China (Kunming)

တရုတ်နိုင်ငံတွင် စည်းမျဉ်းများ အသက်ဝင်လာသည်နှင့်အမျှ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းများ ခေတ်သစ်သို့ ရောက်ရှိလာ

Last Updated:

တရုတ်နိုင်ငံ၏ ကိုယ်ပိုင်အလုပ်လုပ်ကိုင်သော စီးပွားရေးလုပ်ငန်းများကို မြှင့်တင်ရန် အဓိကစည်းမျဉ်းတစ်ရပ်ကို ၁-၁၁-၂၀၂၂ ရက်နေ့တွင် စတင် အသက်ဝင်ခဲ့ကြောင်း၊ အစိုးရတာဝန်ရှိသူများနှင့် လုပ်ငန်းကျွမ်းကျင်သူများက ယင်းကြောင့် ကိုဗစ်-၁၉ ကာလအတွင်း တစ်ဦးချင်းစီးပွားရေးများ၏ မျှော်လင့်ချက်များကို တည်ငြိမ်စေပြီး ရေရှည်တွင် စစ်မှန်သောစီးပွားရေးကို တွန်းအားပေးမည်ဟု ပြောကြားခဲ့သည်။

စည်းမျဉ်းသည် အခွန်ကောက်ခံမှု၊ ဘဏ္ဍာရေး၊ အလုပ်အကိုင်၊ ဒစ်ဂျစ်တယ် ဖွံ့ဖြိုးတိုးတက်မှုနှင့် ဉာဏပစ္စည်းဆိုင်ရာ အကာအကွယ်ပေးရေး အပါအဝင် စီးပွားရေးလုပ်ငန်းတစ်ခုချင်းစီအတွက် ပိုမိုကြီးမားသော အထောက်အပံ့မူဝါဒများကို ကတိပြုထားကြောင်း၊ ဥပမာအားဖြင့် ဒေသန္တရ အစိုးရများသည် လုပ်ငန်းပရဝုဏ်- အဆောက်အအုံပံ့ပိုးမှုများ တိုးမြှင့်ပေးသင့်ပြီး လျှပ်စစ်နှင့် ငှားရမ်းခများကဲ့သို့သော ကုန်ကျစရိတ်များကို လျှော့ ချသင့်သည်ဟု ပြဋ္ဌာန်းထားကြောင်း၊ "စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ အလုပ်အကိုင်ရရှိမှု၊ ဝင်ငွေတိုးရေးနှင့် ပြည်သူများ၏ဘဝ အဆင်ပြေချောမွေ့စေ ရေးတို့တွင် အစားထိုး၍မရသော အခန်းကဏ္ဍမှပါဝင်သည့် လူတစ်ဦးချင်း သို့မဟုတ် မိသားစုလုပ်ငန်း အသေးစားစီးပွားရေးလုပ်ငန်းများသို့ လက်တွေ့ကျသော တွန်းအားများရရှိရေး ဆောင်ရွက်ရန် ရည်ရွယ်ထားကြောင်း" ပြည်နယ် အုပ်ချုပ်ရေးအဖွဲ့ ဒုတိယအကြီးအကဲ Pu Chun က ပြောကြားခဲ့သည်။

"ထူးခြားသည်မှာ မကြာသေးမီနှစ်များအတွင်း တိုက်ရိုက်ထုတ်လွှင့်ခြင်း၊ အသေးစား e-commerce နှင့် မီဒီယာအသစ်များကဲ့သို့သော ထွန်းသစ်စ ကဏ္ဍများမှ ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်သည့် စီးပွားရေးလုပ်ငန်းများ မြင့်တက်လာသည်ကို မြင်တွေ့ခဲ့ရကြောင်း၊ ၎င်းတို့သည် နိုင်ငံ၏ စုစုပေါင်း ကိုယ်ပိုင်အလုပ်လုပ်ကိုင်သည့် အိမ်ထောင်စုများ၏ ၃၀ ရာခိုင်နှုန်းနီးပါးရှိပြီး စျေးကွက်ထဲသို့ တက်ကြွမှုအသစ်များကို ပေးလျက်ရှိကြောင်း၊  စက်တင်ဘာလကုန်အထိ တစ်နိုင်ငံလုံးတွင် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းပေါင်း ၁၁၁ သန်းကျော် မှတ်ပုံတင်ထားပြီး နိုင်ငံ၏ စုစုပေါင်း စျေးကွက် ကစားသူဦးရေ၏ သုံးပုံနှစ်ပုံခန့်ရှိကြောင်း၊ ၎င်းတို့အနက်မှ ၉၀ ရာခိုင်နှုန်းအထိသည် လက်လီရောင်းချခြင်း၊ နေရာထိုင်ခင်းနှင့် အစားအသောက်နှင့် နေထိုင်မှု ဝန်ဆောင်မှုများ အပါအဝင် အဆင့်မြင့်ကဏ္ဍတွင် ပါဝင်ခဲ့ကြကြောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဒုတိယ ၀န်ကြီးဟောင်းနှင့် နိုင်ငံတကာ စီးပွားရေးဖလှယ်ရေးဗဟိုဌာန၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ Wei Jianguo က စည်းမျဉ်းတွင်ပါဝင်သော အစီအမံများသည် အချိန်ခါသင့် ဖြစ်ပြီး သေချာစွာ သတ်မှတ်ထားခြင်းဖြစ်ကြောင်း၊ "၎င်းသည် ယုံကြည်မှုကို ကောင်းစွာမြှင့်တင်ပေးပြီး စျေးကွက်မျှော်လင့်ချက်များကို တည်ငြိမ် စေကြောင်း၊ အထူးသဖြင့် ၎င်းတို့ အများစုသည် လည်ပတ်စရိတ်၊စုဆောင်းခြင်းနှင့် ချေးငွေရယူခြင်းအတွက် အခက်အခဲများ နှင့်ရင်ဆိုင်ရသည့် အခါတွင်ဖြစ်ကြောင်း  ဟု Wei က ပြောကြားခဲ့သည်။

China Daily၏ စီမံအုပ်ချုပ်မှုမှ ဆောင်ရွက်သော စစ်တမ်းတစ်ခုအရ ယခုနှစ် အစပိုင်းမှစတင်၍ အိမ်ထောင်စု ၈၀ ရာခိုင်နှုန်းနီးပါးသည် အခြေခံ လူနေမှုအဆင့်အတန်းကို ပံ့ပိုးပေးနိုင်ရုံသာရှိသော လစဉ်ပျမ်းမျှဝင်ငွေ ယွမ် ၁၀,၀၀၀ (အမေရိကန်ဒေါ်လာ ၁၃၈၉)  ထက်နည်းပါးသော ဝင်ငွေကို သာ ရရှိခဲ့ကြောင်း၊ “ယခင်ပံ့ပိုးကူညီမှုမူဝါဒများနှင့် နှိုင်းယှဉ်ပါက စည်းမျဉ်းသစ်တွင် မူဝါဒများချမှတ်ရာတွင် အများအားဖြင့် သေးငယ်ပြီး အကန့် အသတ်ရှိသော လုပ်ငန်းများ၏ လုပ်ငန်းကဏ္ဍများတွင် သက်ဆိုင်ရာအာဏာပိုင်များ၏ ခွဲခြားဆက်ဆံခံရနိုင်ချေရှိ၍ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း များကို ခွဲခြားဆက်ဆံခြင်းမပြုရန် စည်းမျဉ်းရေးဆွဲသူများက အလေးပေးကြကြောင်း ဖေါ်ပြထားပါသည်။

လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း၊ အစိုးရသည် ကိုယ်ပိုင်လုပ်ငန်း သို့မဟုတ် အိမ်တွင်းစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် မူဝါဒများ ချမှတ်ခဲ့ကြောင်း၊ "ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများကို ပိုမိုပံ့ပိုးနိုင်စေရန် ပေါင်းစပ်အခွန်ပေးဆောင်ရေးမူဝါဒကို ယခုနှစ်အတွင်း အကောင်အထည် ဖော် သွားမည်ဖြစ်ကြောင်း၊ အထူးသဖြင့် ၎င်းတို့သည် အခြားလုပ်ငန်းများကဲ့သို့ ကြီးမားသော VAT ပြန်အမ်းငွေမူဝါဒများကို ခံစားနိုင်မည်" ဖြစ် ကြောင်း၊ အဆိုပါလုပ်ငန်းအုပ်စုအတွက် ၂၀၂၀ ခုနှစ်မှ ယခုနှစ် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလကုန်အထိ ယွမ်ငွေ ၁ ထရီလီယံတန်ဖိုးရှိ အခွန်နှင့် အခကြေးငွေများကို လျှော့ချလိုက်ကြောင်း ဟု နိုင်ငံတော်အခွန်ရုံးမှ တာဝန်ရှိသူ Dai Shiyou ထံမှ သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ကူမင်းမြို့)
 ရင်းမြစ် Self-employed businesses enter new era as regulation takes effect - News - 云桥网英文 (yunnangateway.com)  

 

Category: China (Kunming)