China (HongKong)

စီးပွားရေးလုပ်ငန်း အသိအမှတ်ပြုသက်သေခံလက်မှတ် Certificate of Business Identity (CBI) လျှောက်ထားခြင်းဖြင့် စီးပွားရေးစျေးကွက်များ ချဲ့ထွင်နိုင်ရန် အခွင့်အလမ်းများ

Last Updated:

စီးပွားရေးလုပ်ငန်း အသိအမှတ်ပြုသက်သေခံလက်မှတ် Certificate of Business Identity (CBI) လျှောက်ထားခြင်းဖြင့် စီးပွားရေးစျေးကွက်များ ချဲ့ထွင်နိုင်ရန် အခွင့်အလမ်းများ

ဟောင်ကောင်အထူးချုပ်ရေးဒေသအခြေစိုက် Hong Kong General Chamber of Commerce (HKGCC) မှ Certificate of Business Identity (CBI) ထုတ်ပေးသည့် ဝန်ဆောင်မှုလုပ်ငန်း စတင် ဆောင်ရွက်နေပြီဖြစ် ကြောင်းနှင့် မြန်မာနိုင်ငံမှ စိတ်ပါဝင်စားသည့် ကုမ္ပဏီများ၊ စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် လျှောက်ထားနိုင်ကြောင်း၊

HKGCC မှ ထုတ်ပေးထားသော CBI ရှိသူများအနေဖြင့် ဟောင်ကောင်တွင် ကုမ္ပဏီမှတ်ပုံတင်ထား သည့် ကုမ္ပဏီများနှင့် စီးပွားရေးလုပ်ငန်းများအား လျင်မြန်လွယ်ကူစွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ဟောင်ကောင်၌ စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ရန် ပြဌာန်းထားသောအချက်များအား လိုက်နာဆောင်ရွက်ရ မည်ဖြစ်ကြောင်း၊

            HKGCC သည် ဟောင်ကောင်၌ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ်ထုတ်ပေးသည့် အဖွဲ့အစည်း ကြီးတစ်ခုဖြစ်ကြောင်းနှင့် တရားဝင်အသိအမှတ်ပြု လက်မှတ်ထုတ်ပေးသည့်ဝန်ဆောင်မှုအား နိုင်ငံတကာမှ အသိအမှတ်ပြု ရရှိထားပါကြောင်း၊ သို့ပါ၍ အသိအမှှတ်ပြုလက်မှတ်ရရှိရန် မြန်မာနိုင်ငံမှ စိတ်ပါဝင်စားသော ကုမ္ပဏီများနှင့် စီးပွားရေးလုပ်ငန်းများမှ လျှောက်ထားရန် ဖိတ်ခေါ်ပါကြောင်း၊ ယင်းအသိအမှတ်ပြုလက်မှတ် ရှိထားခြင်းဖြင့် ဟောင်ကောင်ကုမ္ပဏီများနှင့် အဆင်ပြေချောမွေ့စွာ စီးပွားရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုး တိုးတက်အောင်ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ စီးပွားရေးလုပ်ငန်းများအကြား အပြန်အလှန်ယုံကြည်မှု ရရှိစေနိုင်ပြီး ကုမ္ပဏီအသစ်များနှင့် လုပ်ငန်းစတင်လုပ်ကိုင်ရန်အတွက်လည်း ယုံကြည်စိတ်ချမှုရရှိနိုင် ပါကြောင်း၊

Certificate of Business Identity ၏ သက်တမ်းမှာ (၁) နှစ်ဖြစ်ပြီး HKGCC  အဖွဲ့ဝင်များအနေဖြင့် ဟောင်ကောင်ဒေါ်လာ ၈၀၀ (အမေရိကန်ဒေါ်လာ ၁၀၀ ခန့်) ဖြင့်သော်လည်းကောင်း၊ အဖွဲ့ဝင်မဟုတ်သူများ အနေဖြင့် ဟောင်ကောင်ဒေါ်လာ ၁၂၀၀ (အမေရိကန်ဒေါ်လာ ၁၅၀ ခန့်) ဖြင့်သော်လည်းကောင်း လျှောက်ထားရမည်ဖြစ်ပြီး နှစ်စဉ်သက်တမ်းတိုးမြှင့်သွားရမည်ဖြစ်ကြောင်းနှင့် CBI အသိအမှတ်ပြုလက်မှတ် ရှိသူများအနေဖြင့် စီးပွားရေးမိတ်ဖက်များ အလွယ်တကူရှာဖွေနိုင်မည်ဖြစ်ကြောင်း၊

HKGCC  မှထုတ်ပေးထားသော Certificate of Business Identity (CBI) လျှောက်ထားရန်နှင့် စပ်လျဉ်း၍ သိရှိလိုသည်များရှိပါက Chamber’s Director Mr.Thine Shek ၊ တယ်လီဖုန်း(852)2395 5515 နှင့်အီးမေးလ် [email protected] သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါကြောင်း၊

            ဟောင်ကောင်ဒေသသည် နိုင်ငံတကာဈေးကွက်ရှိသည့် ဒေသဖြစ်သည့်အတွက် မြန်မာနိုင်ငံမှ လုပ်ငန်းများအနေဖြင့် HKGCC ၏ CBI လက်မှတ်ရယူထားခြင်းဖြင့် နိုင်ငံတကာသို့ စီးပွာရေးဈေးကွက် ချဲ့ထွင်နိုင်ရန် အခွင့်အလမ်းများရရှိနိုင်မည်ဖြစ်ပါကြောင်း၊

           

 

Category: China (HongKong)