါအဝင် အာရှ၊ တောင်ပစိဖိတ်နှင့် ကာရေဗီယန်နိုင်ငံများ၊ အာရှနိုင်ငံများသို့ လယ်ယာစိုက်ပျိုးရေးဆိုင် ရာကျွမ်းကျင်သူ ပေါင်း (၁,၁၀၀) ဉီးကို စေလွှတ်ခဲ့ပါသည်။ တရုတ်အစိုးရသည် ၎င်းနိုင်ငံမှ စွမ်းရည်ရှိသည့် စားသောက်ကုန်လုပ်ငန်းများကို အခြားနိုင်ငံများသို့ သွား ရောက်ရင်းနှီးမြှုပ်နှံစေခြင်း၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံရန်အားပေးခြင်း၊ စားသောက်ကုန် ပြုပြင်ထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူပို့ ဆောင်ခြင်းနှင့် ကုန်သွယ်ခြင်းများတွင် နည်းပညာနှင့် အတွေ့အကြုံများ ဖလှယ်နိုင်စေရန်အားပေးခြင်းတို့ဖြင့် ပံ့ပိုးကူညီမှုများ ပြုလုပ်ပေးလျက်ရှိပါသည်။

၂၀၁၇ ခုနှစ်အကုန်ပိုင်းတွင် တရုတ်နိုင်ငံရှိ လုပ်ငန်းပေါင်း (၈၅၁) ခုတို့က နိုင်ငံပေါင်း (၁၀၀) ကျော်တွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ (၁၇.၃) ဘီလီယံကို အသုံးပြု၍ ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ခဲ့ကာ၊ နိုင်ငံခြားလုပ်သားပေါင်း (၁၃၄,၀၀၀) ဉီးကို အလုပ်အကိုင်များခန့်ထားကြောင်း အချက်အလက်များအရ သိရပါသည်။

ထို့ပြင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် နိုင်ငံပေါင်း (၆၀) ကျော်တို့နှင့် အစားအစာနှင့် လယ်ယာစိုက်ပျိုးရေးပူးပေါင်းဆောင်ရွက်ရေး နှစ်နိုင်ငံနှင့် နိုင်ငံစုံ သဘောတူ ညီချက်ပေါင်း (၁၂၀) ကျော်ကို လက်မှတ်ရေးထိုးထားပြီး ဖြစ်ပါသည်။ တရုတ်နိုင်ငံသည် နိုင်ငံပေါင်း (၁၄၀) ကျော်နှင့် စိုက်ပျိုးရေးသိပ္ပံနှင့် စီးပွားရေး ပူးပေါင်းဆောင် ရွက်မှု ဖလှယ်ခြင်းကို တည်ထောင်ထားပြီးဖြစ်ကာ၊ နိုင်ငံပေါင်း (၅၀) ကျော်တို့နှင့် လယ်ယာစိုက်ပျိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု နှစ်နိုင်ငံလုပ်ငန်းအဖွဲ့များကို ဖွဲ့စည်းထားပြီး ဖြစ်ပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

ရင်းမြစ်၊ China Daily (၄-၁၁-၂၀၂၁)

Category: China(Nanning)