China (HongKong)

တရုတ်နိုင်ငံသည် ပထမအဆင့်ကုန်သွယ်ရေးသဘောတူညီမှုအနေဖြင့် အမေရိကန် ကုန်ပစ္စည်းများအား အများအပြားဝယ်ယူသွားမည်ဖြစ်ခြင်း

Last Updated:

          ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ လလယ်အတွင်း တရုတ်နှင့် အမေရိကန်လက်မှတ်ရေးထိုးမည့် သဘောတူညီမှုတွင် ကုန်သွယ်ရေးသဘောတူညီချက် ပထမအဆင့်အနေဖြင့် လုပ်ငန်းကဏ္ဍ ၄ ခု မှ အမေရိကန်ကုန်ပစ္စည်းများအား ၂ နှစ်ကျော်အတွင်း အမေရိကန်ဒေါ်လာ ၂၀၀ ဘီလီယံခန့် တရုတ်နိုင်ငံကဝယ်ယူမည်ဖြစ်ကြောင်း၊ ထုတ်လုပ်မှုကဏ္ဍမှ ကုန်ပစ္စည်းများအား အများဆုံး ဝယ်ယူမည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၇၅ ဘီလီယံရှိမည်ဖြစ်ကြောင်း၊ စွမ်းအင်ကဏ္ဍမှ အမေရိကန်ဒေါ်လာ ၅၀ ဘီလီယံ၊ စိုက်ပျိုးရေးကဏ္ဍမှ အမေရိကန်ဒေါ်လာ ၄၀ ဘီလီယံနှင့် ဝန်ဆောင်မှုကဏ္ဍမှ အမေရိကန်ဒေါ်လာ ၃၅ မှ ၄၀ ဘီလီယံရှိမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအား ငွေကြေးကြိုးကိုင်ချယ်လှယ်သူအနေဖြင့် ကြာရှည်စွာ မသတ်မှတ်သင့်ကြောင်း အမေရိကန်နိုင်ငံ ဘဏ္ဍာရေးဌာနမှ ဆုံးဖြတ်ခဲ့ကြောင်း၊ ၁၃-၁-၂၀၂၀ ရက်နေ့တွင် အမေရိကန်နိုင်ငံမှ တရုတ်နိုင်ငံ ကို ငွေကြေးစျေးကွက်အား ကြိုးကိုင်ချယ်လှယ်သူစာရင်းမှ ဖယ်ရှားလိုက်ခြင်းသည် ကမ္ဘာ့ စီးပွားရေးအင်အားကြီးနှစ်နိုင်ငံအကြား ကုန်သွယ်ရေးသဘောတူညီချက်ပထမအဆင့် ဆောင် ရွက်နိုင်မှု၏ သင်္ကေတဖြစ်ကြောင်း၊ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့မှ စတင်သက်ဝင်မည့် အမေရိကန်ဒေါ်လာ ၁၂၀ ဘီလီယံတန်ဖိုးရှိ တရုတ်ကုန်ပစ္စည်းများအပေါ် အခွန် ၁၅ ရာခိုင်နှုန်း ကောက်ခံနှုန်းအား ဝါရှင်တန်မှ ဖယ်ရှားခဲ့ပြီး နှုန်းဝက်သာ ကောက်ခံခဲ့သော်လည်း အမေရိကန် ဒေါ်လာ ၂၅၀ ဘီလီယံတန်ဖိုးရှိ တရုတ်ကုန်ပစ္စည်းများအပေါ် အခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံနှုန်း မှာဆက်လက်ရှိနေဆဲဖြစ်ကြောင်း၊ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်နေ့က အမေရိကန် ပြည်ထောင်စု၊ ကုန်သွယ်ရးကိုယ်စားလှယ်ရုံးမှ ထုတ်ပြန်မှုတွင် ကုန်သွယ်ရေးတိုးချဲ့မှု၌ စွမ်းအင်ထုတ်ကုန်များ အဓိကထား ပါဝင်ကြောင်း၊ ကုန်သွယ်ရေးစစ်ပွဲများစတင်ပြီးနောက် အမေရိကန် နိုင်ငံမှ မသန့်စင်ရသေးသောဆီ (Crude oil) များ တင်ပို့မှုလျော့ကျခဲ့ကြောင်း၊ တရုတ်နိုင်ငံ အနေဖြင့်လည်း ၂၀၁၆ ခုနှစ်တွင် စိုက်ပျိုးရေးထွက်ကုန် ပစ္စည်းများအား အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံဝယ်ယူနိုင်ခဲ့မှု၏ ၂ ဆဖြစ်သည့် အမေရိကန်ဒေါ်လာ ၄၀ ဘီလီယံအား ကုန်သွယ်ရေး စစ်ပွဲမတိုင်ခင် ဝယ်ယူနိုင်ခဲ့သည်ဟ ုအမေရိကန်နိုင်ငံဘက်မှ ပြောကြားကြောင်း၊ ရှန်ဟိုင်း အခြေစိုက် စိုက်ပျိုးရေးသုတေသနမှ ပဲပုပ်၊ အခွံမာသီး၊ သစ်သီး၊ ဝက်သား၊ ကြက်သား၊ ပြောင်း၊ နှံစားပြောင်း၊ အီသနော ဘေးထွက်ပစ္စည်းများပိုမိုဝယ်ယူရန် အကြံပြုခဲ့ကြောင်း၊ အမေရိကန်နိုင်ငံ မှ အခွန်သတ်မှတ်မှု အားလုံးမဖယ်ရှားလျှင် တရုတ်နိုင်ငံမှလည်း ဝယ်ယူမည့် ကတိကဝတ် များအား ထိန်းသိမ်းရန် မလိုအပ်ကြောင်း၊ ၁၃-၁-၂၀၂၀ ရက်နေ့တွင် US Broadcaster NPR က အိမ်ဖြူတော်မှ ကုန်သွယ်ရေးအကြံပေး Mr. Peter Navarro အားတွေ့ဆုံမေးမြန်းရာ၌ ရက်ပေါင်း ၉၀ အတွင်း အခွန်နှုန်းများပြင်ဆင်သတ်မှတ်ရန် အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ် Mr. Robert Lighthizer အား ဥပဒေလုပ်ထုံးလုပ်နည်းအရ ခွင့်ပြုထားကြောင်း ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့တွင် South China Morning Post ၌ ရေးသားဖော်ပြထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: China (HongKong)