China (HongKong)

တရုတ်နိုင်ငံ၏ စီးပွားရေးကိန်းဂဏန်းအချက်အလက်များအရ ဩဂုတ်လအတွင်း စီးပွားရေး အခြေအနေ ကောင်းမွန်လျက်ရှိခြင်း

Last Updated:

တရုတ်နိုင်ငံ၏ စီးပွားရေးမှာ ၂၀၂၀ ပြည့်နှစ်၊ ဒုတိယလေးလပတ်အတွင်း V-Shaped ပုံစံဖြင့် ပြန်လည်မြင့်တက်လာကြောင်း၊ နှစ်စဉ်လုပ်ငန်းများတိုးတက်မှုမှာ (၅.၆) ရာခိုင်နှုန်း မျှော်လင့်ထားပြီး၊ဇူလိုင်လတွင်(၀.၈) ရာခိုင်နှုန်း ရှိခဲ့ကြောင်း၊ နှစ်စဉ် လက်လီရောင်းချမှုမှာ (၀.၅) ရာခိုင်နှုန်းရှိပြီး၊ ဇူလိုင်လတွင်(၁.၆) ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း၊ အခြားသောအခြေခံအဆောက်အအုံများ ရင်းနှီးမြှုပ်နှံမှု၊ပို့ကုန်တင်ပို့မှုများနှင့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုး တိုးတက်မှု၊ စားသုံးမှုနှင့် ကုန်ထုတ်လုပ်မှု ရင်းနှီးမြှုပ်နှံမှုများမှာ ပြန်လည်ကောင်းမွန်လာပြီဖြစ်ကြောင်း၊ သတ္တုတွင်းလုပ်ငန်းများလည်း ပြန်လည်တိုးချဲ့လုပ်ကိုင်ပြီး (၁.၆) ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ တရုတ်နိုင်ငံအတွင်းတွင် 5 G အင်တာနက်သုံးစွဲမှု အရှိန်မြင့်တက်ပြီးနေအိမ်များမှ လုပ်ငန်းများလုပ်ကိုင်လာမှုကြောင့် လျှပ်စစ်နှင့် ဆက်သွယ်‌ရေးသုံးပစ္စည်းများအတွက် အကျိုးအမြတ်များမြင့်တက်လာကြောင်း၊ စွမ်းအင် ထုတ်လုပ်မှုများလည်း ပြန်လည်ကောင်းမွန်လာပြီဖြစ်ကြောင်း၊ ဩဂုတ်လအတွင်းတွင် စားသုံးသူများ၏ သုံးစွဲမှုများမြင့်တက်လာပြီး ယခုနှစ်အတွင်း လက်လီရောင်းချမှု ပထမဆုံးမြင့်တက်လာကြောင်း၊ အများပြည်သူ သွားလာသည့်‌နေရာများ ပြန်လည်ဖွင့်လှစ်မှုကြောင့် ပြည်သူများ သွားလာရန် ပိုမိုအဆင်ပြေလာပြီး ဈေးအရောင်းစင်တာများ ပြန်လည်ဖွင့်လှစ်မှုကြောင့် အဝတ်အထည်နှင့် အထည်ချုပ်များရောင်းချရမှုများ မြင့်တက်ခဲ့ကြောင်း၊ ရုပ်ရှင်ရုံ (၈၀) ရာခိုင်နှုန်းမှာ ဩဂုတ်လအတွင်းက ပြန်လည်ဖွင့်လှစ်ခဲ့ရာ ဒေသခံပြည်သူများ နေအိမ်အပြင်ထွက် စားသုံးမှုများ ကြောင့် စားသောက်ဆိုင်များနှင့် အစားအစာရောင်းချမှုများ လျော့ကျခဲ့မှုများ နည်းပါးလာ ကြောင်း၊ မော်တော်ယာဉ်များအသုံးပြုမှု (၁၁.၈) ရာခိုင်နှုန်း၊ မိုလ်ဘိုင်းဖုန်း (၂၅.၁) ရာခိုင်နှုန်း၊ အလှကုန်ပစ္စည်း (၁၉) ရာခိုင်နှုန်းနှင့် အိမ်သုံးပစ္စည်းများ (၄.၃) ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ အလုပ်လက်မဲ့နှုန်း (၅.၆) ရာခိုင်နှုန်း လျော့ကျခဲ့ကြောင်း၊ငွေကြေးကဏ္ဍနှင့် ကုန်ထုတ်လုပ်မှု ရင်းနှီးမြှုပ်နှံမှုများလည်းမြင့်တက်ခဲ့ကြောင်း၊ ပေကျင်း၏ ‘Dual Circulation’ Strategy အရ credit/ tax ပိုင်းဆိုင်ရာ ကူညီပံ့ပိုးမှုများနှင့် မူဝါဒများရှင်းလင်း ကောင်းမွန်အောင် ဆက်လက် ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုလည်းမြင့်တက်လာရာ လူနေအိမ်ခန်း များရောင်းချမှုမှာ ရုတ်တရက်မြင့်လာကြောင်း၊ ဩဂုတ်လစာရင်းများအရ စားသုံးသူများ သုံးစွဲမှု မြင့်တက်လာပြီး စီးပွားရေးလုပ်ငန်းများ လျင်မြန်စွာပြန်လည်ကောင်းမွန်လာကြောင်း၊ စီးပွားရေးပြန်လည်ကောင်းမွန်ရန်အတွက် အင်တာနက်အွန်လိုင်းအသုံးပြုမှုသည်လည်း အရေးကြီးသည်ကိုတွေ့ရှိရကြောင်း၊ တရုတ်နိုင်ငံ၏ ဂျီဒီပီမှာ ၂၀၂၀ပြည့်နှစ်၊ တတိယလေးလပတ်တွင် (၅)ရာခိုင်နှုန်း၊ စတုတ္ထလေးလပတ်တွင် (၆) ရာခိုင်နှုန်းနှင့် ၂၀၂၀ ပြည့်နှစ်၊ တစ်နှစ်လုံးအတွက် (၂.၃) ရာခိုင်နှုန်း ရှိနိုင်ကြောင်း မျှော်မှန်းထားပြီး တရုတ်နိုင်ငံ၏ စီးပွားရေး တိုးတက်မှုမှာ ကမ္ဘာတစ်ဝှမ်းရှိ ဈေးကွက်များ အပေါ်တွင်လည်း မူတည်နေကြောင်း ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့ ထုတ် South China Morning Post သတင်းစာ၌ Aidan Yao က “China’s economic data for August sows seeds of optimism” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

 

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: China (HongKong)