China (Kunming)

တရုတ်နိုင်ငံ၏ ဉာဏပစ္စည်းမူပိုင်ခွင့် တရားစီရင်ရေးဆိုင်ရာ အကာအကွယ်တိုးမြှင့်

Last Updated:

တရုတ်နိုင်ငံ၏ တရားရေးအေဂျင်စီများသည် သိပ္ပံနှင့်နည်းပညာတွင် မိမိကိုယ်ကိုယ်အားကိုးမှုနှင့် နိုင်ငံအတွက် ပံ့ပို့မှုတွန်းအားရရှိရန်အတွက် ဉာဏပစ္စည်းမူပိုင်ခွင့် (IPR) ကို တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အကြီးတန်းတရားသူကြီးတစ်ဦးက ၁၉-၁၀-၂၀၂၂ ရက်နေ့တွင် ပြောကြား ခဲ့ပါသည်။

ကြီးမားသောဒေတာ၊ ဉာဏ်ရည်တုနှင့် မျိုးရိုးဗီဇနည်းပညာများကဲ့သို့သော ကဏ္ဍများတွင် ဉာဏပစ္စည်းမူပိုင်ခွင့်ကာကွယ်ရန် ကျိုးကြောင်းဆီလျော် ၍ ယုတ္တိတန်သော စည်းမျဉ်းစည်းကမ်းများကို မိတ်ဆက်မည်ဖြစ်ပြီး လက်ဝါးကြီးအုပ်မှုနှင့် တရားမျှတမှုမရှိသော ယှဉ်ပြိုင်မှုကို ဆန့်ကျင်သည့် တရားစီရင်ရေးဆိုင်ရာ လုပ်ဆောင်ချက်များကို မြှင့်တင်သွားမည်ဖြစ်ကြောင်း၊ မတည်အရင်းအနှီးဖွံ့ဖြိုးတိုးတက်မှုကို ထိန်းညှိရန်နှင့် လမ်းညွှန်နိုင် ရန် ပိုမိုကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း တရုတ်နိုင်ငံသည် ဉာဏပစ္စည်းမူပိုင်ခွင့် တရားစီရင်ရေးဆိုင် ရာ အကာအကွယ်ပေးရေးတွင် ထင်ရှားသောတိုးတက်မှုကို ရရှိခဲ့ကြောင်း၊ ၂၀၁၃ ခုနှစ်မှစတင်၍ ပထမအကြိမ်တွင် ပိတ်သိမ်းခဲ့သည့် ဉာဏပစ္စည်း မူပိုင်ခွင့်  တရားစွဲမှုအရေအတွက်သည် စုစုပေါင်း ၂.၇၄ သန်းရှိပြီး နှစ်စဉ်ပျမ်းမျှ ၂၄.၅ ရာခိုင်နှုန်းတိုးလာကြောင်း၊ ပြည်သူ့တရားရုံးချုပ် ဒုတိယ ဥက္ကဋ္ဌက တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ၏ ၂၀ ကြိမ်မြောက် အမျိုးသားကွန်ဂရက် ညီလာခံကျင်းပစဉ် ဆောင်ရွက်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဉာဏပစ္စည်းမူပိုင်ခွင့် နှင့်ပတ်သက်သည့် တရားစွဲဆိုမှုများတွင် အမှုအခင်းများမှာ မူပိုင်ခွင့်များ၊ ကုန်အမှတ်တံဆိပ်များ၊ မူပိုင်ခွင့်များ၊ စီးပွားရေး လုပ်ငန်းလျှို့ဝှက်ချက်များ၊ ပေါင်းစပ်ပတ်လမ်းဒီဇိုင်းများ၊ အပင်မျိုးစိတ်အသစ်များ၊ ဒေသန္တရထုတ်ကုန်များ GI products ၊ လက်ဝါးကြီးအုပ်မှုနှင့် တရားမျှတမှုမရှိသော ပြိုင်ဆိုင်မှုတို့ပါ၀င်သော ကဏ္ဍများစွာကို လွှမ်းခြုံထားကြောင်း၊ စားသုံးသူအခွင့်အရေးနှင့် အလုပ်အကိုင်ပုံစံသစ်ရရှိသူများ၏ အခွင့်အရေးများကို ပိုမိုကောင်းမွန်စွာ ကာကွယ်ထားပါကြောင်း၊ ပြည်သူ့တရားရုံးချုပ်လက်အောက်ရှိ ဉာဏပစ္စည်းမူပိုင်ခွင့်အထူးပြု တရားရုံး (၄) ခုကို ဘေဂျင်း၊ ရှန်ဟိုင်း၊ ကွမ်ကျိုးနှင့် ဟိုင်နန် လွတ်လပ်သောကုန်သွယ်မှုဆိပ်ကမ်းတို့တွင် တည်ရှိပြီး ယင်းတို့သည် နိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုတွင် ဉာဏပစ္စည်းမူပိုင်ခွင့် အမှုအခင်းဖြေရှင်းရေးတွင် အဆင်ပြေချောမွေ့စေကြောင်း၊ နိုင်ငံခြားကုမ္ပဏီများသည် တရုတ်နိုင်ငံတွင် တန်းတူညီမျှ တရား ဥပဒေဆိုင်ရာ အကာအကွယ်များရရှိစေရေးအတွက် အမြဲတစေ ကြိုးပမ်းမှုများနှင့်အတူ နိုင်ငံခြားကုမ္ပဏီများသည် ၎င်းတို့၏ ဉာဏပစ္စည်းမူပိုင်ခွင့် ဆိုင်ရာ အငြင်းပွားမှုများကို တရုတ်တရားရုံးများတွင် ပြေလည်အောင် ဖြေရှင်းပေးခဲ့ကြောင်း ၎င်းကပြောကြားခဲ့သည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ကူမင်းမြို့)
ရင်းမြစ် yunnangateway.com/html/2022/news_1021/26469.html

 

Category: China (Kunming)