Korea

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ပနိုင်ငံများရှိ မြန်မာစီးပွားရေးသံမှူးများ Video Conferencing ဖြင့်တွေ့ဆုံ၍ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး (၃)နှစ်စီမံချက်အပေါ် လမ်းညွှန်မှာကြားခဲ့ခြင်း

Last Updated:

၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၃၀) ရက်နေ့ မြန်မာစံတော်ချိန်(၁၃:၀၀) နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အစည်းအဝေးခန်းမ၌ Zoom Application ဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ပနိုင်ငံများရှိ မြန်မာစီးပွားရေးသံမှူးများ Video Conferencing စနစ်ဖြင့် တွေ့ဆုံ၍ အစည်းအဝေးကျင်းပဆောင်ရွက်ခဲ့ရာ မြန်မာသံရုံး၊ ဆိုးလ်မြို့ မှ စီးပွားရေးသံမှူး ဒေါ်ဝင်းပပသူ တက်ရောက်ခဲ့ပါသည်။

အဆိုပါအစည်းအဝေးတွင် ကိုရီးယားသမ္မတနိုင်ငံ၊ မြန်မာသံရုံး၊ ဆိုးလ်မြို့မှ  စီးပွားရေးသံမှူးသည် တရုတ် (ပေကျင်း)၊ တရုတ်(နန်နင်း)၊ တရုတ်(ဟောင်ကောင်)၊ ဂျပန်၊ စင်ကာပူ၊ အိန္ဒိယ၊ အမေရိကန်ပြည်ထောင်စုနှင့် ဘယ်လ်ဂျီယံနိုင်ငံတို့ရှိ မြန်မာစီးပွားရေးသံမှူးများနှင့်အတူ ၎င်းတို့တာဝန်ထမ်းဆောင်နေသည့် နိုင်ငံများနှင့် မြန်မာနိုင်ငံတို့အကြား ကုန်သွယ်မှုမြှင့်တင်ရေး(၃)နှစ် စီမံချက်အပေါ် ဆောင်ရွက်သွားမည့် အစီအမံများ၊ ကုန်သွယ်မှုဆိုင်ရာ အခွင့်အလမ်းများနှင့် စိန်ခေါ်မှုများ၊ အားသာချက် အားနည်းချက်များကို တင်ပြခဲ့ပါသည်။

မြန်မာစီးပွားရေးသံမှူးများ၏ တင်ပြချက်များအပေါ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့မှ  သက်ဆိုင်ရာနိုင်ငံအလိုက်လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပြီး၊ မြန်မာစီးပွားရေးသံမှူးများအနေဖြင့် နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးကိုအထောက်အကူပြုနိုင်ရန်အတွက် စွမ်းစွမ်းတမံကြိုးစားဆောင်ရွက်သွားကြရန်တိုက်တွန်းကြောင်း ဖြည့်စွက်မှာကြားခဲ့ပါသည်။

 

 

( မြန်မာစီးပွားရေးသံမှူး၊ ဆိုးလ်မြို့)

Category: Korea