China(Nanning)

ဇူလိုင်လ (၁၃) ရက်နေ့တွင် ဗီယက်နမ်ဆန်ဈေးနှုန်း အနည်းငယ်ကျဆင်းခဲ့

Last Updated:

ဇူလိုင်လ (၁၃)ရက်နေ့တွင် ဗီယက်နမ်နိုင်ငံ၌ NL IR 504 ဆန်ဈေးနှုန်းမှာ တစ်ကီလိုဂရမ်လျှင် ၈,၄၀၀ - ၈,၄၅၀ VND ကြား၊ ဆန်ချော တစ်ကီလို ဂရမ်လျှင် ၈,၇၅၀ – ၈,၈၀၀ VND ကြား၊ IR 504 ၏စျေးနှုန်းမှာ တစ်ကီလိုဂရမ်လျှင် ၈,၆၀၀ မှ ၈,၇၀၀ VND ကြား၊ ဖွဲနုခြောက် တစ်ကီလိုဂရမ်လျှင်  ၉,၂၀၀ – ၉,၂၅၀ VND ကြား အသီးသီး ရှိသည်ကို တွေ့ရပါသည်။

An Giang တွင် လတ်ဆတ်သော Long An ကောက်ညှင်းဈေးမှာ တစ်ကီလိုဂရမ်လျှင် VND ၁၀၀ ကျဆင်းကာ ၅,၉၀၀ - ၆,၁၀၀ VND  သို့ လည်းကောင်း၊   Dai Thong 8 ဆန်မှာ တစ်ကီလိုဂရမ်လျှင်  VND ၁၀၀ ကျဆင်းကာ ၅,၉၀၀-၅,၁၀၀ VND သို့လည်းကောင်း အသီးသီးကျဆင်းခဲ့ပါသည်။ ၎င်းဆန်များမှအပ ကျန်စပါးမျိုးများ တည်ငြိမ်ခဲ့ကြောင်း ဖော်ပြပါဇယား၌  တွေ့မြင်နိုင်ပါသည်။  

လက်ရှိတွင် ဗီယက်နမ်၏ ဆန်ကွဲ ၅ ရာခိုင်နှုန်းပါဝင်သော ဆန်စျေးနှုန်းမှာ တစ်တန်လျှင် အမေရိကန်ကန်ဒေါ်လာ ၄၁၈၊  ဆန်ကွဲ ၂၅ ရာခိုင်နှုန်းပါဝင်သည့် ဆန်ဈေးနှုန်းမှာ တစ်တန်လျှင် ဒေါ်လာ ၄၀၃ နှင့်   ၁၀၀ ရာခိုင်နှုန်း ဆန်ကွဲမှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၈၃ ဖြစ်ပါသည်။

၂၀၂၂ ခုနှစ်၊ ဇွန်လတွင် ဗီယက်နမ်နိုင်ငံသို့ တင်ပို့ခဲ့သော ဆန်ဈေးသည် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၉၃ ရှိခဲ့ပြီး ယခင်လထက် (၂.၃) ရာခိုင်နှုန်း တက်လာခဲ့ပါသည်။ ယခုနှစ် ပထမနှစ်ဝက်တွင် ဗီယက်နမ်နိုင်ငံ၏ ဆန်တင်ပို့မှုတန်ဖိုးသည် တန်ချိန် (၃.၅) သန်းနှင့်  တန်ဖိုးအားဖြင့်  အမေရိကန်ဒေါ်လာ ၁.၆ ဘီလီယံရှိခဲ့ရာ၊ ယခင်နှစ်အလားတူကာလကထက် တန်ချိန်အားဖြင့် ၆ ရာခိုင်နှုန်းနှင့် တန်ဖိုးအားဖြင့်   ၁၆ ရာခိုင်နှုန်း အသီးသီး တိုးတက်ခဲ့ပါသည်။

 

( ဒေါက်တာရွှေစင်ကို၊ ကုန်သွယ်ရေးဦးစီးဌာန)

သတင်းရင်းမြစ်၊ https://vinanet.vn/nong-san/thi-truong-lua-gao-hom-nay-137-gia-lua-giam-759518.html

Category: China(Nanning)