China (Kunming)

တရုတ်နိုင်ငံချုံချင်းမှတဆင့် မြန်မာနိုင်ငံသို့ ကုန်စည်ပို့ဆောင်ရေးချိတ်ဆက်မှု လမ်းကြောင်းအသစ်တစ်ခုကို စတင်လိုက်ပြီဖြစ်

Last Updated:

တရုတ်နိုင်ငံအနောက်တောင်ပိုင်းရှိ ချုံချင်းမြို့မှ ကွန်တိန်နာအလုံး (၆၀) တင်ဆောင်ထားသော ကုန်စည်ပို့ဆောင်ရေး ရထားအသစ်တစ်စင်းကို မေလ ၂၃ ရက်က စတင်ပြေးဆွဲခဲ့ပြီး တရုတ်နိုင်ငံမှ ကုန်ပစ္စည်းများကို လမ်းကြောင်း အသစ်မှ မြန်မာနိုင်ငံသို့ ပို့ဆောင်ပေးရန်ဖြစ်ပါသည်။ စက် ပစ္စည်းများ၊ အီလက်ထရွန်နစ် ဆက်စပ်ပစ္စည်းများနှင့် အခြားအရာများပါ၀င်သော ကုန်စည်များသည် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ အနောက် တောင်ဘက် လင်ချန်းမြို့သို့ ဦးစွာရောက်ရှိပြီး ယင်းမှတဆင့် မြန်မာနိုင်ငံမြောက်ဘက် မန္တလေးမြို့သို့ ကုန်းလမ်းဖြင့် ပို့ဆောင်မည်ဖြစ်သည်။

ယင်းသည် new Sino-Burmese route (Chongqing-Lingchang-Myanmar) တရုတ်-မြန်မာ လမ်းကြောင်း (ချုံချင်း-လင်ချန်း-မြန်မာ) လမ်း ကြောင်းကို ကိုယ်စားပြုသော အပြည်ပြည်ဆိုင်ရာ ကုန်းလမ်း- ပင်လယ်လမ်း ကုန်သွယ်ရေးစင်္ကြန်သစ်မူဘောင် New International land Sea Trade Corridor ILSTC Framework အောက်ရှိ ကုန်သွယ်ရေးနှင့် ပို့ဆောင်ရေးလမ်းကြောင်းဖြစ်ကြောင်း၊ ယင်းကို တရုတ်နိုင်ငံ၊ အနောက်ဘက် ဒေသများနှင့် စင်ကာပူနိုင်ငံတို့မှ ပူးတွဲတည်ဆောက်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။     

အဆိုပါ ချုံချင်း-မန္တလေး ကုန်စည်ပို့ဆောင်ရေးကို အသုံးပြုခြင်းအားဖြင့် ကုန်စည်ပို့ဆောင်ချိန် ရက်ပေါင်း ၂၀ လျော့ချနိုင်မည်ဖြစ်ပြီး ပို့ဆောင်နေ ကျလမ်းကြောင်းနှင့်နှိုင်းယှဉ်ပါက ကုန်ကျစရိတ် ၂၀ ရာခိုင်နှုန်း လျှော့ချနိုင်မည်ဖြစ်ကြောင်း ကုန်စည်များ ၁၅ ရက်အတွင်း မန္တလေးသို့ ရောက်ရှိရန် မျှော်လင့်ထားကြောင်းနှင့် ယင်းမှတဆင့် တောင်အာရှ၊ အရှေ့အလယ်ပိုင်းနှင့် ဥရောပနိုင်ငံများသို့ တင်ပို့ရောင်းချနိုင်မည်ဖြစ်ကြောင်း သိရှိရပါ သည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ကူမင်းမြို့)
ရင်းမြစ်
(၁) Chongqing launches new freight link to Myanmar - News - Yunnan Express
(၂)  Int'l freight train departs from Chongqing for Myanmar | english.scio.gov.cn
(၃) New int'l land-sea transport service to Indo-China Peninsula launched-Xinhua (news.cn)

 

Category: China (Kunming)