Japan

စီးပွားရေးကိစ္စဖြင့် ပြည်ပသို့သွားရောက်ကြမည့် ခရီးသွားများအတွက် ရောဂါပိုးစစ်ဆေးမှုခံယူနိုင်ရေး ဂျပန်ပြင်ဆင်နေ

Last Updated:

ဂျပန်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ပြည်ပနိုင်ငံများသို့ မသွားရောက်မီ ကိုရိုနာဗိုင်းရပ်စ်စ်ဆေးမှုများခံယူနိုင်ရန် ကြိုတင်စာရင်းပေးသွင်းစေ၍ ဆောင်ရွက်ပေးမည့်စနစ်တစ်ခုကို ဂျပန်အစိုးရ က ပြင်ဆင်နေပါသည်။

ဂျပန်နိုင်ငံသည် လက်ရှိ၌ အဓိကအားဖြင့် အာရှတိုက်ဒေသတွင်းရှိ အခြားဒေသများနှင့် ဆက်သွယ်သည့် စီးပွားရေးချိတ်ဆက်ဆောင်ရွက်မည့် ခရီးစဉ်များကို ပြန်လည်ဖွင့်လှစ်ဆောင်ရွက်ရန် ကြိုးပမ်း နေပါသည်။ စီးပွားရေးကိစ္စဖြင့် ခရီးသွားလာသူများအား ပြည်ဝင်ခွင့်ပြုရန် ဂျပန်အစိုးရသည် နိုင်ငံ/နယ်မြေ ၁၆ ခုတို့နှင့် ညှိနှိုင်းဆွေးနွေးမှုများဆောင်ရွက်နေရာ အဆိုပါ နိုင်ငံများတွင် အာရှတိုက်မှ တရုတ်၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ ပါဝင်ပါသည်။ သို့သော် နိုင်ငံအများစုက ပြည်တွင်းသို့ ဝင်ရောက်လာသူများအား အချိန်အတိုင်းအတာတစ်ခုအတွင်း သီးခြားခွဲနေစေခြင်းမျိုးထက် ရောဂါပိုးကူးစက်မှု မရှိကြောင်း PCR စစ်ဆေးမှုရလဒ် ထောက်ခံစာ များကို ကြိုတင်၍ တောင်းခံနေကြကြောင်း တွေ့ရပါသည်။  

ပြည်ပသို့သွားရောက်မည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကြိုတင်စာရင်းပေးသွင်း၍ စစ်ဆေးမှုခံယူသည့် နည်းစနစ်ကို စက်တင်ဘာလနှောင်းပိုင်းမှ စတင်ရန် ဂျပန်အစိုးရက ရည်မှန်းထားကြောင်း သိရပါသည်။ စီးပွားရေးသမားဆိုင်ရာ ခရီးသွားများအနေဖြင့် မိမိတို့နှင့် နီးစပ်ရာ ဆေးရုံများတွင် PCR စစ်ဆေးမှုများကို မြန်မြန်ဆန်ဆန် ခံယူကြရန်လိုအပ်ကြောင်း ဆိုပါသည်။  

လက်ရှိ၌ ပြည်ပသို့ စီးပွားရေးကိစ္စဖြင့် သွားရောက်မည့်သူများအားမသွားရောက်မီ စစ်ဆေးပေးနိုင်သည့်အရေအတွက်သည် ရာဂဏန်းအနည်းငယ်ခန့်သာရှိသေးကြောင်း ဂျပန်နိုင်ငံ၊ စီးပွားရေး၊ ကုန်သွယ် ရေးနှင့် စက်မှုဝန်ကြီးဌာန (METI) က ဆိုပါသည်။ အဆိုပါစနစ်ကို အကောင်အထည်ဖော်ရန် စီးပွားရေးခရီးသွားများအနေဖြင့် ဆေးကုသရေးဌာနများတွင် မြန်မြန်ဆန်ဆန် မှတ်ပုံတင်ကြရန်လိုအပ်ပြီး လေဆိပ်များတွင်လည်း ရောဂါပိုးစစ်ဆေးရေးဌာနများ ဖွင့်လှစ်ဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: Japan