USA

တရုတ်နိုင်ငံတွင် သွားလာမှုကန့်သတ်လိုက်သည့်အတွက် အမေရိကန်တွင် ရေနံစိမ်းဈေးနှုန်းများ ၈ ရာခိုင်နှုန်းခန့်ထိ ကျဆင်း

Last Updated:

တရုတ်နိုင်ငံ၊ ကိုရိုနာဗိုင်းရပ်စ် ပြန်လည်ကူးစက်ပြန့်နှံ့လာသည့်အတွက် ရှန်ဟိုင်းမြို့အပါအဝင် နေရာတစ်ချို့တွင် သွားလာမှုကန့်သတ် လိုက်သည့်အတွက် အမေရိကန်တွင် ရေနံစိမ်းဈေးနှုန်းများ  ရာခိုင်နှုန်းခန့်ထိ ကျဆင်းခဲ့ကြောင်း၊ ၂၈--၂၀၂၂ ရက်နေ့၊ ဈေးအဖွင့် တွင် West Texas Intermediate ရေနံစိမ်း ကြိုတင်ရောင်းဝယ်မှုဈေးသည်  တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၁၀၄.၅၀ ထိ၊ ရာခိုင် နှုန်းအားဖြင့် .၂၅ ရာခိုင်နှုန်းနှင့် Brent ရေနံစိမ်း  ကြိုတင်ရောင်းဝယ်မှုဈေးသည်  တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၁၁၁.၆၁ ထိ၊ ရာခိုင်နှုန်းအားဖြင့် . ရာခိုင်နှုန်း အသီးသီးကျဆင်းခဲ့ကြောင်း ၂၈--၂၀၂၂ ရက်နေ့ထုတ် CNBC သတင်းဝဘ်ဆိုဒ်တွင် ဖော်ပြထား ပါသည်။

တရုတ်နိုင်ငံသည် ကမ္ဘာ့ရေနံစိမ်း အများဆုံးတင်သွင်းသည့် နိုင်ငံဖြစ်ပါသည်။ ၂၀၂၁ ခုနှစ်တွင် တစ်ရက်လျှင်ရေနံစည်ပေါင်း ၁၅ သန်း သုံးစွဲပြီး တစ်ရက်လျှင် ရေနံစိမ်းစည်ပေါင်း ၁၀.၃ သန်း တင်သွင်းကြောင်း Lipow Oil Associates ဥက္ကဌဖြစ်သူ Mr. Andy Lipow ၏ ပြောကြားချက်အရ သိရပါသည်။

ရုရှားနိုင်ငံမှ လောင်စာဆီ အစားထိုးတင်သွင်းရောင်းချနိုင်မည့် နိုင်ငံများအား လိုလားရှာဖွေလျက်ရှိသည့် ယခုချိန်ခါတွင် တရုတ်နိုင်ငံ တွင် ရှန်ဟိုင်းအပါအဝင် နေရာများတွင် သွားလာမှုကန့်သတ်တားမြစ်မှုများ ဆောင်ရွက်လာခြင်းသည် လောင်စာဆီဝယ်လိုအား အပေါ် များစွာသက်ရောက်လာစေကြောင်း Mr. Lipow က ပြောကြားခဲ့ပါသည်။ ထို့ပြင် ယူကရိန်းနှင့် ရုရှား နှစ်နိုင်ငံနောက်ထပ်ငြိမ်းချမ်း ရေးဆွေးနွေးပွဲများကလည်း လောင်စာဆီဈေးများ ကျဆင်းလာစေကြောင်း Commerzbank က ပြောကြားခဲ့ပါသည်။

ယခုနှစ်၊ ဖေဖော်ဝါရီလကုန်ပိုင်းတွင် စတင်ခဲ့သည့် ရုရှား- ယူကရိန်း ပဋိပက္ခကြောင့် လောင်စာဆီဈေးကွက် သိသိသာသာ မတည် မငြိမ်မှုများဖြစ်ပေါ်လျက်ရှိပြီး ပဋိပက္ခစတင်သည့်နေ့မှာပင် ရေနံစိမ်းဈေးနှုန်းသည် တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၁၀၀ ကျော်ခဲ့ ကာ ဆက်လက်မြင့်တက်လျက်ရှိကြောင်း၊ အနောက်နိုင်ငံများ၏ ရုရှားနိုင်ငံအပေါ် စီးပွားရေးအရေးယူပိတ်ပင်မှုများကြောင့် လာမည့် ဧပြီလတွင် ရုရှားနိုင်ငံ၏ တစ်ရက်လျှင် ရေနံစိမ်းစည်ပေါင်း ၃ သန်းကျော်ထွက်ရှိမှုအတွက် ဈေးကွက်အခက်အခဲဖြစ်လာနိုင်ပြီး ဝယ်သူသစ်များရှာ‌ဖွေရာတွင် အထူးသဖြင့် အိန္ဒိယနှင့် စာချုပ်ချုပ်ဆိုရောင်းချသွားနိုင်သည်ဟု သုတေသီများက ခန့်မှန်းကြကြောင်း၊ တရုတ်နိုင်ငံတွင် သွားလာမှုကန့်သတ်လိုက်သည့်အတွက် ဝယ်လိုအားကျဆင်းပြီး ရေနံစိမ်းဈေးကျဆင်းသည်ဆိုသော်လည်း ယနေ့ တွင် ရေနံစိမ်း တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၁၀၀ ကျော်တွင် ရှိနေသေးကြောင်း ဖော်ပြထားပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီမြို့)

Source: https://www.cnbc.com/2022/03/28/oil-slides-7percent-as-shanghai-lockdown-prompts-demand-fears.html

Category: USA