China (Kunming)

တရုတ်နိုင်ငံသည် တန်ဖိုး-မြှင့်တင်ထုတ်လုပ်မှုတွင် ကမ္ဘာလုံးဆိုင်ရာ ပထမအဆင့်ဖြစ်

Last Updated:

တရုတ်နိုင်ငံ၏ ကုန်ထုတ်လုပ်မှုသည်  လွန်ခဲ့သည့်ဆယ်စုနှစ်များအတွင်း လျင်မြန်စွာတိုးတက်လာခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ ယှဉ်ပြိုင်နိုင်စွမ်းနှင့် ခံနိုင် ရည်ရှိမှုနှင့်အတူ စက်မှုလုပ်ငန်းစုများနှင့် ထောက်ပံ့ရေးကွင်းဆက်များ ဖွံ့ဖြိုးလာခဲ့ကြောင်း၊ ဘေဂျင်းရှိ Yizhuangတွင် တည်ထောင်ထားသော စက်ရုပ်စနစ်များထုတ်လုပ်ခြင်းနှင့် အမှားပြင်ဆင်ခြင်းဆိုင်ရာ အလုပ်ရုံတွင် စက်ရုပ်များသည် ဖမ်းယူခြင်း၊ သယ်ဆောင်ခြင်း၊ ဂဟေဆော်ခြင်း၊ ကြိတ်ခြင်း၊ ကော်အုပ်ခြင်းစသည့် ထုတ်လုပ်မှုလုပ်ငန်းစဉ်တစ်ခုလုံးကို အလိုအလျောက် အပြီးသတ်ဆောင်ရွက်နိုင်နေပြီးဖြစ်ကြောင်း၊ ကုန်ထုတ် လုပ်မှုသည် နိုင်ငံတော်စီးပွားရေး၏ အသက်သွေးကြောဖြစ်ပြီး စစ်မှန်သောစီးပွားရေး၏ အခြေခံအုတ်မြစ်ဖြစ်ရာ ပြီးခဲ့သည့် ဆယ်နှစ်အတွင်း စက်ရုပ်များထုတ်လုပ်ရေးတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာခြင်းကြောင့် တရုတ်နိုင်ငံ၏ စက်မှုလုပ်ငန်းသုံး စက်ရုပ်များထုတ်လုပ်မှု မြင့်တက် လာခဲ့ကြောင်း ဖော်ပြပါသည်။

တရုတ်နိုင်ငံသည် ၂၀၂၁ ခုနှစ်တွင် စက်မှုလုပ်ငန်းသုံး စက်ရုပ်အလုံးရေ ၃၆၆,၀၀၀ ကို ထုတ်လုပ်ခဲ့ပြီး ၂၀၁၅ ခုနှစ်ထက် ၁၀ ဆတိုးလာကြောင်း၊  ကမ္ဘာ့အကြီးဆုံး စျေးကွက်အဖြစ် ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ကြောင်း၊ ထို့အပြင် တရုတ်နိုင်ငံ၏ အဆင့်မြင့် စက်ကိရိယာများထုတ်လုပ်ရေး လုပ်ငန်းသည်လည်း လျင်မြန်စွာတိုးတက်လာကြောင်း၊ မြေအောက်ရထားများ၊ အဝေးပြေးလမ်းများနှင့် ခက်ခဲသောမြေပြင် ကိုဖြတ်ကျော်တည် ဆောက်သည့် မြေအောက်ရထားလမ်းများနှင့် ဥမင်လှိုဏ်ခေါင်းကြီးများတည်ဆောက်သော ဒိုင်းလွှားစက်ကြီးများမှာ ကမ္ဘာ့စျေးကွက်၏ သုံးပုံနှစ်ပုံ ခန့် ရှိပါကြောင်း၊ တစ်နာရီ ကီလိုမီတာ ၃၅၀ နှုန်းရှိသော Fuxing အမြန်ရထားသည် တရုတ်ကုန်ထုတ်လုပ်ငန်း၏ ထင်ရှားသော ကိုယ်စားပြုတစ်ခု ဖြစ်လာကြောင်း ဖော်ပြပါသည်။

လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း တရုတ်နိုင်ငံ၏  ကုန်ထုတ်လုပ်မှုတန်ဖိုးသည် ယွမ် ၁၆.၉၈ ထရီလျံမှ ယွမ် ၃၁.၄ ထရီလီယံအထိ တိုးလာခဲ့ပြီး ကမ္ဘာ့ဈေးကွက်၏ ၃၀ ရာခိုင်နှုန်းနီးပါးနှင့် ထိပ်တန်းအဆင့်ရှိကြောင်း၊ အဓိက စက်မှုထုတ်ကုန် ၅၀၀ တွင် တရုတ်နိုင်ငံ၏ ထုတ်လုပ်မှု၏ ၄၀ ရာခိုင် နှုန်းကျော်ရှိပြီး ကမ္ဘာတစ်ဝှမ်းတွင် နံပါတ် (၁) နေရာတွင်ရှိနေပြီး ပြည်တွင်းကုန်ထုတ်လုပ်မှု၏ အလုံးစုံစွမ်းအားမှာ သိသိသာသာ တိုးတက်လာ ကြောင်း ညွှန်ပြနေကြောင်း ဖေါ်ပြထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ကူမင်းမြို့)
ရင်းမြစ် english.yunnangateway.com/html/2022/news_1020/26452.html

 

Category: China (Kunming)