China (Kunming)

တရုတ်နိုင်ငံ ရှန်ဒုံးပြည်နယ်၏ ကြက်သွန်မြိတ်စွမ်းရည်ပြိုင်ပွဲ

Last Updated:

တရုတ်နိုင်ငံ၊ရှန်ဒုံးပြည်နယ် ဂျန်ချွီးခရိုင်မှ လယ်သမားများသည် လွန်ခဲ့သည့် အောက်တိုဘာလက ကြက်သွန်မြိတ်များကို စတင်ရိတ်သိမ်းနေပြီဖြစ်ကြောင်း ဂျန်ချွီးခရိုင်သည် ရှည်ပြီး၊ မွှေးကြိုင်ကြွပ်ရွ၍ ရှည်လျားသော ကြက်သွန်မြိတ်များ ပေါက်ရောက်သည့်ဒေသအဖြစ် လူသိများသော သမိုင်းကြောင်းကို ပိုင်ဆိုင်ထားပါသည်။ ၂.၄၄ မီတာမြင့်သော ကြက်သွန်မြိတ်များသည် ယခုနှစ် ၂၀၂၂ခုနှစ်၏ အမြင့်ဆုံးကြက်သွန်မိတ် အဖြစ် အသိအမှတ်ပြုခံရသည်။  

တရုတ်နိုင်ငံ၊ရှန်ဒုံးပြည်နယ်၊ဂျန်ချွီးခရိုင်မှလယ်သမားမြောင်ဖေးရုံသည်(၃၁-၁၀-၂၂)ရက်နေ့တွင်၎င်းဆုရသော ၂ ဒဿမ ၄၄ မီတာမြင့်သည့်ကြက်သွန်မြိတ်များနှင့်အတူတွေ့ရစဉ်

ဂျန်ချွီးခရိုင်မှ လယ်သမား မြောင်ဖေးရုံ က "ကျွန်တော်ဟာ ၂၀၂၂ခုနှစ်ရဲ့ ၂ ဒဿမ ၄၄ မီတာရှည်တဲ့ ကြက်သွန်မြိတ်ပိုင်ရှင်ဖြစ်ပြီး ၂၀၂၀ ဂင်းနစ် ကမ္ဘာ့စံချိန်မှတ်တမ်းကို ကိုင်ဆောင် ထားသူလည်းဖြစ်ပါတယ်" ပြောပါတယ်၊ မြောင် ကသူ့ရဲ့ ကြက်သွန်မြိတ် တွေရဲ့ အရည်အသွေး မြင့်မားရခြင်းဟာ ပတ်ဝန်းကျင်ကောင်းနဲ့ သိပ္ပံနည်းကျ စိုက်ပျိုးနည်း တွေကြောင့်ဖြစ်ပြီး "၂၀၂၂ ခုနှစ်မှာ စုစုပေါင်း ကြက်သွန်မိတ် ၂၀ မူ (ဧရိယာ)ခန့် စိုက်ပျိုးခဲ့ပြီး တစ်မူလျှင် အထွက်နှုန်းမှာ ၈၀၀၀-၁၀၀၀၀ ကတ်တီး (၁ ကတ်တီး= ၀.၅ ကီလိုဂရမ်)လောက်ထွက်ရှိပါတယ်" လို့ မြောင် ကဆိုပါတယ်။

မြောင်ကဲ့သို့သော ဒေသခံအများအပြားသည် ကြက်သွန်မြိတ် စိုက်ပျိုးခြင်းဖြင့် ချမ်းသာရုံသာမက ဂျန်ချွီးကြက်သွန်မိတ်များကိုလည်း ကမ္ဘာသို့ မြှင့်တင်ခဲ့ကြသည်။ ၎င်းတို့သည် အနာဂတ်တွင် ကြက်သွန်မြိတ်များကို မြှင့်တင်ကာ ဒေသတွင်း စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ဦးရွက် ပြုမည်ဟုဆိုပါသည်။

လယ်သမားတစ်ဦးသည်ရိတ်သိမ်းထားသောကြက်သွန်မြိတ်ထုပ်များနှင့်အတူတွေ့ရစဉ်

                                                                                                                                                                                                                                                                                                                 ရိတ်သိမ်းထားသော ကြက်သွန်မြိတ်များကို လယ်သမားများက စုစည်းနေကြစဉ်

 

(မြန်မာစီးပွားရေးသံမှူး၊ ကူမင်းမြို့)

ရင်းမြစ် Tall scallions harvested in Shandong – Chinadail y.com.cn နှင့် /www.globaltimes.cn/page/202211/1278635.shtml

Category: China (Kunming)