China (Kunming)

တရုတ်နိုင်ငံ၏ စွမ်းအင်သစ်သုံး မော်တော်ယာဉ်များ ထုတ်လုပ်မှုနှင့် ရောင်းအား ကမ္ဘာတွင်ထိပ်ဆုံးဖြစ်

Last Updated:

တရုတ်နိုင်ငံ၏ စွမ်းအင်သစ်သုံး မော်တော်ကားများ ထုတ်လုပ်ရောင်းချမှုသည် ကမ္ဘာပေါ်တွင် တရုတ်နိုင်ငံသည် အဆင့်မြင့်နည်းပညာသုံးစွဲသော ခေတ်မှီထိပ်တန်းနိုင်ငံဖြစ်သည့် သက်သေဖြစ်ပင်ဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတွင်  စွမ်းအင်သစ်သုံးယာဉ်များ (New energy vehicles-NEVs) များထုတ်လုပ်မှုနှင့် ရောင်းအားသည် စံချိန်တင် အမြင့်ဆုံးကိုကျော်လွန်ခဲ့ပြီး အရေအတွက်အားဖြင့် ခုနှစ်သိန်းရှိခဲ့ကြောင်း၊ တရုတ် မော်တော် ယာဉ်ထုတ်လုပ်သူများအသင်းမှ အချက်အလက်များအရ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီမှ သြဂုတ်လအထိ ပို့ကုန် ၃၄၀,၀၀၀ သို့ရောက်ရှိခဲ့ပြီး ၂၀၂၁ ခုနှစ်ထက် ၉၇ ရာခိုင်နှုန်းကျော် တိုးလာကြောင်း၊ ထုတ်လုပ်မှုနှင့် ရောင်းအားသည် ၂၀၁၅ ခုနှစ်မှစ၍ ကမ္ဘာပေါ်တွင် အမြင့်ဆုံးဖြစ်ကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ကူမင်းမြို့)
ရင်းမြစ်။ news.cgtn.com/news/2022-10-12/China-s-NEV-production-sales-top-the world1e4wPeRMJiw/index.html#:~:text= China%27s%20Asso ciation%20of%20Automobile%20Manufacturers,over%2097%20percent%20from%202021.

 

Category: China (Kunming)