China(Nanning)

တရုတ်နိုင်ငံတွင် ဝက်ဈေးနှုန်း အတက်အကျ အနည်းငယ်သာ ဆက်လက်ဖြစ်ပေါ်နေ

Last Updated:

 ဒီဇင်ဘာလ (၂) ရက်နေ့တွင် တရုတ်နိုင်ငံ၏ ပြည်တွင်းဝက်ဈေးနှုန်းမှာ တစ်ကီလိုလျှင် (၁၇.၉၃) ယွမ်ဖြစ်ခဲ့ပြီး၊ နိုဝင်ဘာလ (၃၀) ရက်နေ့ ဈေးနှုန်း ထက် (၀.၂၈) ရာခိုင်နှုန်းမျှ တက်လာပါသည်။ ဝက်မွေးမြူသူများက ထုတ်ရောင်းလိုမှုမရှိသောကြောင့် အဆိုပါဈေးနှုန်းတွင် တည်ငြိမ်လျက်ရှိပါသည်။ ဝက်သားဝယ်လိုအားမှာ ထပ်မံမြင့်တက်လာခြင်း မရှိသေးဘဲ သားသတ်ရုံများက ဝက်များကို ဈေးအနိမ့်ဖြင့်သာ ဝယ်ယူလိုကြရာ ရောင်းလိုအားနှင့် ဝယ်လိုအားအကြား အားပြိုင်နေမှုမှာ မပြောင်းလဲဘဲ ဆက်လက်ရှိနေပါသည်။  ဝက်ဈေးနှုန်းများ ယခုထက် လျင်မြန်စွာတက်လာမည်ဆိုပါက ဝက် မွေးမြူသူများက ထုတ်ရောင်း၍ ငွေဖော်လာနိုင်ကြသော်လည်း၊ အသားဝယ်လိုအားဘက်၌  ဝယ်လိုအားတက်မလာသဖြင့် ရေတိုကာလတွင် ဈေးနှုန်း ပြန်လည်ကျဆင်းနိုင်ခြေ ရှိနေပါသည်။

ရင်းမြစ်၊ SunSirs (၂၂-၁၁-၂၀၂၁)

Category: China(Nanning)