Korea

တရုတ်နိုင်ငံ Huawei ကုမွဏီအပေါ် အမေရိကန်နိုင်ငံ၏ Sanctions ပိတ်ဆို့မှုသည် တောင်ကိုရီးယား ထိပ်တန်း နည်းပညာကုမ္ပဏီကြီးများကိုပါ သက်ရောက်လာနိုင်မည့်အခြေအနေ

Last Updated:

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ဆက်သွယ်ရေးကုမ္ပဏီကြီးဖြစ်သော Huawei ကုမွဏီအပေါ် အမေရိကန်ပြည်ထောင်စုမှ ပိတ်ဆို့မှု (Sanctions )များ ထပ်တိုးဆောင်ရွက်ခဲ့ပြီး ယင်းသည် (၁၅-၉-၂၀၂၀) ရက်နေ့မှ စတင်အသက်ဝင်မည်ဖြစ်ရာ အကျိုးဆက်အနေဖြင့် တောင်ကိုရီးယား ထိပ်တန်း နည်းပညာကုမ္ပဏီကြီးများဖြစ်သော Samsung Electronics Co., Ltd. နှင့် SK Hynix Inc. တို့အပေါ်တွင် ထိခိုက်မှုရှိလာမည်ဖြစ်ပါသည်။

ဝါရှင်တန်၏ ကြိုတင်ခွင့်ပြုချက်မရရှိဘဲ အမေရိကန်ပြည်ထောင်စု၏ ပစ္စည်းကိရိယာများ၊ Software နှင့် Design များဖြင့် ပြုလုပ်သည့် Semiconductors များကို  Huawei ကုမ္ပဏီသို့ ရောင်းချခွင့် မပြုသည့် တားမြစ်ပိတ်ဆို့မှုအသစ်ကို အမေရိကန်နိုင်ငံက ချမှတ်လိုက်ပြီး၊ ယင်းသည် (၁၅-၉-၂၀၂၀) ရက်နေ့မှ စတင်အသက်ဝင်မည်ဖြစ်ရာ ကမ္ဘာ့အကြီးဆုံး Memory Chips များ ထုတ်လုပ်သည့် တောင်ကိုရီးယားကုမ္ပဏီကြီးများဖြစ်သော Samsung Electronics Co., Ltd. နှင့် SK Hynix Inc.တို့အပါအဝင် အခြားသောကမ္ဘာ့နည်းပညာ Hardware ကုမ္ပဏီများအနေဖြင့် လာမည့်ရက်သတ္တပတ် မှစတင်၍ Semiconductors/ Memory Chips များ အရောင်းရပ်ဆိုင်းသွားရမည့် အခြေအနေဖြစ်ပြီး၊ အမေရိကန်ပြည်ထောင်စု၏ ခွင့်ပြုချက်ရရှိပြီးမှသာ ရောင်းချခွင့် ရရှိမည်ဖြစ်ပါသည်။ အကြောင်းရင်းမှာ Chips ထုတ်လုပ်မှုကဏ္ဍ အားလုံးနီးပါးတွင် Design ပိုင်းမှသည် Production ထုတ်လုပ်သည်အထိ အမေရိကန်၏ နည်းပညာများကို အများစု အသုံးပြုနေကြရခြင်းကြောင့် ဖြစ်ပါသည်။

Huawei ကုမ္ပဏီသည် Samsung Electronics Co., Ltd. ၏ ထိပ်တန်းကုန်သွယ်ဖက် (၅)ဦး စာရင်းတွင် တစ်ခုအပါအဝင်ဖြစ်ပြီး၊  SK Hynix Inc.  မှ စုစုပေါင်းရောင်းချမှု၏ (၁၀) ရာခိုင်နှုန်းကို နေရာယူထားသည့် ကုမ္ပဏီလည်း ဖြစ်ပါသည်။ ယခုကဲ့သို့ အမေရိကန်၏ Huawei ကုမ္ပဏီအပေါ် ပိတ်ဆို့မှုသည် Samsung Electronics Co., Ltd. နှင့် အခြားသောနည်းပညာဆိုင်ရာ လုပ်ငန်းစုများအပေါ်ကာလတို့တွင် သက်ရောက်မှု ပြင်းထန်စွာရှိနိုင်သော်လည်း ရေရှည်အတွက် ကြီးမားသည့် သက်ရောက်မှုမရှိနိုင်ဟု စောင့်ကြည့်သူများက သုံးသပ်လျက်ရှိကြပါသည်။

ဤအခြေအနေက ရေရှည်တွင် Samsung Electronics Co., Ltd. အတွက် Smart Phone စျေးကွက်တွင် Huawei နှင့် ကွာဟမှုကို ပိုမိုကျယ်ပြန့်လာစေနိုင်ပြီး၊ တရုတ်နိုင်ငံ၏ 5G Sector တွင်လည်း တရုတ်ကုမ္ပဏီများနှင့် Samsung အား ပိုမိုတွေ့ဆုံလာနိုင်မည့် အခွင့်အလမ်းကို ရရှိနိုင်စေမည်ဖြစ်သဖြင့် အမေရိကန်၏ ဤမူဝါဒပြောင်းလဲမှုက ရေရှည်တွင် Samsung Electronics Co., Ltd. အတွက် ပိုမိုအကျိုးရှိလာနိုင်မည်ဟုလည်း နည်းပညာအသိုက်အဝန်းက သုံးသပ်လျက်ရှိကြပါသည်။

 

Source: The Korea Times

(မြန်မာစီးပွားရေးသံမှူး၊ ဆိုးလ်မြို့)            

Category: Korea