China (Kunming)

တရုတ်နိုင်ငံ၏ ကုန်သွယ်မှုမူဝါဒဘဏ်သည် RCEP အဖွဲ့ဝင်များမှ သွင်းကုန်များအတွက် ချေးငွေပံ့ပိုးပေးမည်

Last Updated:

တရုတ်နိုင်ငံ၏ မူဝါဒဘဏ်သည် ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု (RCEP) အဖွဲ့ဝင်နိုင်ငံများမှ သွင်းကုန်များအတွက် သီးသန့် ချေးငွေအထောက်အပံ့အတွက် တာဝန်ရှိကြောင်း၊ ထို့ကြောင့် တင်သွင်း (မှုနှင့်ဆက်စပ်) သူများအတွက်  ဘဏ္ဍာငွေလိုအပ်ချက်ကို ဖြည့်ဆည်းပေးရန် အတွက် ယွမ် ၂၀၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂၇.၇ ဘီလီယံခန့်) တန်ဖိုးရှိသော ချေးငွေခွဲတမ်းကို သတ်မှတ်ထားသည်ဟု တရုတ်နိုင်ငံ၏ ပို့ကုန်-သွင်းကုန်ဘဏ်အရ သိရှိရကြောင်း၊ ဤချေးငွေပံ့ပိုးမှုသည် RCEP အဖွဲ့ဝင်နိုင်ငံများမှ ဆက်စပ်တင်သွင်းမှုများကို ချဲ့ထွင်ရန် ကြိုးပမ်းရာတွင် နိုင်ငံခြား ကုန်သွယ်မှုနှင့် ကုန်ထုတ်လုပ်မှုကဲ့သို့သော နယ်ပယ်များတွင် အလေးပေးပံ့ပိုးမည်ဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ် ပထမ (၁၀) လတွင် မူဝါဒဘဏ်သည် သွင်းကုန်ထောက်ပံ့ရန် စုစုပေါင်းချေးငွေ ယွမ် ၃၁၀ ဘီလီယံကျော်ကို ကမ်းထားကြောင်း၊ မူဝါဒဘဏ်သည် လာမည့် ပဉ္စမအကြိမ်မြောက် China International Import Expo တွင် ပါဝင်သူများကဲ့သို့ သက်ဆိုင်ရာဖောက်သည်များအတွက် အံဝင်ခွင်ကျဖြစ်စေသော ငွေကြေးဝန်ဆောင်မှု ပက်ကေ့ချ် ကိုလည်း ပြသမည်ဖြစ်ကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ကူမင်းမြို့)
ရင်းမြစ် China's trade policy bank offers credit support for imports from RCEP members - News - 云桥网英文 (yunnangateway.com)

 

Category: China (Kunming)