China(Nanning)

တရုတ်နိုင်ငံတွင် ထုတ်လုပ်မှုဈေးနှုန်းများ၏ သမတ်ကိန်း မြင့်တက်လာ

Last Updated:

စက်တင်ဘာလနှောင်းပိုင်းနှင့် နှိုင်းယှဉ်ပါက အောက်တိုဘာလ အစောပိုင်းတွင် တရုတ်အစိုးရပိုင်းက ကြပ်မတ် ထိန်းကျောင်းနေသည့် သံမဏိ၊ လောင်စာဆီ၊ ကျောက်မီးသွေး၊ ဓာတ်မြေဩဇာနှင့် ဓာတုဗေဒပစ္စည်းအချို့ အပါအဝင် အဓိကကုန်စည် (၅၀)အနက် (၃၇)မျိုး၏ ဈေးနှုန်းများ ပိုမိုမြင့်မားခဲ့ပါသည်။

အလားတူကာလအတွင်း တရုတ်နိုင်ငံ၏ ဝက်ဈေးနှုန်း (၅.၄) ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ပါသည်။ သို့ရာတွင် အမျိုးသားနေ့အားလပ်ရက်ရှည်နောက်ပိုင်း၌ ဝက်မွေးမြူရေးနှင့် သိုလှောင်ရေးမူဝါဒကို ထပ်မံပြုပြင်၍ ထုတ်ပြန် လိုက်ရာ မွေးမြူသူများမှာ ရောင်းချလိုခြင်းမရှိတော့ဘဲ ဈေးနှုန်းကို ထိန်းထားလိုက်ကြပါသည်။ သားသတ်ရုံများမှာ လည်း ဝယ်လိုအားများကြောင့် ဈေးနှုန်းကို ဆက်လက်တိုးမြှင့်သွားရန်ရှိနေရာ အောက်တိုဘာလ (၈) ရက်နေ့တွင် ဝက်သားတစ်ကီလို၏ ပျမ်းမျှဈေးနှုန်းမှာ ယွမ်ငွေ (၁၂.၁၅) ဖြစ်ပါသည်။

ယခုအခါ တရုတ်နိုင်ငံတွင် ရာသီဉတု ပိုမိုအေးလာပြီဖြစ်ကာ အသားစားသုံးမှု တစ်ဖန်ပြန်လည်မြင့်မားလာသဖြင့် တိရစ္ဆာန်အစာဈေးနှုန်းမှာလည်း ဆက်လက်မြင့်တက် လာဖွယ်ရှိနေကြောင်း လေ့လာတွေ့ရှိပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

ရင်းမြစ်၊ Sunsir (၁၅-၁၀-၂၀၂၁)

Category: China(Nanning)