China (Kunming)

တရုတ်နိုင်ငံ၏ စိုက်ပျိုးရေးသိပ္ပံနည်းပညာတိုးတက်မှုသည် စားနပ်ရိက္ခာဖူလုံမှုကို ပံ့ပိုးပေးလျှက်ရှိ

Last Updated:

တရုတ်စိုက်ပျိုးရေးသိပ္ပံအကယ်ဒမီ(CAAS)သည်  လွန်ခဲ့သည့်ဆယ်စုနှစ်များ မှစတင်၍ စိုက်ပျိုးရေးသိပ္ပံနည်းပညာ ဆိုင်ရာ အောင်မြင်မှုများကို ဆက်တိုက်ပြုလုပ်ခဲ့ပြီး နိုင်ငံ၏အစားအစာဘေးကင်းရေးအတွက် ခိုင်မာသော ပံ့ပိုးမှုပေးခဲ့ကြောင်း သိရှိရပါသည်။

၂၀၁၂ခုနှစ်ခန့်မှစတင်၍ ၎င်း၏လုပ်ငန်းတွင် စပါးမျိုးစေ့အမြုံပြဿနာကို ဖြေရှင်းရန်အတွက် မူရင်းစပါးမျိုးရိုးဗီဇထက် ပိုမိုစွမ်းရည်မြင့်သော heterosis အသုံးပြုမှု ကို အဟန့် အတားဖြစ်စေသော  မျိုးရိုးဗီဇများကို  ပထမဆုံးအကြိမ်အဖြစ် ရှာဖွေတွေ့ရှိခဲ့သဖြင့် ပုံတူပွားခဲ့ပြီး အရေးကြီးသော စပါးမျိုးစပ်မျိုးမွှားပြဿနာကိုဖြေရှင်းရန် ဖြစ်နိုင်ချေရှိသော အဖြေများနှင့် မျိုးဗီဇအရင်းအမြစ်များကို ပံ့ပိုးခဲ့သည်။

သခွားသီးတွင် ခါးသောအရသာကို ဖြစ်ပေါ်စေသည့် အဓိကမျိုးဗီဇများကို ရှာဖွေတွေ့ရှိမှုသည် CAAS မှ ပြုလုပ်သော သီးနှံ omics နည်းပညာ နှင့် မျိုးရိုး ဗီဇဆိုင်ရာ အဓိကရှာဖွေတွေ့ရှိမှုများစွာထဲမှ တစ်ခုဖြစ်သည်။ နိုင်ငံတော်၏ စားနပ် ရိက္ခာဖူလုံရေးကို အထောက်အကူဖြစ်စေသော သီးနှံပိုးမွှားထိန်းချုပ်ရေးနှင့် ကာကွယ်ရေး တို့တွင်လည်း အောင်မြင်မှုများစွာ ရရှိခဲ့ပါသည်။

CAAS သည်  အဓိကကောက်ပဲသီးနှံများတွင် မကြာခဏ ဖြစ်ပွားတက်သောရောဂါများနှင့် အင်းဆက်ပိုးမွှားများအပေါ်  ကွင်းဆက်တစ်ခုလုံးကို ကာကွယ်ထိန်းချုပ်ရေး အင်ဂျင်နီယာစနစ်တည်ဆောက်မှု နှင့် သီအိုရီဆိုင်ရာ သုတေသနဆောင်ရွက်ခဲ့ကြောင်း ထို့ပြင် ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့မှ တစ် ကမ္ဘာလုံးအတွက် ထောက်ခံအကြံပြုထားသည့်  အချိန်နှင့်တပြေးညီ စောင့်ကြပ်ကြည့်ရှုခြင်းနှင့် စောစီးစွာသတိပေးခြင်း နည်းပညာ စနစ်တည်ထောင်ခဲ့ပြီး  နိုင်ငံတစ်ဝှမ်းရှိ fall armyworm ကာကွယ်ထိန်းချုပ်ရန်အတွက် အဓိကနည်းပညာများ နှင့် အစီအစဉ်များကို တီထွင်ခဲ့ပြီးကူညီမှုပေးခဲ့ကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ကူမင်းမြို့)

ရင်းမြစ် Decade Success: China's agricultural sci-tech progress supports food security - News - 云桥网英文 (yunnangateway.com)

Category: China (Kunming)