China(Beijing)

စီးပွားရေးတည်ငြိမ်စေရန် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ခြင်း

Last Updated:

တရုတ်နိုင်ငံသည် လာမည့် ၂၀၂၂ ခုနှစ်အတွင်း၌ ဘဏ္ဍာရေးမူဝါဒများ ပိုမိထိရောက်စေရန်၊ သုံးစွဲမှုများ တည်ငြိမ်စွာဖြင့် ပြန်လည်နာလန်ထူလာနိုင်စေရန် မျှော်မှန်း ချက်များ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာစေရန် အပါအဝင် နိုင်ငံစီးပွားရေး၏ အခြေခံအုတ်မြစ်များ တည်ငြိမ်မှုရှိစေရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စီးပွားရေးတည်ငြိမ်စေရန် အဓိကထားလုပ်ဆောင်သွားမည်ဖြစ်ပြီး ထိရောက်သည့် ဘဏ္ဍာရေးမူဝါဒ၊ ပွင့်လင်းမြင်သာသည့် ငွေကြေးမူဝါဒများ ဆက်လက်အကောင် အထည်ဖော်သွားမည်ဖြစ်ကြောင်း၊ အလားတူပင် ဖွံ့ဖြိုးတိုးတက်မှုပုံစံအသစ်ဖြစ်ပေါ်လာစေရန်၊ ပြုပြင်ပြောင်းလဲမှုများ ပိုမိုလုပ်ဆောင်ရန်၊ ကဏ္ဍစုံဖွင့်လှစ်ပေးမှုများ ဆောင်ရွက်ရန်၊ COVID-19 ကမ္ဘာ့ကပ်ရောဂါတိုက်ဖျက်မှုများ ပူးပေါင်းဆောင်ရွက်ရန်၊ လူမှုစီးပွားဘဝများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန်၊ စီဂပွားရေးအဓိက အညွှန်းကိန်းများအား သင့်တော်သည့်အတိုင်းအတာအတွင်း ထားရှိရန်အတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့အပြင် စီးပွားရေးမူဝါဒများ ထိရောက် ပြီး ပွင့်လင်းမြင်သာမှုရှိစေရန်၊ ငွေဖြစ်လွယ်မှုအား သင့်တော်ပြီး ဖြစ်နိုင်ခြေရှိသည့်အနေအထားတွင် ထိန်းသိမ်းခြင်းဖြင့် ငွေကြေးမူဝါဒများ အဆင်ပြေစေရန် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ အလားတူပင် ထိရောက်သည့် ရင်းနှီးမြှုပ်နှံမှုများ ကျယ်ပြန့်လာစေရန်အတွက် စီမံဆောင်ရွက်မှုများအပါအဝင် ပြည်တွင်းဝယ်လိုအား တိုးတက် လာစေမည့် ဗျူဟာများ ချမှတ်ဆောင်ရွက်သွားရန်မှာလည်း အရေးကြီးကြောင်း၊ ထို့အပြင် ထုတ်လုပ်မှုကဏ္ဍများ၌ ပြင်းထန်သည့်ပြိုင်ဆိုင်မှုများ ဖယ်ရှားခြင်း၊ တန်ဖိုး ချိတ်ဆက်ကူးပြောင်းမှုများ ခံနိုင်ရည်ရှိစေရေး မြှင့်တင်ခြင်းတို့ကို ဆက်လက်လုပ်ဆောင်သွားသင့်ကြောင်း၊ အလားတူပင် အိမ်၊ ခြံ၊ မြေဈေးကွက်နှင့်ပတ်သက်၍ အိမ် ဝယ်ယူသူများ၏ ဝယ်လိုအားနှင့် ကိုက်ညီမှုရှိစေရန် ပြည်သူလူထုလက်လှမ်းမီနိုင်သည့် အိမ်ယာစီမံကိန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေး ဆက်လက်လုပ်ဆောင်သွား သင့်ကြောင်း၊ တရုတ်သမ္မတ မစ္စတာရှီကျင့်ဖျင် ဦးဆောင်ကျင်းပခဲ့သည့် CPC ဗဟိုကော်မတီအစည်းအဝေးတွင် မူဝါဒရေးဆွဲသူများမှ ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ ပေကျင်းမြို့)

Source: http://www.chinadaily.com.cn/a/202112/07/WS61ae9790a310cdd39bc79b05.html

Category: China(Beijing)