China (HongKong)

စီးပွားရေးကျဆင်းမှုထက် နှစ်နိုင်ငံဆက်ဆံရေး တင်းမာမှုက ပိုမိုစိုးရိမ်ဖွယ်ဖြစ်လာ ကြောင်း တရုတ်နိုင်ငံရှိ ဩစတြေးလျလုပ်ငန်းများက ပြောကြားခြင်း

Last Updated:

တရုတ်နိုင်ငံရှိ ဩစတြေးလျ စီးပွားရေးလုပ်ငန်းများမှာ COVID-19 ကြောင့် စီးပွားရေးကျဆင်းမှုထက် တရုတ်-ဩစတြေးလျနှစ်နိုင်ငံ ဆက်ဆံရေး တင်းမာမှုကြောင့် စီးပွားရေးထိခိုက်မှာကို ပိုမိုစိုးရိမ်နေကြောင်း၊ ပေကျင်း၊ တရုတ်ပြည်‌တောင်ပိုင်းနှင့် တရုတ်ပြည်အနောက်ပိုင်းတို့တွင် ဩစတြေးလျစီးပွားရေးလုပ်ငန်း (၈၇)ခုကို စစ်တမ်းကောက်ယူခဲ့ရာတွင် လုပ်ငန်း(၇၀) ရာခိုင်နှုန်းမှာ ယိုယွင်းနေသောနှစ်နိုင်ငံဆက်ဆံရေးကြောင့် စိုးရိမ်ပူပန်လျက် ရှိကြောင်း၊လုပ်ငန်း (၅၀) ရာခိုင်နှုန်းမှာ တရုတ်နိုင်ငံ၏ စီးပွားရေးကျဆင်းမှုကြောင့့်် လည်းကောင်း၊ (၄၇) ရာခိုင်နှုန်းမှာ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကျဆင်းမှုကြောင့်လည်းကောင်း စိုးရိမ်လျက်ရှိကြောင်း၊ COVID-19 ကြောင့် နှစ်စဉ်ဝင်ငွေမှာ ၂၀၂၀ ပြည့်နှစ်၊ နှစ်ဦးပိုင်းတွင် (၂၀) ရာခိုင်နှုန်းလျော့ကျမည်ဖြစ်ကြောင်း၊ တရုတ်နှင့် ဩစတြေးလျနိုင်ငံတို့အကြား စီးပွား‌ရေးချိတ်ဆက်မှုများမှာ ဆက်လက်ကောင်းမွန်မည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ ဈေးကွက်တွင် ဩစတြေးလျလုပ်ငန်းများအနေဖြင့် ကာလလတ်နှင့်ကာလရှည်အတွက် အခွင့်အလမ်းကောင်းများ ရှိနိုင်မည်ဟု မျှော်လင့်လျက်ရှိကြောင်း၊ COVID-19 မဖြစ်ပွားခင်ကာလက ဩစတြေးလျစီးပွားရေး လုပ်ငန်းများ မှာတရုတ်နိုင်ငံ၌ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်‌ဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊မေလက ဩစတြေးလျမှ တင်ပို့သည့်ဘာလီများကို မူရင်းနိုင်ငံဈေးကွက်ရှိ ဈေးနှုန်းအောက်လျော့ချရောင်းသည့်အပေါ် ကောက်ခံသည့်အခွန် (anti-dumping tariff) (၈၀.၅) ရာခိုင်နှုန်း ကောက်ခံခဲ့ကြောင်း၊ ဘာလီအပေါ် အခွန်ကောက်ခံမှုနှင့် ငွေကြေးလဲလှယ်မှုတွင် ငွေကြေးဖောင်းပွမှုများမှာ နှစ်နိုင်ငံလုံးအတွက် အန္တရာယ် ရှိကြောင်း၊ တရုတ်နိုင်ငံသည် ဩစတြေးလျ နိုင်ငံမှအမဲသားများ တင်ပို့မှုအပေါ်ပိတ်ပင်ခဲ့မှုကြောင့်လည်း ၂၀၂၀ ပြည့်နှစ်၊ ဧပြီလက စတင်၍သဘောထားကွဲလွဲမှုများဖြစ်ခဲ့ကြောင်း၊ ဩစတြေးလျမှ ဝိုင်တင်ပို့သည့် ကုမ္ပဏီ Shaw Wines ၏တရုတ်နှင့် စီးပွားရေး လုပ်ဆောင်မှုမှာကောင်းမွန်လျက်ရှိကြောင်း၊ ပေကျင်းမှ တိုက်ရိုက်ကုန်သွယ်မှု ပိတ်ပင်ရန်ကို မလိုလားကြောင်း တရုတ်နှင့် ကုန်သွယ်မှုပြုလုပ်နေသည့် Shaw နှင့် အခြားသော စီးပွားလုပ်ငန်းများမှ ပြောကြားခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ်က Liaoning ပြည်နယ်ရှိ Dalian ဆိပ်ကမ်း၌ ဩစတြေးလျ ကျောက်မီးသွေးများကို အကောက်အခွန်စစ်ဆေးရန် အချိန်ကို တိုးမြှင့်ခဲ့ခြင်းမှာလည်း သိမ်မွေ့စွာဖြင့် ကန့်သတ်ပိတ်ပင်ခဲ့ခြင်းဖြစ်ကြောင်း၊ တရုတ်သို့ ဩစတြေးလျပို့ကုန်များတင်ပို့မှုမှာ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလနှင့်နှိုင်းယှဉ်လျှင် မေလ၌ (၈) ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း၊ တရုတ်၊ အမေရိကန်နှင့် ဂျပန်နိုင်ငံတို့မှာ ဩစတြေးလျနိုင်ငံ၏ ပို့ကုန်အများဆုံး တင်ပို့သည့်နိုင်ငံများ ဖြစ်ကြောင်း၊တရုတ်အနေဖြင့် အခြားသောကုန်သွယ်ဖက် အများဆုံးနိုင်ငံဖြစ်သည့် ဘရာဇီးလ်နိုင်ငံ၌ COVID-19 ဆိုးရွားစွာ ဖြစ်ပွားလျက်ရှိသဖြင့် ကုန်သွယ်မှု နှေးကွေးလျက်ရှိရာ ဩစတြေးလျနိုင်ငံမှ အစားအစာနှင့် အဖျော်ယမကာများ ဆက်လက်ဝယ်ယူသွားမည်ဖြစ်ကြောင်း၊၂၀၂၀ပြည့်နှစ်၊ ဇန်နဝါရီလမှ မေလအထိဩစတြေးလျ နိုင်ငံမှ တင်သွင်းမှုမှာ မြင့်တက် ခဲ့ကြောင်း၊ ဘရာဇီးလ်နိုင်ငံမှ တင်သွင်းမှုမှာ ၂၀၂၀ ပြည့်နှစ်၊ မတ်လမှလွဲ၍ ကျန်သည့်လများတွင် (၄) ရာခိုင်နှုန်းလျော့ကျခဲ့ကြောင်း၊ တရုတ်-ဩစတြေးလျ ကုန်သွယ်ရေးစစ်ပွဲ မဖြစ်စေရန်နှင့် ရပ်တန့်နိုင်ရန်မှာ တရုတ်အနေဖြင့် အမေရိကန်နိုင်ငံနှင့် ယှဉ်ပြိုင် သကဲ့သို့ ဩစတြေးလျနှင့် မယှဉ်ပြိုင်သင့်ကြောင်း၊ ဩစတြေးလျှ၏ ထိပ်တန်းပို့ကုန်များမှာ ပညာရေး၊ ခရီးသွားလုပ်ငန်းနှင့် သတ္ထုတူးဖော်ခြင်းတို့ဖြစ်ပြီး ပို့ကုန်အများစုမှာ တရုတ်၏ ပို့ကုန်များနှင့်ယှဉ်ပြိုင်မှုမရှိသောကြောင့် နှစ်ဦးနှစ်ဖက် အကျိုးရှိသည့် ဆက်ဆံရေးဖြစ် ကြောင်း၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၁၆ ရက်နေ့ထုတ် South China Morning Post သတင်းစာ၌ Su-Lin tan က “Australia firms in China say bilateral tensions now a bigger risk than weak: survey” ခေါင်းစဉ်ဖြင့် ရေးသား ဖော်ပြထားပါသည်။

 

 

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: China (HongKong)