China (HongKong)

တရုတ် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဟောင်ကောင်ဒေသ၌ ကျင်းပပြုလုပ်မည့် စီးပွားရေးလုပ်ငန်း များ စတင်ဆောင်ရွက်မည့် လုပ်ငန်းများပွဲတော်အား ရပ်ဆိုင်းထားရခြင်း

Last Updated:

၂၀၁၃ ခုနှစ်မှ စတင်၍ InvestHK က ဆောင်ရွက်ခဲ့သည့် စီးပွားရေးလုပ်ငန်းများ စတင် ဆောင်ရွက်မည့် လုပ်ငန်းများပွဲတော် (Business start-ups Festival) ‘StartmeupHK Festival’ အား ဟောင်ကောင်ဒေသ၌ နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိကြောင်း၊ ယခုနှစ်တွင် ၁၀-၂-၂၀၂၀ ရက်နေ့မှ ၁၅-၂-၂၀၂၀ ရက်နေ့အထိ Hong Kong Convention and Exhibition Centre ၌ ကျင်းပပြုလုပ်ရန် စီစဉ်ထားမှုအား ရွှေ့ဆိုင်းခဲ့ရကြောင်း၊ ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံပေါင်း (၅၄) နိုင်ငံမှ ကိုယ်စားလှယ် ၁၇,၀၀၀ ဦး၊ ဆွေးနွေးပြောကြားမည့်သူ ၃၀၀ ဦးနှင့် ပြပွဲပါဝင်ပြသူ ၄၀၀ ဦးခန့် ပါဝင်တက်ရောက်ရန် ရှိကြောင်း၊ အဆိုပါပွဲတော်တွင် နိုင်ငံတကာမှ စီးပွားရေးပညာရှင်များနှင့် တက္ကသိုလ်မှ ပညာရှင်များ ပါဝင်တက်ရောက်၍ ဉာဏ်ရည်တုများနှင့် နည်းပညာ သုတေသနပြုစုခြင်းများ၊ ဗီဒီယိုဂိမ်း၊ လက်လီရောင်းချခြင်းနှင့် ခရီးသွားလုပ်ငန်းများတွင် နည်းပညာပိုင်းဆိုင်ရာ လွှမ်းမိုးမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေးကြရန် စီစဉ်ထားသော်လည်း ရွှေ့ဆိုင်းခဲ့ရကြောင်း၊ အိမ်ခြံမြေရောင်းဝယ်မှု စီးပွားရေးလုပ်ငန်းများနှင့် spring receptions ကျင်းပပြုလုပ်မည့် အစီအစဉ်များအားလည်း ရွှေ့ဆိုင်းခဲ့ရကြောင်း ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီ လ ၂ ရက်နေ့တွင် South China Morning Post ၌ Mr. Eric Ng က ရေးသားဖော်ပြထားပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

Category: China (HongKong)