China (Kunming)

တရုတ်နိုင်ငံ (ယူနန်) နှင့် ကမ္ဘောဒီးယား တတ်သိပညာရှင်များ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး

Last Updated:

ယူနန်လူမှုသိပ္ပံအကယ်ဒမီနှင့် ကမ္ဘောဒီးယား အမျိုးသားသံတမန်ရေးနှင့် နိုင်ငံတကာဆက်ဆံရေးအင်စတီကျုတို့သည် အွန်လိုင်းပူးပေါင်းဆောင်ရွက်မှု အတွက် နားလည်မှုစာချွန်လွှာ (MoU) ကို လက်မှတ်ရေးထိုးခဲ့သည်။

နှစ်ဖက်ပုဂ္ဂိုလ်များ ဖလှယ်ရေး၊ စာပေဖလှယ်ရေး၊ ပူးတွဲဖိုရမ် သို့မဟုတ် နှီးနှောဖလှယ်ပွဲများနှင့် ပူးတွဲလေ့လာမှုများ ဆောင်ရွက်မည်ဖြစ်ကြောင်း နားလည်မှုစာချွန်လွှာတွင် ဖော်ပြထားသည်။ လက်မှတ်ရေးထိုးသည့် အခမ်းအနားတွင် RCEP အကျိုးသက်ရောက်ပြီးနောက် တရုတ်- ကမ္ဘောဒီးယား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၏ အခွင့်အလမ်းသစ်များနှင့် အင်္ဂါရပ်များနှင့်ပတ်သက်၍ ပညာရှင်များနှင့် ကျွမ်းကျင်သူများ၏ ပညာရပ်ဆိုင်ရာ စာတမ်းဖတ်ပွဲကို ကျင်းပခဲ့ပါသည်။ ဒစ်ဂျစ်တယ်စီးပွားရေးတွင် တရုတ်-ကမ္ဘောဒီးယား ပေါင်းစပ်ညှိနှိုင်းမှုအရ လူမှုဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များ နှင့် ပူးပေါင်းဆောင်ရွက်နိုင်သည့် အလားအလာများအောက်တွင် ပညာရှင်များက ဆွေးနွေးခဲ့ကြသည်။

(မြန်မာစီးပွားရေးသံမှူး၊ ကူမင်းမြို့)

ရင်းမြစ်  Yunnan, Cambodian think tanks sign cooperative MoU - News - Yunnan Express

 

Category: China (Kunming)