China(Beijing)

တရုတ်နိုင်ငံသည် ပြည်ပနိုင်ငံများသို့ တင်ပို့မှုလုပ်ငန်းများဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီ များအပေါ် ကူညီထောက်ပံ့မှုများ ဆောင်ရွက်သွားမည်ဟု ကြေညာခဲ့ခြင်း

Last Updated:

တရုတ်နိုင်ငံ၊ နိုင်ငံတော်ကောင်စီသည် ပြည်ပသို့တင်ပို့မည့်လုပ်ငန်းများအား ပံ့ပိုးမှု များ ပိုမိုဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ တရုတ်နိုင်ငံရှိ လုပ်ငန်းများအနေဖြင့် ပိုမိုကောင်း မွန်သည့် ဝန်းကျင်ကောင်းများ ဖြစ်ပေါ်လာစေရန် အကောင်အထည်ဖော်ဆောင်ရွက်မည့် လမ်းညွှန်ချက်များအား (၂၁-၇-၂၀၂၀) ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း၊ ထိုကဲ့သို့ထုတ်ပြန်ကြေညာခဲ့ရာတွင် ပြည်ပမှဝင်ရောက်လာမည့် ရင်းနှီးမြှုပ်နှံမှုများ၊ နိုင်ငံခြား အရင်းအနှီးဖြင့် လည်ပတ်နေသည့်လုပ်ငန်းများ၊ ပြည်ပသို့တင်ပို့သည့်လုပ်ငန်းများအပေါ် ကန့်သတ်မှုများ ပိုမိုဖြေလျှော့ပေးမည်ဖြစ်ကြောင်း၊ နိုင်ငံခြားအရင်းအနှီးဖြင့် လုပ်ကိုင်သည့်လုပ်ငန်းများအနေဖြင့် ပြည်နယ် အဆင့်များ ၌ပင် လုပ်ငန်းများ မှတ်ပုံတင်ခွင့်ပြုမည်ဖြစ်ကြောင်း၊ ပြည်ပသို့တင်ပို့သည့် လုပ်ငန်းများအနေဖြင့် ပြည်တွင်းတွင် ရောင်းချမှုများဆောင်ရွက်နိုင်ရန် ကူညီထောက်ပံ့ပေးသည့်အနေဖြင့် ထုတ်ကုန်မှတ်ပုံတင်သည့် လုပ်ငန်းစဉ် များအား ရိုးရှင်းလွယ်ကူအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတကာအသိ အမှတ်ပြုသည့် သက်ဆိုင်ရာလက်မှတ်များ ရရှိထားသည့်လုပ်ငန်းများအနေဖြင့် ပြည်တွင်းသတ်မှတ်ထားသည့် စံချိန်စံညွှန်းနှင့်ကိုက်ညီပါက စာရေးသားကတိပြု၍ ပြည်တွင်းဈေးကွက်အတွင်းသို့ တိုက်ရိုက်ရောင်းချနိုင်မည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ လုပ်ထုံးလုပ်နည်းများ ရိုးရှင်းလွယ်ကူအောင်ဆောင်ရွက်ရာတွင် စားသုံးသူများ လုံခြုံစိတ်ချရမှုနှင့် တိုက်ရိုက်ဆက်နွယ် နေသည့် အိမ်သုံးလျှပ်စစ်ပစ္စည်းများ၊ မော်တော်ကားနှင့် ကလေးကစားစရာများ စသည်တို့ပါဝင်သည့် ကုန်ပစ္စည်း (၁၀၃) မျိုး ပါဝင်ခြင်းမရှိဘဲ အဆိုပါကုန်ပစ္စည်းများနှင့် ပတ်သက်၍မူပုံမှန်လုပ်ထုံးလုပ်နည်းများ လုပ်ဆောင် သွားရမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၊ အမျိုးသားစာရင်းအင်းဗျူရိုမှ ထုတ်ပြန်ခဲ့သည့်စာရင်းဇယားများအရ တရုတ်နိုင်ငံ၏ ပြည်တွင်းလူသုံး ကုန်ပစ္စည်းများလက်လီရောင်းချရမှုသည် ပထမနှစ်ဝက်တာ ကာလ အတွင်း၌ အမေရိ ကန်ဒေါ်လာ (၂.၄၇) ထရီလီယံသာရရှိခဲ့သည့်အတွက် ပြီးခဲ့သည့်နှစ်ကာလတူထက် (၁၁.၄) ရာခိုင်နှုန်းလျှော့နည်းကျဆင်းခဲ့ပြီး online မှ ရောင်းချရမှုသည် တရုတ်ယွမ်ငွေ (၅.၁၅) ထရီလီယံရရှိခဲ့သည့် အတွက်ပြီးခဲ့သည့် နှစ်ကာလတူထက် (၇.၃) ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်းသိရှိရပါသည်။

 

(စီးပွားရေးသံမှူး၊ပေကျင်း)

 ရင်းမြစ်: https://www.globaltimes.cn/content/1195250.shtml

Category: China(Beijing)