China(Beijing)

တင်သွင်းမည့်ကုန်စည်များအပေါ် အကောက်ခွန်နှုန်း လျှော့ချဖယ်ရှားပေးမည်ဟု ထုတ်ပြန်ခဲ့ခြင်း

Last Updated:

တရုတ်နိုင်ငံသည် ၂၀၂၂ ခုနှစ်မှ စတင်၍ အရည်အသွေးမြင့်မားသည့် ဖွင့်လှစ်ပေးမှုများ ပိုမိုတိုးတက်လာစေရန်၊ ဖွံ့ဖြိုးတိုးတက်မှုပုံစံအသစ်အား အထောက်အကူပြုစေ ရန်ရည်ရွယ်၍ နိုင်ငံအတွင်းသို့ တင်သွင်းလာမည့် ကုန်စည်များ၊ ကုန်ပစ္စည်းများအပေါ် ကောက်ခံမည့် အကောက်ခွန်နှုန်းထားများအား လျှော့ချခြင်း၊ ဖယ်ရှားခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့မှစတင်၍ ဆေးဝါးများ၊ စားသောက်ကုန်များ၊ ဆောင်းရာသီအားကစားကိရိယာများ၊ မော်တော် ယာဉ်အစိတ်အပိုင်းအပါအဝင် ကုန်စည် (၉၅၄) မျိုးအား ပုံမှန်အကောက်ခွန်နှုန်း (MFN အကောက်ခွန်နှုန်း) ထက်လျှော့ချကောက်ခံသွားမည်ဖြစ်ကြောင်း၊ ကင်ဆာကုသ ဆေးများ၊ ဆီဆေးပန်းချီကားများ၊ နှစ်ပေါင်းရာကျော်သက်တမ်းရှိသည့် အနုပညာပစ္စည်းများ တင်သွင်းမှုများအပေါ် ကောက်ခံလျက်ရှိသည့် အကောက်ခွန်နှုန်းအား ဖယ်ရှားပေးမည်ဟု တရုတ်နိုင်ငံတော်ကောင်စီ၏ အကောက်ခွန်ကော်မရှင်မှ ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရှိရပါသည်။

ထိုကဲ့သို့ ထုတ်ပြန်ရာတွင် နည်းပညာဆိုင်ရာ ထုတ်ကုန် (၆၂) မျိုးအတွက် ပုံမှန်ကောက်ခံသည့် အကောက်ခွန်နှုန်းအား ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၁) ရက်နေ့မှစတင်၍ (၇) ကြိမ်မြောက် လျှော့ချပေးမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ ပြင်ဆင်ပြီးသည့်အခါ တရုတ်နိုင်ငံ၏ စုစုပေါင်းအကောက်ခွန်နှုန်းသည် (၇.၄) ရာခိုင်နှုန်း၌ ဆက်လက်တည်ရှိမည် ဖြစ်ကြောင်း၊ ယခုကဲ့သို့ ပြုပြင်ပြောင်းလဲမှုများဆောင်ရွက်ခြင်းသည် ပြည်တွင်းစက်မှုလုပ်ငန်းများ ချိတ်ဆက်ကူးပြောင်းမှုများ တည်ငြိမ်စေရန်၊ အရည်အသွေးလုံခြုံ စိတ်ချရမှုများ ဆက်လက်ထိန်းသိမ်းနိုင်ရန်၊ သိပ္ပံနှင့် နည်းပညာတီထွင်ဆန်းသစ်မှုများ၊ အရည်အသွေးမြှင့်တင်မှုများအား အထောက်အပံ့ဖြစ်စေရန်၊ တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် စံချိန်စံညွှန်းမြင့်မားသည့် လွတ်လပ်သောကုန်သွယ်ရေးဇုန်များ အချင်းချင်းချိတ်ဆက်ဆောင်ရွက်နိုင်သည့် ကွန်ယက်တည်ထောင်နိုင်ရန်နှင့် အဆင့် အတန်းမြင့်မားသည့် ဖွင့်လှစ်ပေးမှုများ ဆက်လက်မြှင့်တင်နိုင်ရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်သည်ဟု ဖော်ပြထားကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ပေကျင်းမြို့)

Source: https://www.globaltimes.cn/page/202112/1241606.shtml

Category: China(Beijing)