China(Nanning)

တရုတ်နိုင်ငံ၌ နှစ်စဉ် နွေရာသီ ငါးဖမ်းဆီးမှု တားမြစ်ချိန် စတင်

Last Updated:

တရုတ်နိုင်ငံ၏ မြောက်ပိုင်း၊ အရှေ့ပိုင်းနှင့် တောင်ပိုင်းရှိ အဓိကပင်လယ်ပြင်များ၌ မေလ ၁ ရက်နေ့မှစ၍ နှစ်စဉ်နွေရာသီ ငါးဖမ်းဆီးမှုတားမြစ်ခြင်း ကို စတင်လိုက်ပြီဖြစ်ပါသည်။ ၎င်းတားမြစ်ခြင်းကို ပင်လယ်ပြင်မှ ရေသယံဇာတရင်းမြစ်များနှင့် ပင်လယ်ပြင်ဂေဟစနစ်ကို ထိန်းသိမ်းရန် ရည်ရွယ် ၍ ဆောင်ရွက်ခြင်းဖြစ်ပါသည်။ ငါးဖမ်းဆီးမှုတားမြစ်ခြင်းအား ပင်လယ်ဝါနှင့် Bohai ပင်လယ်များတွင် စက်တင်ဘာလ ၁ ရက်နေ့အထိ ဆောင်ရွက် သွားမည်ဖြစ်ပြီး အရှေ့တရုတ်ပင်လယ်အတွက် ငါးဖမ်းပိုက်အမျိုးမျိုးအသုံးပြုမှုများအရ စက်တင်ဘာလ ၁၆ ရက်နေ့အထိ တားဆီးနိုင်ကြောင်း သိရှိ ရပါသည်။

တားဆီးထားသည့် ပင်လယ်များတွင် Bohai ပင်လယ်၊ ပင်လယ်ဝါ၊ အရှေ့တရုတ်ပင်လယ်နှင့် တောင်တရုတ်ပင်လယ်ရှိ မြောက်လတ္တီကျု (၁၂) ဒီဂရီ ၏ မြောက်ဘက်ရှိ ရေပြင်များ ပါဝင်ပါသည်။

တရုတ်နိုင်ငံသည် ၁၉၉၉ ခုနှစ်မှစတင်၍ တောင်တရုတ်ပင်လယ်တွင် ငါးဖမ်းယူခြင်းကို နှစ်စဉ် အချိန်ကာလသတ်မှတ်၍ တားမြစ်လာခဲ့ပါသည်။ တရုတ်ကမ်းရိုးတန်းစောင့်တပ်ဖွဲ့က တောင်တရုတ်ပင်လယ်ပြင်တွင် ကင်းလှည်းစောင့်ကြပ်မည်ဖြစ်ပြီး ဒေသအာဏာပိုင်များက သက်ဆိုင်ရာပင် လယ်များနှင့် ဆိပ်ကမ်းများ၌ ကြီးကြပ်မည်ဟု သိရပါသည်။ ယခင်နှစ်အတွင်း တရားမင်ငါးဖမ်းလှေ (၈) ထောင်ခန့်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ရပါ သည်။

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်တုန်းပြည်နယ်၏ ချင်းတောင်မြို့မှ အာဏာပိုင်များ၏ ပြောကြားချက်အရ ငါးဖမ်းရပ်နားမှုကြောင့် တံငါသည် (၁၇၀၀၀) တို့မှာလည်း အလုပ်ရပ်နားထားရသည့်အတွက် ၎င်းတို့အား ယွမ်သန်း (၇၀) တန်ဖိုးရှိ ရေသယံဇာတရင်းမြစ် ထိန်းသိမ်းရေး အထောက်အပံ့များပေး သွားမည်ဟု သိရပါသည်။

ကျဲ့ကျန်းပြည်နယ်၊ လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာဌာနမှ ပြောကြားချက်အရ မေလ ၈ ရက်နောက်ပိုင်းတွင် ငါးတံခွန်၊ ငါးပုတ်သင်ဝါနှင့် ငါးမုတ်အပါအဝင် ရေထွက်ပစ္စည်း (၈) မျိုးကို အရှင် (သို့) အေးခဲပြီး ရောင်းချခြင်းအား တားမြစ်သွားမည်ဟု သိရပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

Source: Xinhua (2-5-2022)

Category: China(Nanning)