China (Kunming)

တရုတ်နိုင်ငံသည် နိုင်ငံတကာ ခရီးသွားများအတွက် ကိုဗစ်ရောဂါကန့်သတ်ချိန် လျှော့ချ

Last Updated:

တရုတ်နိုင်ငံသည် ကိုဗစ် ၁၉ ကန့်သတ်ထိန်းချုပ်မှုများ quarantine ကို ၂၈-၆-၂၂ ရက်နေ့တွင် ထက်ဝက်ခန့်လျှော့ချလိုက်သည်။ လက်ရှိတွင် နယ်စပ်ဖြတ်ကျော်ခရီးသွားလာမှုကို ဟန့်တား စေသည့် ကိုဗစ်-၁၉ ကန့်သတ်ထိန်းချုပ်မှုများကြောင့် ကပ်ရောဂါအကြို နိုင်ငံတကာလေကြောင်း ခရီးစဉ်များ လည်ပတ်မှု၏ ၂ ရာခိုင်နှုန်းသာရှိကြောင်း သိရှိရသည်။

ဗဟိုချုပ်ကိုင်မှုရှိသော အဆောက်အအုံများတွင် သီးသန့်ခွဲထားမှုကို ၁၄ ရက်မှ ၇ ရက်သို့ လျော့ချခဲ့ပြီး နောက်ဆက်တွဲ အိမ်တွင်းကျန်းမာရေး စောင့်ကြည့်မှုကို ၇ ရက်မှ ၃ ရက်သို့ လျှော့ချ လိုက်ကြောင်း အမျိုးသားကျန်းမာရေးကော်မရှင်က ပြောကြားခဲ့သည်။ ကျန်ကမ္ဘာ့နိုင်ငံများက ဗိုင်း ရပ်စ်နှင့်အတူနေထိုင်ရန် ကြိုးစားနေသော်လည်း တရုတ်နိုင်ငံ၏ တင်းကျပ်သော ကိုဗစ်-၁၉ တိုက် ဖျက်ရေးအစီအမံများကို လိုက်နာခြင်းသည် ၎င်း၏စီးပွားရေးကို ထိခိုက်စေခဲ့ပြီး ရှန်ဟိုင်းကဲ့သို့ မြို့ ကြီးများတွင် ပြင်းထန်လွန်းသော ပိတ်ဆို့အရေးယူမှုများတွင် လူသန်းပေါင်းများစွာကို ဒေါသထွက် စေခဲ့သည်။ မကြာသေးမီလများအတွင်း တရုတ်နိုင်ငံသည် နယ်စပ်ဖြတ်ကျော်ခရီးသွားများကိုသတိ ကြီးကြီးထားပြီး ဖြေလျှော့ပေးခဲ့ပြီး အိုမီခရွမ်မျိုးကွဲ၏ ပေါက်ဖွားသည့်ကာလ တိုတောင်းခြင်းသည် ကိုဗစ်-၁၉ ကန့်သတ်ထိန်းချုပ်မှုကာလ quarantine time ကို ချိန်ညှိနိုင်သည်ဟု ကျန်းမာရေး အရာရှိများက ပြောကြားခဲ့သည်။

ယခုလအစောပိုင်းတွင် တရုတ်နိုင်ငံ၏ လေကြောင်းထိန်းသိမ်းရေးအဖွဲ့သည် ၂၀၂၂ ခုနှစ် ဒုတိယနှစ်ဝက်တွင် လေယာဉ်ပျံသန်းမှုအရေအတွက် မှန်မှန်တိုးလာစေရန် နိုင်ငံအချို့နှင့် အဆက် အသွယ်ရှိနေပြီဟု ပြောကြားခဲ့သည်။

ကိုဗစ်-၁၉ ကန့်သတ်ထိန်းချုပ်မှုစည်းမျဉ်းသစ်ကို တရုတ်နိုင်ငံရှိ အမေရိကန်၊ ဗြိတိန်နှင့် ဥရောပ စီးပွားရေးလော်ဘီအဖွဲ့များက ကြိုဆိုခဲ့ကြသည်။ စီးပွားရေးဖလှယ်မှုများ တိုးမြင့်လာရန် နှင့် နိုင်ငံတကာ အရည်အချင်းရှိသူတချို့က ပြည်ပတွင် သုံးနှစ်ကြာခွဲခွာခဲ့ရသည့် မိသားစုများနှင့် ကွဲကွာ နေသည့် နိုင်ငံတကာအရည်အချင်းများစီးဆင်းမှုကို ရပ်တန့်စေရေး တွန်းအားပေးရန် မျှော်လင့်ပါကြောင်း တရုတ်နိုင်ငံရှိ ဗြိတိန်ကုန်သည်ကြီးများ အသင်းမှ ရိုက်တာသို့ ပြောကြားခဲ့သည်။ အပြောင်းအလဲကို ကြိုဆိုစဉ်တွင် တရုတ်ရှိ ဥရောပကုန်သည်ကြီးများအသင်းမှ ဒေသဆိုင်ရာအာဏာပိုင် များအားလုံးသည်  ပိုမိုဖြေလျှော့သော စည်းမျဉ်းအသစ်များကို လိုက်နာခြင်း ရှိ/ မရှိ စောင့် ကြည့်ရန် ကျန်ရှိနေသေးကြောင်း သတိပေးခဲ့သည်။

အဆိုပါကြေငြာချက်၏ ရိုက်ခတ်မှုကြောင့် ဟောင်ကောင်နှင့် ပြည်မကြီးရှိ စတော့ဈေး ကွက်များ မြင့်တက်လာပြီး ဟန်စန်းညွှန်းကိန်း Hang Seng Index သည် အရှုံးကိုနောက်ပြန်လှည့် ၍ ၀.၉ % တက်သွားကာ  CSI300 Index ညွှန်းကိန်းသည် ၁% တက်သွားခဲ့ကြောင်းနှင့် ပြည်မကြီး ခရီးသွား ကုမ္ပဏီများ၏ ရှယ်ယာများသည် ၅ ရာခိုင်နှုန်းကျော် ခုန်တက်သွားကြောင်း ဖေါ်ပြထားပါသည်။   

ဘေဂျင်းနှင့် ရှန်ဟိုင်းတို့တွင် ဒေသန္တရ ကိုဗစ်ကူးစက်မှုအသစ်မရှိကြောင်း ၂၈-၆-၂၀၂၂ တွင် သတင်းထုတ်ပြန်ခဲ့ပြီး ဖေဖော်ဝါရီနှောင်းပိုင်းမှစတင် ကာ မြို့နှစ်မြို့လုံးတွင် ပထမဆုံးအကြိမ် တစ်ပြိုင်နက် အန္တရာယ်မှကင်းရှင်းလွတ်ကင်းပြီဖြစ်ကြောင်း ကြေငြာခဲ့သည်။ လွန်ခဲ့သည့် ရက်သတ္တပတ် ကစတင်၍ ၎င်းတို့၏နေ့စဉ် ဝန်ထုပ်ဝန်ပိုးသည် ဂဏန်းတစ်လုံး single digit သို့ ကျ ဆင်းသွားခဲ့ပြီး ရှန်ဟိုင်းသည် စားသောက်ဆိုင်များတွင် စားသောက်ခြင်းကို ဖြည်းဖြည်းချင်း ပြန်လည်စတင်နိုင်စေရန်နှင့် Universal Beijing Resort အပါအဝင် အပန်းဖြေနေရာအချို့ကို ပြန်လည်ဖွင့်လှစ် ရန် ရှန်ဟိုင်းအား ခွင့်ပြုပေးခဲ့သည်။ ပိတ်ထားသည်မှာ သုံးလကျော်ပြီဖြစ်သော ရှန်ဟိုင်းဝေါ့ဒစ်စနေ အပန်းဖြေဥယျာဉ်ကို ၃၀-၆-၂၀၂၂ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း အင်္ဂါနေ့ ၂၈-၆-၂၀၂၂ တွင် ပြောကြားခဲ့သည်။

သို့သော်လည်း အာဏာပိုင်များသည် သမ္မတရှီ၏ ကိုယ်ပိုင်လက္ခဏာ ပေါ်လစီဖြစ်သော အစိုးရ၏ တက်ကြွသောချဉ်းကပ်မှုဟု ခေါ်တွင်သော ကိုဗစ် အကြွင်းမဲ့ထိန်းချုပ်ရေး zero COVID မူ အရ မပြန့်ပွားအောင် တားဆီးရန် တစ်ပြားသားမှ အလျော့မပေးဘဲ ရည်မှန်းထားဆဲဖြစ်သည်။

ဘေဂျင်းအနေဖြင့် အစဉီးပိုင်းကတည်းက ရောဂါကူးစက်မှုအသစ်များကို အရှိန်အဟုန်ဖြင့် ပြတ်ပြတ်သားသားတွန်းလှန်ပြီး ကူးစက်ရာလမ်း ကြောင်းများကို ချေမှုန်းပစ်မည်ဖြစ်ကြောင်း  မြို့တော်၏ ကွန်မြူနစ်ပါတီ ထိပ်တန်းအကြီးအကဲ Cai Qi က ပါတီကို ကျောထောက်နောက်ခံ ပြု ထားသော ပေကျင်းနေ့စဉ်သတင်းစာတွင် ပြောကြားထားသည်။ ၂၇-၆-၂၀၂၂ ရက်နေ့အစောပိုင်းတွင် ပေကျင်းနေ့စဉ်သတင်းစာက ဘေဂျင်းမြို့ တော်သည် ၎င်း၏ COVID ထိန်းချုပ်မှုအား လာမည့်ငါးနှစ်ကြာ ဆက်လက်ထိန်းသိမ်းထားမည်ဟု Cai ကို လွဲမှားစွာကိုးကားခဲ့သော်လည်း ယင်း နောက် သတင်းစာသည် ကိုးကားချက်အားဖယ်ရှားခဲ့ပြီး ၎င်း၏အကြီးအကဲ Zhao Jingyun က ၎င်းသည် မှားယွင်းမှုတစ်ခုဖြစ်ကြောင်း ပြော ကြားခဲ့ပါသည်။ လူအများကြားတွင်မူ သံသယအချို့ကို မတားဆီးနိုင်ခဲ့ကြောင်း၊ ထိုအရာသည် အမှားမဟုတ်သည်မှာ သေချာပါကြောင်း၊ လူထု၏ သဘောထားကို တိုင်းတာရန် ရည်ရွယ်ခြင်းသာဖြစ်ကြောင်း Weibo ဆိုရှယ်မီဒီယာပလပ်ဖောင်း အသုံးပြုသူတစ်ဦးက ပြောကြားခဲ့ပြီး အခြား Weibo အသုံးပြုသူတစ်ဦးက ၎င်းသည် အမှားအယွင်းဖြစ်ခဲ့လျှင်ပင် အနည်းဆုံး ထိပ်တန်းအရာရှိများသည် ကျွန်ုပ်တို့အားလုံး ယင်းအတွက်ကြောင့် မည်မျှအကူအညီမဲ့ ခံစားရကြောင်းနှင့် လက်ရှိကူးစက်ရောဂါ တိုက်ဖျက်ရေးမူဝါဒများကို ကျွန်ုပ်တို့ မည်မျှစက်ဆုပ်ရွံရှာမုန်းတီးနေပြီဖြစ်သည်ကို ယခုသိရှိနားလည်သင့်ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

(မြန်မာစီးပွားရေးသံမှူး၊ ကူမင်းမြို့)
ရင်းမြစ် China slashes COVID quarantine time for international travellers (yahoo.com)

 

Category: China (Kunming)