Japan

စီးပွားရေးအကျပ်အတည်းအတွက် အပိုထပ်ဆောင်းဘတ်ဂျက်အဖြစ် အမေရိကန်ဒေါ်လာ ၈၀ ဘီလီယံကျော် တိုးမြှင့်ရန် ဂျပန်စီစဉ်နေ

Last Updated:

ဂျပန်အစိုးရသည် ဧပြီလ ၁ ရက်နေ့တွင် စတင်ခဲ့သည့် ဘဏ္ဍာရေးနှစ်သစ်အတွင်း ကိုရိုနာ အကျပ်အတည်းကြောင့် စီးပွားရေးထိခိုက်မှုမှ ကာမိစေရန် ထပ်ဆောင်းဘတ်ဂျက်အဖြစ် အမေရိကန်ဒေါ်လာ ၈၀ ဘီလီယံကျော်ကို တိုးမြှင့် ဆောင်ရွက်ရန် ဆုံးဖြတ် ခဲ့ပါသည်။

ယခု ၂၀၂၀ ဘဏ္ဍာနှစ်အတွက် ထပ်ဆောင်းဘတ်ဂျက်သည် အမေရိကန်ဒေါ်လာ ၂၃၀ ဘီလီယံကျော် ဖြစ်လာပြီး ၎င်းဘတ်ဂျက်မှ အမေရိကန်ဒေါ်လာ ၁.၁ ထရီလီယံခန့် တန်ဖိုးရှိသည့် အရေးပေါ်စီးပွားရေးအစီအမံများကို ပံ့ပိုးဆောင်ရွက်သွားရန် ပြင်ဆင် နေပါသည်။

အဆိုပါ အစီအစဉ်များတွင် ဂျပန်တွင် နေထိုင်ခွင့်မှတ်ပုံတင်ထားသည့်လူများအတွက် ယန်းတစ်သိန်း ပံ့ပိုးပေးမည့် အစီစဉ်လည်းပါဝင်ပါသည်။ ဂျပန်အစိုးရအဖွဲ့အနေဖြင့် ဘတ်ဂျက်လိုငွေပြမှုမှ ကာမိစေရန် ငွေချေးစာချုပ်များကို ထပ်မံရိုက်နှိပ်သွားမည် ဖြစ်ပါကြောင်း၊ ယခုနှစ်အတွင်း ထုတ်ဝေမည့် ငွေချေးစာချုပ်များ၏ တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၅၄၀ ဘီလီယံ ခန့်ရှိကြောင်းနှင့် ဂျပန်၏ နှစ်စဉ်ဝင်ငွေ၏ ၄၅ % ကျော်သည် အစိုးရငွေချေးစာချုပ်များမှရရှိသည့် ရန်ပုံငွေအပေါ် မှီတည်နေခြင်းဖြစ် ကြောင်းသိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဂျပန်နိုင်ငံ)

Category: Japan