China (Kunming)

တရုတ်နိုင်ငံ အစိုးရ၏ one-stop အစိုးရ၀န်ဆောင်မှုများ မြှင့်တင်ရန်ရှိ

Last Updated:

တရုတ်နိုင်ငံ၏ အစိုးရ၀န်ဆောင်မှုအဆင့်မြှင့်တင်ရန်အတွက် ဌာနပေါင်းစုံသို့ အကြိမ်ကြိမ်လာရောက်ရန် လိုအပ်သည့်အရာများအတွက် one-stop services agency တစ်နေရာတည်းတွင် ပေးနိုင်သော ဝန်ဆောင်မှုအေဂျင်စီများကိုမြှင့်တင်ရန် နိုင်ငံတော်ကောင်စီက ဆုံးဖြတ်ခဲ့ကြောင်းကို ၃-၁၀-၂၀၂၂ ရက်နေ့တွင် ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားကြောင်း၊ ၂၀၂၂ နှစ်ကုန်တွင် ဒေသအားလုံးသည် ၎င်းတို့၏သက်ဆိုင်ရာ ဌာနများအကြား ညှိနှိုင်း၍ အနီးကပ်ချိတ်ဆက်ထားသော လုပ်ငန်းယန္တရားများထူထောင်ကာ လုပ်ငန်းများနှင့် လူပုဂ္ဂိုလ်များအတွက် တစ်ခုတည်း သော အစိုးရ၀န်ဆောင်မှု အခြေခံအချက်များစာရင်းပါ လုပ်ငန်းတာဝန်များကို ဖြည့်ဆည်းပေးသင့်ကြောင်း၊ ၂၀၂၅ ခုနှစ်ကုန်တွင် ဒေသအားလုံးတွင် ယင်းတစ်နေရာတည်းတွင် ပေးသည့် ဝန်ဆောင်မှုလွှမ်းခြုံမှုကို ထပ်မံတိုးချဲ့သင့်ပြီး စီးပွားရေးလုပ်ငန်းများနှင့် လူတစ်ဦးချင်းစီအတွက် အဓိကပါဝင် ရမည့် အရာများအား အစိုးရ၏ တစ်နေရာတည်းတွင် တည်ထောင်ထားသည့် one-stop ဝန်ဆောင်မှုများ တိုးချဲ့ပေးအပ်သင့်သည်ဟု ကြေငြာချက် တွင် ဖော်ပြထားပါသည်။  

စျေးကွက်ရှိ ကစားသမားများအတွက် လိုအပ်သောအချက်အလက် များဖြစ်သည့် လုပ်ငန်းတစ်ခုစတင်ခြင်း၊ လုပ်ငန်းလည်ပတ်ခွင့်၊ ဝန်ထမ်းခေါ်ယူမှု၊ အိမ်ခြံမြေစာရင်းသွင်းခြင်းနှင့် ပယ်ဖျက်ခြင်းမှတ်ပုံတင်ခြင်းများကို တစ်နေရာတည်းတွင်  one-stop basis ဖြင့် ဝင်ရောက်ကြည့်ရှုနိုင်ပါပြီဖြစ် ကြောင်း၊ လူတစ်ဦးချင်းစီအတွက် လိုအပ်သော မွေးကင်းစမှတ်ပုံတင်ခြင်း၊ လိုက်လျောညီထွေရှိသော အလုပ်အကိုင်၊ အိမ်ထောင်ရေးနှင့် ကလေး မွေးဖွားခြင်း၊ အခက်အခဲကြုံတွေ့နေရသူများအတွက် အကူအညီ၊ တစ်ပတ်ရစ်အိမ်များ ပိုင်ဆိုင်မှုလွှဲပြောင်းခြင်း မှတ်ပုံတင်ခြင်းနှင့် လုပ်ငန်းဝန်ထမ်း များ အငြိမ်းစားယူခြင်းအတွက် တစ်ခုတည်းသော ဝန်ဆောင်မှုများကို ပံ့ပိုးပေးမည်ဖြစ်ပါကြောင်း၊ တစ်ခုတည်းသော ဝန်ဆောင်မှုပုံစံကို မြှင့်တင် ရန်၊ လုပ်ထုံးလုပ်နည်းများကို သိပ္ပံနည်းကျ ဒီဇိုင်းထုတ်မည်ဖြစ်ပြီး စံချိန်စံညွှန်းများနှင့် လမ်းညွှန်ချက်များကိုချမှတ်ကာ ထုတ်ပြန်မည်ဖြစ်ကြောင်း သိရှိရပါသည်။

လျှောက်လွှာလုပ်ငန်းစဉ်ကိုလည်း ရိုးရှင်းစေမည်ဖြစ်ပြီး တစ်နေရာတည်းတွင် ဝန်ဆောင်မှုများပါ၀င်သည့် အပလီကေးရှင်းပစ္စည်းများသည် ဖေါင် ပုံစံမျိုးစုံကို ပေါင်းစပ်ပြီး ဒေတာမျှဝေခြင်းဖြင့် မတူညီသော ဒစ်ဂျစ်တယ်စနစ်များကြားတွင် ရိုးရှင်းပြီး ပိုမိုကောင်းမွန်လာမည်ဖြစ်ကြောင်း၊ တစ်စု တစ်စည်းတည်း ဝင်ရောက်နိုင်သော ဝင်းဒိုးတစ်ခုနှင့် ညှိနှိုင်းဆောင်ရွက်သည့် ယန္တရားတစ်ခုကို တည်ထောင်မည်ဖြစ်ပြီး ပြန်လည်သုံးသပ်ခြင်း၊ စုံစမ်းစစ်ဆေးခြင်းနှင့် စစ်ဆေးမှုအားလုံးကို မတူညီသောဌာနများအကြား ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး အွန်လိုင်းနှင့် အော့ဖ်လိုင်းခွင့်ပြုချက် လုပ်ထုံးလုပ်နည်းများကို လည်းချိတ်ဆက်ထားမည်ဖြစ်ကြောင်း၊ (အထောက်အထား) လက်မှတ်များထုတ်ပေးခြင်းဆိုင်ရာ စွမ်းဆောင်ရည်ကို အစီအမံများစွာဖြင့် မြှင့်တင်မည်ဖြစ်ပါကြောင်း၊ ရလဒ်စာရွက်စာတမ်းများနှင့် အောင်လက်မှတ်များဆိုင်ရာ ဒစ်ဂျစ်တယ် ရှင်းလင်းချက်များကို တွန်းအားပေးခဲ့ကြောင်း၊ အဆိုပါ တစ်ခုတည်းသော ဝန်ဆောင်မှုများကို ပိုမိုကောင်းမွန်စွာ ပံ့ပိုးနိုင်စေရန်၊ အော့ဖ်လိုင်း ကျယ် ကျယ်ပြန့်ပြန့် ဝန်ဆောင်မှုဝင်းဒိုးများနှင့် အွန်လိုင်းဝန်ဆောင်မှုကော်လံများကို မြှင့်တင်ရန်၊ ဆက်စပ်အွန်လိုင်း ဝန်ဆောင်မှုစနစ်များနှင့် ဒေတာခွဲ ဝေမှု အပြန်အလှန်ချိတ်ဆက်မှုကို မြှင့်တင်ရန်နှင့် သက်ဆိုင်ရာစံနှုန်းများ နှင့်စည်းမျဉ်းများ ချမှတ်ရန်လုပ်ဆောင်သွားပါမည်ဖြစ်ပြီး အစီအစဉ်များ စွာဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ကူမင်းမြို့)
ရင်းမြစ် China to bolster one-stop government services (www.gov.cn)

 

Category: China (Kunming)