China (Kunming)

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှ သစ်သီးဝလံနှင့် အစေ့အဆန်များတင်ပို့မှု

Last Updated:

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်တွင် စိုက်ပျိုးသော သစ်သီးနှင့် အခွံမာသီးများ၏ တင်ပို့မှုပမာဏမှာ ၂၀၂၁ ခုနှစ်တွင် မက်ထရစ်တန် ၁.၀၈ သန်းဝန်းကျင်ရှိပြီး စုစုပေါင်းပို့ကုန်တန်ဖိုးမှာ ယွမ် ၁၂.၁ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁.၉၁ ဘီလီယံ) ဖြင့် နိုင်ငံအတွင်း ပထမအဆင့်ဖြစ်ကြောင်း၊ ယမန်နှစ်က ယူနန်ပြည်နယ်၏ ပို့ကုန်ပမာဏနှင့် သစ်သီးဝလံနှင့် အခွံမာသီးများ၏ ပို့ကုန်တန်ဖိုး နှစ်ခု စလုံးသည် နိုင်ငံစုစုပေါင်း၏ သုံးပုံတစ်ပုံခန့်ရှိပြီး နိုင်ငံနှင့် ဒေသပေါင်း ၄၀ ကျော်သို့ ရောက်သွားခဲ့ကြောင်း၊  ၂၀၂၀ ခုနှစ်တွင် သစ်သီး သည် ယူနန်ပြည်နယ်၏ စိုက်ပျိုးရေးထွက်ကုန် စုစုပေါင်းတင်ပို့မှု၏ ၄၁.၆၃ ရာခိုင်နှုန်းနှင့် ပြည်နယ်၏ စိုက်ပျိုးရေးထွက်ကုန် စုစု ပေါင်း၏ ၅၀.၉ ရာခိုင်နှုန်းဖြစ်ပါကြောင်း၊  ထိုင်း၊ ဗီယက်နမ်၊ မလေးရှား၊  မြန်မာနှင့် အင်ဒိုနီးရှား နိုင်ငံများသို့ သစ်သီးဝလံများ တင်ပို့လျက်ရှိကြောင်း အထူးသဖြင့် ယူနန်ပြည်နယ်မှ လိမ္မော်၊ စပျစ်သီးနှင့် ပန်းသီးကဲ့သို့သော သစ်သီးများကို နိုင်ငံခြားဈေးကွက် များတွင် ကြိုဆိုကြကြောင်း သိရှိရပါသည်။  

 

(မြန်မာစီးပွားရေးသံမှူး၊ ကူမင်းမြို့)

ရင်းမြစ် English.yunnan.cn/html/2022/consulgeneral_0321/28732.html

Category: China (Kunming)