China (Kunming)

တရုတ်နိုင်ငံတွင် ထုတ်လုပ်မှု ဈေးနှုန်းများ မေလတွင် ကျဆင်းခဲ့

Last Updated:

တရုတ်အစိုးရမှ စောင့်ကြည့်ကြီးကြပ်သည့်  ရင်းနှီးကုန်စည်အများစုသည် ၂၀၂၂ ခုနှစ်၊ မေလဆန်းပိုင်းနှင့်နှိုင်းယှဉ်ပါက မေလလယ်တွင် ဈေးနှုန်းများ ကျဆင်းခဲ့ကြောင်း တရားဝင်အချက်အလက်များက ဖော်ပြခဲ့သည်။

အစိုးရမှ စောင့်ကြည့်ကြီးကြပ်သည့် အဓိကကုန်စည် ၅၀ မျိုးတွင် (ချောမွေ့/ စပ်ကြောင်းမရှိသော) သံမဏိပြွန်များ၊ ဓာတ်ဆီ၊ ကျောက်မီးသွေး၊ ဓာတ်မြေသြဇာနှင့် စိုက်ပျိုးရေးထွက်ကုန်အချို့အပါအဝင် ကုန်စည် ၂၃ ခုမှာ ဈေးတက်ခဲ့ပြီး ၂၇ မျိုးမှာ စျေးနှုန်းကျဆင်းခဲ့ကြောင်း အမျိုးသား စာရင်းအင်းဗျူရိုမှ အချက်အလက်များအရ သိရရှိရပါသည်။ ဝက်သားဈေးသည် တစ်ကီလိုလျှင် ၁၅.၅ ယွမ် (၂.၃ ဒေါ်လာ) အထိ တက်လာခဲ့ကြောင်း၊ ၁၀ ရက်လျှင်တစ်ကြိမ် ထုတ်ပြန်သော အဆိုပါကြေငြာချက်သည် ပြည်နယ်အဆင့် တိုင်းဒေသကြီး ၃၁ ခုရှိ လက်ကားရောင်းချသူများနှင့် ဖြန့်ဖြူးသူ ၂၀၀၀ နီးပါး၏ စစ်တမ်းကို အခြေခံထားသည်။

 

(စီးပွားရေးသံမှူး၊ ကူမင်းမြို့)
ရင်းမြစ် Means of production prices fall in China - News - Yunnan Express

 

Category: China (Kunming)