China (Kunming)

တရုတ်နိုင်ငံ၏ ဆောင်းရာသီထုတ်ကုန်များ ဥရောပဝယ်အားနှစ်ဆမြင့်တက်ရုံမက အမှာစာတန်းစီမှု နောက်နှစ်အထိရောက်ရှိ

Last Updated:

တရုတ်နိုင်ငံအရှေ့ပိုင်း Zhejiang ပြည်နယ် Yiwu တွင် (၁၃-၁၀-၂၀၂၂) ရက်နေ့တွင်ရောင်းချရန် လျှပ်စစ်ရေနွေးအိတ်များကို ဝန်ထမ်းတစ်ဦးကစီစစ်နေပုံ

တရုတ်နိုင်ငံ၏ ဆောင်းရာသီထုတ်ကုန်များဖြစ်သော အနွေးထည်ဘောင်းဘီ၊ ခြေအိပ်များမှအစ လျှပ်စစ်အပူပေးစက်များအထိ တင်ပို့မှုသည် ယူကရိန်း အကျပ်အတည်းနှင့် စွမ်းအင်ထောက်ပံ့မှုကွာဟချက်ကြောင့် အခက်အခဲကြုံနေရသည့် ဥရောပသားများ ဆောင်းရာသီအအေးဒဏ် ကြိုတင်ပြင်ဆင်ရန်အတွက် တရုတ်ရောင်းချသူများထံရောက်ရှိလာသည့် ဆောင်းတွင်းသုံးပစ္စည်းများအမှာစာ မြင့်တက်လာခဲ့ကြောင်းသိရှိရပါသည်။

အလီဘာဘာအုပ်စု လက်အောက်ရှိ နယ်စပ်ဖြတ်ကျော်အွန်လိုင်းလက်လီ ပလက်ဖောင်းဖြစ်သည့် AliExpress မှ အချက်အလက်များအရ အနွေးဝတ် ဘောင်းဘီရှည် (အထူ)၊ ဖလန်နယ် ညဝတ်အင်္ကျီနှင့် လျှပ်စစ်အပူပေးစက်များကဲ့သို့သော တရုတ်လုပ် ဆောင်းရာသီဝတ် ထုတ်ကုန်များကို    ဥရောပစားသုံးသူများမှ သိမ်းကြုံးမှာယူထားကြောင်းသိရသည်။

ဥရောပဈေးကွက်တွင်  တရုတ်လုပ် အနွေးထည်ဘောင်းဘီများရောင်းအားသည် အောက်တိုဘာလမှစပြီး လစဉ်ရောင်းအားနှင့်နှိုင်းယှဉ်ချက်အရ ၁၃၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း အပူခံအတွင်းခံများ၊ ရေနွေးပုလင်းများနှင့် လက်နွေးကိရိယာများအတွက် အမှာစာများ ၂၄၆ ရာခိုင်နှုန်း၊ ၃၀၀ ရာခိုင်နှုန်းနှင့် ၄၄၇ ရာခိုင်နှုန်း အသီးသီး ခုန်တက်သွားခဲ့ကြောင်း နယ်သာလန်၊ ပြင်သစ်၊ ဂျာမနီနှင့် ပိုလန်တို့မှ ဝယ်ယူသူများသည် အပူပေးစက်များ၊ ခြေစွပ်   (အနွေး)များနှင့် လျှပ်စစ်ပဝါများ အပါအဝင် တရုတ်ထုတ်ကုန်များအပေါ် မှီခိုမှု အများဆုံးဖြစ်ကြောင်း AliExpress မှ ပြောကြားခဲ့သည်။

ဥရောပတွင် စွမ်းအင်ပြတ်လပ်မှု ဆက်တိုက်ဖြစ်ပေါ်နေခြင်းကြောင့်နှင့် အပူပေးစရိတ်များမြင့်တက်လာခြင်းကြောင့် ယခုနှစ်တွင် ဆောင်းရာသီ အ၀တ်အထည်နှင့် ကုန်ပစ္စည်းများတင်ပို့မှုမှာ ၂၀၂၁ ခုနှစ်ထက် နှစ်ဆတိုးလာကြောင်း  Zhejiang Kangying Garment Co ၏ အထွေထွေမန်နေဂျာက ကုမ္ပဏီ၏ သိုးမွှေးဆွယ်တာ တင်ပို့မှုပမာဏသည် ၂၀၂၂ ခုနှစ် ယခုအချိန်အထိ အရေအတွက် တစ်သန်းကျော်ရှိပြီး ယမန်နှစ်ပမာဏထက် နှစ်ဆတိုးလာကြောင်း သိုးမွှေးအင်္ကျီများကို ဥရောပ၊ မြောက်အမေရိကနှင့် ဩစတေးလျ ဈေးကွက်များတွင် ရောင်းချနေကြောင်း ၄င်းတို့၏ ဖောက်သည်များသည် ယခုနှစ်တွင် လူကြိုက်များသော ဆောင်းရာသီ ထုတ်ကုန်အတွက် အမှာစာများ ပိုများလာပြီး ဒေသ၏ စွမ်းအင်ပြတ်လပ်မှုကြောင့် ဥရောပမှမှာယူမှုများကြောင်း ဖောက်သည်များသည်  လည်ထောင်ပုံစံမှရင်ကွဲသိုးမွေးပုံစံအထိ စတိုင်အမျိုးမျိုးဖြင့် ရွေးချယ်နိုင်ပါကြောင်းစျေးနှုန်းသက်သာသောအခြေခံစတိုင်လ်သည် ပိုမိုလူကြိုက်ကြောင်း အထွေထွေမန်နေဂျာက ပြောပါသည်။

Zhejiang Huigang Fashion Co ၏ အထွေထွေမန်နေဂျာ Sheng Qiang မှ ပြောကြားရာတွင် ဆောင်းဦးနှင့် ဆောင်းရာသီအတွက် သိုးမွှေးဆွယ်တာ အမှာစာများမှာ တစ်နှစ်ထက်တစ်နှစ် ၁၀ မှ ၁၅ ရာခိုင်နှုန်းအထိ တိုးလာကြောင်းနှင့် ဥရောပမှ မှာယူမှု အများစုမှာ စပိန်၊ အီတလီနှင့် ပြင်သစ်မှ မှာယူမှုများရှိကြောင်း၊  ဥရောပတွင် စွမ်းအင်အကျပ် အတည်းကြောင့် ဥရောပသားအများစုက အနွေးထည်နှင့် အင်္ကျီတွေ စုဆောင်းနေကြကြောင်း အမှာစာအများစုသည် ယခုနှစ် ဒုတိယသုံးလပတ်တွင် စတင်ခဲ့ပြီး ဇူလိုင်လမှ စက်တင်ဘာလအထိ အမြောက်အမြား ထုတ်လုပ်ခဲ့ကြောင်း ဖောက်သည်များထံရောက်ရှိရန် သယ်ယူပို့ဆောင်ရေး တစ်လခန့်ကြာကြောင်း Sheng မှ ပြောကြားခဲ့သည်။

ဝယ်လိုအားနှစ်ဆဖြစ်၍  အမှာစာများနောက်နှစ် ၂၀၂၃ ခုနှစ်သို့ တန်းစီနေကြောင်း လက်ရှိဖြစ်ပေါ်နေသော စွမ်းအင်အကျပ်အတည်း အောက်တွင် အများစုမှာ ဥရောပနိုင်ငံများမှ အမှာစာများ ပိုမိုရရှိနေကြောင်း တရုတ်နိုင်ငံအရှေ့ပိုင်း Zhejiang ပြည်နယ်ရှိ Zhuji Aishanglin Knitting Co မှ ဘောင်းဘီ ကိုယ်စားလှယ်တစ်ဦးဖြစ်သူ Lu Huazhen က မကြာသေးမီက ဥရောပ ဖောက်သည်နှစ်ဦးထံမှ သူမအား မပို့ရသေးသော leggings များ အတွက် အထည် အထူထူချုပ်ပေးရန် တောင်းဆိုသည့် အီးမေးလ်များကို လက်ခံရရှိထားကြောင်း ပုံမှန်ဆိုလျှင် အော်ဒါများကို နှစ်ဉီးပိုင်းတွင် လက်ခံရရှိပြီး ဧပြီလမှ အောက်တိုဘာလအတွင်း ပို့ပေးလေ့ရှိကြောင်း  ကုမ္ပဏီ၏ ယခုနှစ် ပထမကိုးလအတွင်း ရောင်းချမှုပမာဏသည် ၂၀၂၁ ခုနှစ် တစ်ခုလုံး၏ အရောင်းပမာဏဖြစ်သော ယွမ်သန်း ၃၀ ကျော် (ဒေါ်လာ ၄.၁၂ သန်း)ထက်ပိုမိုခဲ့ပြီး  ကျော်ရှိပြီးဥရောပမှ မှာယူမှုများသည် အများစုဖြစ်ကြောင်း ကျွန်တော့်စက်ရုံအတွက် အမှာစာများမှာ ၂၀၂၃ ခုနှစ် မေလအထိ တန်းစီနေပြီး ၂၀၂၂ ခုနှစ်၏ ရောင်းအာ ၃.၆  သန်းအထိ ရှိလာကြောင်း တရုတ်နိုင်ငံ၏ အနွေးထည်များနှင့် အနွေးဓတ်ပေးခြင်းဆိုင်ရာ လုပ်ငန်းများသည် ထုတ်လုပ်မှုကို လျင်မြန်စွာချဲ့ထွင်နိုင်ပြီး စျေးကွက်ဝယ်လိုအားကို ဖြည့်ဆည်းပေးနိုင်သည့် ခိုင်မာသောစက်မှုလုပ်ငန်းထောက်ပံ့ရေးကွင်းဆက်ဖြင့် ကျောထောက်နောက်ခံပြုထားကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။ "အပူအတွင်းခံ ဘောင်းဘီနှင့် သိုးမွှေးအင်္ကျီများသည် တရုတ်နိုင်ငံတွင် ပြီးပြည့်စုံသော စက်မှုလုပ်ငန်းများ အခြေ တည်ဆောက်ပြီးဖြစ်ကြောင်း  ကုန်ကျစရိတ်ထိရောက်ပြီး ကောင်းမွန်စွာ တည်ဆောက်ထားသော တရုတ်အနွေးဓတ်ပေး ပစ္စည်းများသည် စွမ်းအင် အကျပ်အတည်းနှင့်ရင်ဆိုင်နေရသော ဥရောပတိုက်သားများ၏ လိုအပ်ချက်အတွက်ဖြစ်သည်" ဟု ဖိနပ်နှင့် အဝတ်အထည်လုပ်ငန်း လေ့လာသုံးသပ်သူ တစ်ဉီးက ပြောကြားခဲ့ကြောင်း တစ်ချိန်တည်းမှာပင် ပြည်တွင်းစီးပွားရေးလုပ်ငန်းများ၏ ဆန်းသစ်တီထွင်မှုစွမ်းရည်၊ ဒစ်ဂျစ်တယ် ကုန်သွယ်မှုနှင့် နယ်စပ်ဖြတ်ကျော် e-commerce အားသာချက်များသည် တရုတ်စီးပွားရေးလုပ်ငန်းများ နိုင်ငံခြားဈေးကွက်တွင်ထိုးဖေါက်နိုင်ရန် အထောက်အကူဖြစ်စေသော အကြောင်းရင်းများဖြစ်ကြောင်း  Zhejiang Huigang Fashion Co မှ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးတွင် နှစ်စဉ် ယွမ် ၅ သန်းကျော် ရင်းနှီးမြုပ်နှံပြီး ဖောက်သည်များရွေးချယ်နိုင်သော အဝတ်အစား စတိုင်လ်ပေါင်း ၃၀၀၀ ကျော်ကို နှစ်စဉ် တီထွင်ထုတ်လုပ်ခဲ့ကြောင်း  ကုမ္ပဏီသည် ချည်မျှင်များ၏ ဝတ်ဆင်မှုခံနိုင်ရည်၊ ကျုံ့နိုင်ဆန့်နိုင်သည့်နှုန်း၊  ခလုတ်/ကြယ်သီး၏တင်းအားနှင့် အရောင်အသွေး ခိုင်မာမှုတို့ကို စမ်းသပ်မည့်ဓာတ်ခွဲခန်းတစ်ခု တည်ဆောက်ရန် ပြင်ဆင်နေကြောင်း သိရှိရပါသည်။

ထို့ပြင် အခြားကုမ္ပဏီများသည်လည်း COVID-19 ၏အကျိုးသက်ရောက်မှုအောက်တွင် စီးပွားရေးလုပ်ငန်း၏တစ်စိတ်တစ်ပိုင်းကို အွန်လိုင်းသို့ ပြောင်းရွှေ့နေကြကြောင်း ကုမ္ပဏီသည် နိုင်ငံရပ်ခြားရှိ သုံးစွဲသူများ၏ လိုအပ်ချက်အရ ထုတ်ကုန်အသစ်များအတွက် အွန်လိုင်းသတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်မည်ဖြစ်ပြီး သိုးမွှေးအင်္ကျီများကို အွန်လိုင်းနှင့် စတူဒီယိုရှိ ပြေးလမ်းအသေးစားကို စတိုင်အမျိုးမျိုးဖြင့် နိုင်ငံရပ်ခြားမှ သုံးစွဲသူများ၏ လိုအပ်ချက်အတိုင်း ပြုလုပ်သွားနိုင်ရန် livestreamers များဖြင့် မိတ်ဆက်မည်ဖြစ်ကြောင်း တိုက်ရိုက်ထုတ်လွှင့်မှုအတွင်း သုံးစွဲသူများသည် အွန်လိုင်းမှ တိုက်ရိုက်မှာယူနိုင်ပါကြောင်း ဥရောပတစ်ဝှမ်း ဝယ်လိုအား ရုတ်တရက်တိုးလာခြင်းဖြစ်၍ ဤစျေးကွက် အခွင့်အလမ်းသည် ကြာရှည်ခံမည်မဟုတ်သော်လည်း ၎င်းသည် တရုတ်နိုင်ငံ၏ အနွေးထည် ထုတ်ကုန်များကိုပြည်ပသို့ ရောက်ရှိရန်နှင့် တရုတ်ကုန်အမှတ် တံဆိပ်များ နိုင်ငံတကာစျေးကွက်တွင်ဝင်ရောက်ကြီးထွားရန်လုပ်ဆောင်မှုအတွက် ကောင်းမွန်သောအခွင့်အလမ်းတစ်ခုဖြစ်ကြောင်း သိရှိရပါသည်။

 

 

(မြန်မာစီးပွားရေးသံမှူး၊ ကူမင်းမြို့)

ရင်းမြစ် China’s winter-product exports double as European demand increases; queues stretch into next year - Global Times

ရင်းမြစ်  Infographic: As Europe preps for cold winter, China's exports of heating equipment skyrocketing - Global Times

Category: China (Kunming)