China(Nanning)

ဆီလီကွန်နှင့် မဂ္ဂနိစ် သတ္တုစပ်ဖြစ်သည့် ဆီလီကိုမဂ္ဂနိစ် (Silicomanganese) လက်ငင်းဈေးနှုန်းများ ဆက်လက်အားပျော့နေဖွယ်ရှိ

Last Updated:

နိုဝင်ဘာလ (၄) ရက်နေ့တွင် နင်းရှရှိ အဓိကစက်မှုကုန်ထုတ်လုပ်သူများထံမှ ဈေးခေါ်ထားသည့် ဆီလီကွန်နှင့် မဂ္ဂနိစ်သတ္တုအရော ဆီလီကိုမဂ္ဂနိစ် (Silicomanganese) ဈေးနှုန်းများမှာ တစ်တန်လျှင် ယွမ်ငွေ (၉,၉၀၀) မှ (၁၀,၃၀၀) ကြားဖြစ်ပါသည်။ ၎င်းသတ္တုစပ်၏ အောက်တိုဘာလအတွင်း ပေါက်ဈေးမှာ တစ်တန်လျှင် ယွမ်ငွေ (၁၂,၈၀၀) ဖြစ်ပြီး၊ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလအတွင်း ပေါက်ဈေးမှာ တစ်တန်လျှင် ယွမ်ငွေ (၆,၀၈၀) ဖြစ်ပါ သည်။

မကြာမီကာလအတွင်း သံမဏိစက်ရုံများအတွက် တင်ဒါခေါ်ယူသောအရေအတွက် ကျဆင်းခဲ့သောကြောင့် ဈေးကွက်ဝယ်လိုအား များစွာမကောင်းလှပါ။ နိုဝင်ဘာ လ (၃) ရက်နေ့တွင် ဟာပေရှိ သံနှင့် သံမဏိအုပ်စုက နိုဝင်ဘာလအတွင်း ပထမဆုံး ဆီလီကွန် မဂ္ဂနိစ်ဈေးနှုန်းစုံစမ်းမှုကို စတင်ကြေညာပြုလုပ်ခဲ့ပါသည်။             

နိုဝင်ဘာလအတွင်း ဝယ်ယူမည့် ဆီလီကွန်မဂ္ဂနိစ်ပမာဏမှာ တန်ချိန် (၁၂,၃၅၀) တန်ဖြစ်ပြီး၊ အောက်တိုဘာလအတွင်း ဝယ်ယူခဲ့သည့်တန်ချိန်ထက် (၄,၆၅၀) တန် လျော့နည်းသွားပါသည်။  ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလအတွင်း ဝယ်ယူခဲ့သည့် ပမာဏမှာ တန်ချိန် (၂၂,၆၀၀) တန်ဖြစ်ပါသည်။

လက်ရှိအချိန်တွင် သံနှင့် သံမဏိထုတ်လုပ်သည့် လုပ်ငန်းများက ဈေးနှုန်းကို အဖြစ်လောက်သာ စုံစမ်းနေကြခြင်းကြောင့် ဝယ်လိုအားဘက်တွင် အားနည်းနေသည့် သဘောရှိပါသည်။ သို့ရာတွွင်  မဂ္ဂနိစ်သတ္တုရိုင်းကုန်ကြမ်းဈေးကွက်မှာ အားကောင်းနေဆဲဖြစ်ခြင်းနှင့် နေရာအများအပြားတွင် လျှပ်စစ်နှုန်းထားများ လတ်တလော မြင့်တက်လာသည့်သတင်းများကြောင့်  ကုန်ပစ္စည်းရောင်းထွက်ရေးအတွက် ဈေးနှုန်းထပ်မံလျှော့ချရန် သတ္တုစပ်ထုတ်လုပ်သည့်ကုမ္ပဏီအများစုက ဆန္ဒမရှိကြ ကြောင်း သိရပါသည်။

ထိုသို့ဖြစ်ပေါ်နေသည့် ရောင်းလိုအားနှင့် ဝယ်လိုအားတို့ကြားတွင် ဆီလီကိုမဂ္ဂနိစ် လက်ငင်းဈေးနှုန်းမှာ ရေတိုကာလတွင် အားပျော့နေနိုင်ကြောင်း သုံးသပ်ရရှိပါ သည်။

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

ရင်းမြစ်၊ SunSirs (၅-၁၁-၂၀၂၁)

Category: China(Nanning)