China (Kunming)

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၏ ၁၀၃၉ ကုဒ်မှတစ်ဆင့် တင်ပို့မှု ယွမ် ၄၅၃ သန်းခန့်ရှိပြီဖြစ်

Last Updated:

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်း၏ ၂၀၂၂ ခုနှစ် ပထမလေးလအတွင်း ကုန်စည်တင်ပို့မှုသည် ယွမ် ၄၅၃ သန်း (ဒေါ်လာ ၆၆.၇ သန်းခန့်) တန်ဖိုး ရှိပြီး ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလမှ စတင်ခဲ့သော စျေးကွက်ဝယ်ယူရေးစနစ်တစ်ခုဖြစ်သည့် ၁၀၃၉ အကောက်ခွန်ကြီးကြပ်မှု ကုဒ်မှတစ်ဆင့် တင်ပို့ခဲ့ကြောင်း ယူနန်ပြည်နယ်၏ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများမှ ဟာ့ဒ်ဝဲ၊ ဖိနပ်နှင့် အခြားထုတ်ကုန်များပါဝင်ပြီး အဆိုပါ ကုန်စည်များကို စျေးကွက်ဝယ်ယူရေးကုန်သွယ်မှုဖြင့် အရှေ့တောင်နှင့် တောင်အာရှနိုင်ငံများသို့ တင်ပို့ခဲ့ကြောင်း “တရုတ်-လာအို မီးရထားလမ်း (plus ပလပ်စ်) ၁၀၃၉ ကုဒ်” မုဒ်သည် ပြည်တွင်း စီးပွားရေးလုပ်ငန်းများကို စျေးကွက်ရှယ်ယာများ တိုးချဲ့ရန်နှင့် အရောင်းပမာဏတိုးလာစေရန် ကူညီပေးကြောင်း ၁၀၃၉ ကုဒ်မှတစ်ဆင့် ယူနန်ပြည်နယ် ပို့ကုန်သည် ယမန်နှစ်တွင် ယွမ် ၄.၈၅ ဘီလီယံအထိရှိခဲ့ပြီး နယ်ပယ်ဒေသပေါင်း ၈၉ ခုသို့ တင်ပို့ခဲ့ကြောင်း ကူမင်း အကောက်ခွန်၏ ဖေါ်ပြချက်အရ သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ကူမင်းမြို့)
ရင်းမြစ် Yunnan export via 1039 code reaches 453 million yuan - News - 云桥网英文 (yunnangateway.com)

 

Category: China (Kunming)