Singapore

ဇူလိုင်လတွင် စင်ကာပူနိုင်ငံ၏ ကုန်စည်ကုန်သွယ်မှု ၈.၉ ရာခိုင်နှုန်း ကျဆင်း၊ စက်သုံးဆီ မဟုတ်သော ပြည်တွင်းထုတ်ပို့ကုန်မှာ ၆ ရာခိုင်နှုန်းတိုးတက်ခဲ့

Last Updated:

စင်ကာပူနိုင်ငံ ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာန၏ ၁၇ - ၈ - ၂၀၂၀ ရက်နေ့တွင် သတင်းထုတ်ပြန်ချက်အရ ၂၀၂၀ ခုနှစ်၊ ဇူလိုင်လတွင် စင်ကာပူ၏ ကုန်စည်ကုန်သွယ်မှုပမာဏ သည် ယခင်နှစ်အလားတူကာလနှင့် နှိုင်းယှဉ် ပါက ၈.၉ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး၊ ပို့ကုန်ပိုင်းတွင် ၇.၉ ရာခိုင်နှုန်းနှင့် သွင်းကုန်ပိုင်းတွင် ၉.၉ ရာခိုင်နှုန်း အသီးသီးကျဆင်းခဲ့ကြောင်း သိရှိရပါသည်။

ကာလအလိုက်ညှိနှိုင်းမှုစာရင်းအရ ဇူလိုင်လတွင် ပို့ကုန်တန်ဖိုး စင်ကာပူဒေါ်လာ ၃၉.၅ ဘီလီယံကျော်နှင့် သွင်းကုန်တန်ဖိုး စင်ကာပူဒေါ်လာ ၃၆.၂ ဘီလီယံကျော်ရရှိခဲ့သည့်အတွက် စုစုပေါင်းကုန်စည်ကုန်သွယ်မှုသည် စင်ကာပူ ဒေါ်လာ ၇၅.၈ ဘီလီယံ ဖြစ်ပေါ်ခဲ့ကြောင်း ဖော်ပြထားပါသည်။

 ဇူလိုင်လအတွင်း စက်သုံးဆီမဟုတ်သော ပြည်တွင်းထုတ်ပို့ကုန် (Non-Oil Domestic Exports) သည် ၆ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း၊ စက်သုံးဆီမဟုတ်သောပြည်တွင်းထုတ်ပို့ကုန်များကို အီလက်ထရွန်နစ်ပစ္စည်းပို့ကုန်နှင့် အီလက်ထရွန်နစ်ပစ္စည်းမဟုတ်သောပို့ကုန်ဟူ၍ နှစ်မျိုး ခွဲခြားထားရာ အီလက်ထရွန်နစ်ပစ္စည်းပို့ကုန်မှာ ၂.၈ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး၊ အီလက်ထရွန်နစ် ပစ္စည်းမဟုတ်သောပို့ကုန်မှာ ၆.၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ အီလက်ထရွန်နစ်ပစ္စည်းပို့ကုန် တင်ပို့မှု တိုးတက်ခဲ့ခြင်းမှာ အဓိကအားဖြင့် Disk Media ပစ္စည်း (၂၃%)၊ ဆက်သွယ်ရေးကိရိယာ ပစ္စည်းများ (၁၈.၂%) နှင့် ICs (၁.၅%) တို့ကို တိုးမြှင့်တင်ပို့နိုင်ခဲ့ခြင်းကြောင့်ဖြစ်ပြီး၊ အီလက်ထရွန် နစ်ပစ္စည်းမဟုတ်သောပို့ကုန်များတိုးတက်ခဲ့ခြင်းမှာ အထူးသဖြင့် ရွှေ (၂၂၇.၉%)၊ အထူးထုတ်လုပ် ထားသောစက်ပစ္စည်း (၆၀.၁%) နှင့် ဆေးဝါးပစ္စည်း (၁၅.၅%) တို့ကို ပိုမိုတင်ပို့နိုင်ခဲ့ခြင်းကြောင့် ဖြစ်ပါကြောင်း၊ အဆိုပါစက်သုံးဆီမဟုတ်သောပြည်တွင်းထုတ်ပို့ကုန်များကို ဟောင်ကောင်၊ အင်ဒို နီးရှား၊ ထိုင်း၊ တရုတ်နှင့် အီးယူ ၂၇ နိုင်ငံတို့မှလွှဲ၍ စင်ကာပူ၏ အခြားအဓိကစျေးကွက်များသို့ တိုးမြှင့်တင်ပို့နိုင်ခဲ့ပြီး၊ အထူးသဖြင့် အမေရိကန် (၉၈.၇%)၊ တောင်ကိုရီးယား (၅၆.၃%) နှင့် ထိုင်ဝမ် (၁၈.၇%) စျေးကွက်များသို့ ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း၊ သို့ရာတွင် ဖွံ့ဖြိုးဆဲစျေးကွက်များသို့ တင်ပို့မှုသည် ၂၂ ရာခိုင်နှုန်း လျော့နည်းခဲ့ကြောင်း ဖော်ပြထားပါသည်။

ဇူလိုင်လတွင် စက်သုံးဆီတင်ပို့မှုအနေဖြင့် အီးယူ ၂၇ နိုင်ငံ (- ၈၇.၈%) ၊ အင်ဒိုနီးရှား        (- ၅၉.၃%) နှင့် မလေးရှား (- ၃၃.၄%) နိုင်ငံများသို့ တင်ပို့မှုကျဆင်းခဲ့သည့်အတွက် စင်ကာပူ၏ စက်သုံးဆီပို့ကုန်သည် ၅၀.၉ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်းနှင့် စက်သုံးဆီမဟုတ်သောကုန်ပစ္စည်း များပြန်လည်တင်ပို့မှု (Non-Oil Re-exports) သည်လည်း ၂.၈ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ စင်ကာပူနိုင်ငံ)

သတင်းရင်းမြစ် ။    ။ Ministry of Trade & Industry, Singapore

Category: Singapore