China (HongKong)

တရုတ်ကိုရိုနာဗိုင်းရပ်စ်ကြောင့် အမေရိကန်မှ တရုတ်ပြည်မကြီးနှင့် လေကြောင်းလိုင်းများ ရပ်တန့်ရန် စဉ်းစားလာမှုသည် ဟောင်ကောင်ဒေသသို့ ရိုက်ခတ်လာနိုင်ခြင်း

Last Updated:

Lufthansa Group, British Airways, Indonesia’s Lion Air Group နှင့် Air Canada တို့မှ တရုတ်ပြည်မကြီးသို့ ပြေးဆွဲသည့် လေကြောင်းလိုင်းများအား ရပ်တန့်လိုက်ကြောင်း၊ United Airlines, American Airlines, IndiGo, Finnair, Delta Air Lines နှင့် Jetstar Asia လေကြောင်းလိုင်းများမှလည်း လေကြောင်းလိုင်းများ ပြေးဆွဲမှုလျော့ချဆောင်ရွက်လျက်ရှိ ကြောင်း၊ Virgin Atlantic လေကြောင်းလိုင်းက ကနဦးပြောကြားရာတွင် ၂၉-၂-၂၀၂၀ ရက်နေ့ မတိုင်ခင်ထိ တရုတ်ပြည်မကြီးနှင့် ဟောင်ကောင်သို့ လေယာဉ်ခရီးစဉ်များ ပြေးဆွဲနိုင်မည် မဟုတ်ဟု ပြောကြားခဲ့သော်လည်း ရှန်ဟိုင်းနှင့် ဟောင်ကောင်သို့ ဆက်လက်ပြေးဆွဲမည်ဖြစ်ပြီး ကြိုတင်လက်မှတ်မှာယူထားသူများမှ လေယာဉ်လက်မှတ်အား ရက်ပြောင်း၍ ပြန်လည် ဘွတ်ကင်လုပ်ရန် (သို့မဟုတ်) ခရီးစဉ်အား ဖျက်သိမ်းလိုပါက လေယာဉ်လက်မှတ်ဖိုးများ ပြန်လည်ထုတ်ယူရန် ရွေးချယ်ခွင့်ပေးထားသည်ဟု ပြန်လည်ပြင်ဆင်ပြောကြားခဲ့ကြောင်း၊ အမေရိကန်နိုင်ငံအနေဖြင့် အမေရိကန်နှင့် တရုတ်နိုင်ငံတို့အကြား လေကြောင်းပြေးဆွဲမှုအား ရပ်တန့်ရန် စဉ်းစားရမည်ဟု ပြောကြားခဲ့ပြီး၊ အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျယ်လိစ်မှ ပေကျင်း သို့ ပြေးဆွဲမည့် လေကြောင်းလိုင်းများအား ၉-၂-၂၀၂၀ ရက်နေ့မှ ၂၇-၃-၂၀၂၀ ရက်နေ့အထိ ရပ်တန့်မည်ဟု ပြောကြားခဲ့သော်လည်း အမေရိကန်နိုင်ငံ၊ Dallas မှ တရုတ်ပြည်မကြီးနှင့် ဟောင်ကောင်ဒေသတို့သို့ လေကြောင်းလိုင်းများ ဆက်လက်ပြေးဆွဲသွားမည်ဟု ကြေငြာခဲ့ ကြောင်း၊ Lufthansa လေကြောင်းလိုင်းနှင့် Swiss International Airlines နှင့် Austrian လေကြောင်းလိုင်းတို့ကလည်း တရုတ်ပြည်မကြီးနှင့် တစ်ပတ်လျှင် အသွားအပြန်လေကြောင်း လိုင်း ၁၀၀ လိုင်းခန့် ပြေးဆွဲနေမှုအား ၉-၂-၂၀၂၀ ရက်နေ့အထိ ရပ်တန့်ထားမည်ဖြစ်ကြောင်း၊ British Airways ကလည်း တရုတ်ပြည်မကြီးနှင့် တိုက်ရိုက်ပြေးဆွဲမှုအား ၁-၃-၂၀၂၀ ရက်နေ့အထိ လေယာဉ်လက်မှတ် ကြိုတင်ဝယ်ယူမှုများအား လက်ခံမည်မဟုတ်ကြောင်းနှင့် ဟူဘေးပြည်နယ်သို့ သွားရောက်မှုအား ရှောင်ရှားရန် အကြံပြုထားကြောင်း၊ Air Canada ကပြောကြားရာတွင် ၂၉-၂-၂၀၂၀ ရက်နေ့ မတိုင်ခင်အထိ တရုတ်ပြည်မကြီးနှင့် ပြေးဆွဲသည့် လေကြောင်းလိုင်းများ အားလုံးအား ရပ်တန့်မည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသို့ ခရီးသည်များ သွားရောက်မှုသိသိသာသာ လျော့ကျခဲ့မှုကြောင့် United Airlines က ဟောင်ကောင်ဒေသ အပါအဝင် လေကြောင်းလိုင်း ၂၄ လိုင်းအား ၈-၂-၂၀၂၀ ရက်နေ့မတိုင်ခင်အထိ ရပ်တန့်ခဲ့ ကြောင်း၊ တရုတ်ပြည်မကြီးမှ လာရောက်သည့် ခရီးသွားများ လာရောက်ခြင်း မရှိသောကြောင့် JetstarAisa ကလည်း တရုတ်ပြည်မကြီးသို့ ပြေးဆွဲသည့် လေကြောင်းလိုင်း ၃ လိုင်းအား ရပ်နားထားကြောင်း၊ Delta Air Lines ကလည်း အမေရိကန်နှင့် တရုတ်ပြည်မကြီးအကြား ၆-၂-၂၀၂၀ ရက်နေ့မှ ၃၀-၄-၂၀၂၀ ရက်နေ့အထိ လေကြောင်းလိုင်း တစ်ဝက်ခန့်အား လျော့ချ မည်ဖြစ်ကြောင်း၊ နယ်သာလန်နိုင်ငံ၏ KLM နှင့် Air France လေကြောင်းလိုင်းတို့မှ တရုတ်ပြည်မကြီးသို့ လေကြောင်းလိုင်းပြေးဆွဲမှုအား ရပ်တန့်လိမ့်မည် မဟုတ်သော်လည်း ၂၉-၂-၂၀၂၀ မတိုင်ခင်အထိ အစီအစဉ်ပြောင်းလဲမှုများ ရှိနိုင်ကြောင်း၊ KLM လေကြောင်းလိုင်း အနေဖြင့် ချန်ဒူး၊ ဟန်ကျိုးနှင့် ရှီမန်လေကြောင်းလိုင်းများအား ယာယီရပ်ဆိုင်းထားပြီး ရှန်ဟိုင်း နှင့်ပေကျင်းတို့သို့ တစ်နေ့လျှင် တစ်ကြိမ်ပြေးဆွဲမည်ဖြစ်ကြောင်း၊ Air France အနေဖြင့် ဝူဟန် လေကြောင်းလိုင်းများအား ရပ်တန့်ထားကြောင်း၊ Spain Iberia လေကြောင်းလိုင်း အနေဖြင့် လည်း Madrid မှ Shanghaiသို့ သွားရောက်မည့် လေယာဉ်လက်မှတ်များ ရောင်းချမှုအား မတ်လအစောပိုင်းအထိ ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း၊ ဝူဟန်ဒေသမှ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှု မြင့်တက်လာမှုနှင့် နိုင်ငံအနှံ့အပြားသို့ ပျံ့နှံ့ရောက်ရှိခဲ့မှုကြောင့်၂၃-၁-၂၀၂၀ ရက်နေ့မှ ၂၇-၁-၂၀၂၀ ရက်နေ့အထိ လေကြောင်းလိုင်း ၇၅,၀၀၀ ကျော်အား ရပ်တန့်ခဲ့ကြောင်း၊ ဟောင်ကောင် ဒေသနှင့် တရုတ်ပြည်မကြီးတို့အကြား လေကြောင်းလိုင်းများ ပြေးဆွဲမှုအား တစ်ဝက်ခန့် လျော့ချရန် ၂၈-၁-၂၀၂၀ ရက်နေ့တွင် ဟောင်ကောင်၌ လေကြောင်းလိုင်းအားလုံးအား ညွှန်ကြားခဲ့ကြောင်း၊ Cathay Pacific လေကြောင်းလိုင်းမှလည်း ဝန်ထမ်းများနှင့် ခရီးသည်များ အကြားထိတွေ့မှုအား လျော့ချနိုင်ရန် အစားအစာများနှင့် သောက်သုံးရေများအား တစ်ခါ သုံးအိတ်များဖြင့် ချွေတာရေးတန်းလက်မှတ်ခရီးသည်များအတွက် စီစဉ်ပေးမည်ဖြစ်ပြီး ပထမ တန်းနှင့် အဆင့်မြင့်လက်မှတ်ဖြင့် လိုက်ပါမည့် ခရီးသည်များအတွက် အစားအစာအားလုံးကို ဗန်းတစ်ခုထဲတွင်ထည့်၍ ပြင်ဆင်ပေးထားမည်ဖြစ်ပြီး ခေါင်းအုံး၊ စောင်များနှင့် မဂ္ဂဇင်းများ ထားပေးသည့် ဝန်ဆောင်မှုအား ယာယီရပ်တန့်ထားမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ ဆောင်ရွက် ခြင်းမှာ ခရီးသွားများ ကျန်းမာရေးဘေးကင်းလုံခြုံမှုအတွက် ယာယီဆောင်ရွက်ခြင်းဖြစ်ကြောင်း ၂၀၂၀ပြည့်နှစ်၊ ဇန်နဝါရီလ ၂၉ ရက်နေ့တွင် South China Morning Post ၌ Mr. Danny Lee က ရေးသားဖော်ပြထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

 

Category: China (HongKong)