USA

စီးပွားရေး ပြန်လည်ဦးမော့လာသည့်အတွက် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလတွင် ကုန်သွယ်ရေးလိုငွေပြမှု စံချိန်တင်မြင့်တက်ခဲ့

Last Updated:

အမေရိကန်နိုင်ငံတွင် နိုင်ငံရပ်ခြားမှ တင်သွင်းသည့်ကုန်စည်များ ဝယ်ယူသုံးစွဲမှု ဆက်လက်မြင့်တက်ခဲ့သည့်အတွက် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလတွင် အမေရိကန်နိုင်ငံ၏ ကုန်သွယ်ရေးလိုငွေပြမှုသည် စံချိန်တင်မြင့်မားခဲ့ကြောင်း၊ ပို့ကုန်နှင့် သွင်းကုန်အကြား ကွာဟ ချက်သည် အမေရိကန်ဒေါ်လာ ၈၀.၇ ဘီလီယံ၊ ရာခိုင်နှုန်းအားဖြင့် ၁.၈ ရာခိုင်နှုန်းကွာဟခဲ့ကောင်း၊ ယင်းသည် စက်တင်ဘာလ ကုန်သွယ်ရေးလိုငွေပြမှု အမေရိကန်ဒေါ်လာ ၈၀.၈ ဘီလီယံအောက် အနည်းငယ်သာ လျှော့နည်းခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ်၊ တစ်နှစ်ပတ်လုံး ကုန်သွယ်ရေးလိုငွေပြမှုသည် အမေရိကန်ဒေါ်လာ ၈၅၉.၁ ဘီလီယံထိရှိခဲ့ပြီး ၂၀၀၆ ခုနှစ်တွင် မှတ်တမ်းတင်ခဲ့သည့် ကုန်သွယ်ရေးလိုငွေပြမှု အမေရိကန်ဒေါ်လာ ၇၆၃.၅၃ ဘီလီယံထက်ပိုများခဲ့ပြီး  ရာခိုင်နှုန်းအားဖြင့် ၂၇ ရာခိုင်နှုန်း များပြားခဲ့သည်ဟု ကူးသန်းရောင်းဝယ်ရေးဌာနက ၈--၂၀၂၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့ကြောင်း ဖော်ပြထားပါသည်။

ကုန်သွယ်ရေးလိုငွေပြမှု သိသိသာသာမြင့်တက်လာခဲ့ခြင်းသည် ၂၀၂၀ ပြည့်နှစ်အတွင်း ကပ်ရောဂါကြောင့် ကျဆင်းခဲ့သည့် အမေရိကန် နိုင်ငံ၏ စီးပွားရေး ပြန်လာဦးမော့လာသည့်အတွက်ဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံသားများအနေနှင့် ပြည်ပမှတင်သွင်းသည့် ကွန်ပျူ တာများ၊ ဂိမ်းစက်များနှင့် ပရိဘောဂများအပေါ် ဝယ်ယူသုံးစွဲမှုများပြားခဲ့ကြောင်း၊ ကပ်ရောဂါကြောင့် ခရီးသွားလုပ်ငန်းများ ကျဆင်း ခဲ့စဉ် အစိုးရ၏ ကိုဗစ်အထောက်အပံ့များဖြင့် သွင်းကုန်ပစ္စည်းများအပေါ် ဝယ်ယူသုံးစွဲမှု များပြားခဲ့ကြောင်း၊ စီးပွားရေးလုပ်ငန်းများမှ မတည်ကုန်စည်များနှင့် စွမ်းအင်ဈေးနှုန်းများနှင့် စားသောက်ကုန်စည်ဈေးနှုန်းများ မြင့်တက်လာခဲ့ခြင်းသည်လည်း သွင်းကုန်တန်ဖိုး ကို ပိုမိုမြင့်တက်စေခဲ့ကြောင်း ဖော်ပြထားပါသည်။

၂၀၂၁ ခုနှစ်တွင် အမေရိကန်နိုင်ငံ၏ စီးပွားရေးသည် ၅.၆ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး နှစ်စဉ်ပျှမ်းမျှတိုးတက်မှုနှုန်း ၅ ရာခိုင်နှုန်းထက် ပိုမိုခဲ့သည်ဟု အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့မှ ခန့်မှန်းခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလတွင် သွင်းကုန် အမေရိကန် ဒေါ်လာ ၃၀၈.၉ ဘီလီယံထိ၊ ၁.၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ပို့ကုန် အမေရိကန်ဒေါ်လာ ၂၂၈.၁ ဘီလီယံထိ၊ ၁.၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ ကြောင်း၊ ဒီဇင်ဘာလအတွင်း ပို့ကုန်ရောသွင်းကုန်ပါ မြင့်တက်ခဲ့ခြင်းသည် ကမ္ဘာ့ရောင်းလိုအားကွင်းဆက် အခက်အခဲများ လျှော့ နည်းလာခြင်းကို ပြသဖြင်းဖြစ်သည်ဟု အကြီးတမ်းစီးပွားရေးသုတေသီ Mr. Andrew Hunter ကပြောကြားခဲ့ကြောင်း ဖော်ပြထား ပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီမြို့)

Source: https://www.wsj.com/articles/economic-recovery-pushes-2021-u-s-trade-deficit-to-record-level-11644328979

Category: USA